News

POST TYPE

ADVERTORIAL

Oppo ရဲ့ ကူညီပံ့ပိုးမှုဖြင့် DJ Run Festival ကို အောင်မြင်စွာ ကျင်းပ
20-Dec-2016
DJ Run Festival အမည်နဲ့ DJ ပွဲတော် တစ်ခုကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

ဒီ DJ ပွဲတော်ကို မြန်မာပြည်မှာရော ကမ္ဘာတဝန်းမှာပါ ဈေးကွက်တစ်နေရာ အခိုင်အမာ ရရှိထားတဲ့ Oppo စမတ်ဖုန်း ကုမ္ပဏီက အဓိက ကူညီပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ရင်ပြင်မှာ ညနေ ၄ နာရီကနေ ည ၁၀ နာရီထိ ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါပွဲမှာ အာရှရဲ့ ထိပ်တန်း DJ သမား ၅ ဦးရဲ့ ဖျော်ဖြေမှုတွေ အပါအဝင် တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုများစွာ တင်ဆက်သွားခဲ့ပါတယ်။

ဒါ့အပြင် နာမည်ကျော် ပြည်တွင်းအနုပညာရှင်တွေ ဖြစ်တဲ့ ရွှေထူး၊ နီနီခင်ဇော်၊ ရဲရင့်အောင်၊ Project K တို့ကလည်း ပါဝင်ဖျော်ဖြေသွားခဲ့ပါတယ်။