News

POST TYPE

ADVERTORIAL

နှစ်သစ်ကူး အထူးပရိုမိုးရှင်းအဖြစ် Air Asia က ဘန်ကောက်၊ ကွာလာလမ်ပူ ခရီးစဉ်များအတွက် ၂၇ ဒေါ်လာမှ စတင်သည့် နှုန်းထားဖြင့် လက်မှတ်များ ရောင်းချ
19-Dec-2016
ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းဆုကို ၈ နှစ်ဆက်တိုက် ရရှိထားတဲ့ Air Asia ကနေ ၂၀၁၇ နှစ်သစ်ကူး အထူးပရိုမိုးရှင်း အနေနဲ့ ခရီးစဉ် တစ်ကြောင်းကို အမေရိကန်ဒေါ်လာ ၂၇ ဒေါ်လာကနေ စတင်တဲ့ နှုန်းထားတွေနဲ့ လေယာဉ်လက်မှတ်တွေ ရောင်းချလျက် ရှိပါတယ်။

ရန်ကုန်နဲ့ မန္တလေးကနေ ဘန်ကောက်နဲ့ ကွာလာလမ်ပူကို ပျံသန်းမယ့် ခရီးစဉ်တွေအတွက် အဲဒီလို ဈေးနှုန်းအထူးလျှော့ချ ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။

ဒီနှစ်သစ်ကူး အထူးပရိုမိုးရှင်းကို ခံစားခွင့်ရဖို့ ဆိုရင် ယနေ့ကနေ စတင်ပြီး ဇန်နဝါရီလ ၁ ရက်နေ့ အတွင်းမှာ လက်မှတ်မှာယူဖို့လိုမှာ ဖြစ်ပြီး ခရီးသွားရမယ့် ကာလကိုတော့ ယနေ့က စတင်ပြီး ဇူလိုင်လ၊ ၃၁ ရက်နေ့အတွင်း ရွေးချယ်သွားလာနိုင်မှာ ဖြစ်ပါတယ်။ 

အမေရိကန်ဒေါ်လာ ၂၇ ဒေါ်လာကနေ စတင်မယ့် ဒီလေယာဉ်လက်မှတ်ခ နှုန်းထားတွေထဲမှာ လေဆိပ်ခွန် ပါဝင်ပြီး ဖြစ်သလို လေယာဉ်ဆီခ အပိုဆောင်း ကောက်ခံမှာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အခြားလိုအပ်တဲ့ ဝန်ဆောင်မှု စရိတ်တွေတော့ ထပ်ဆောင်းပေးဆောင်ရန် လိုအပ်ပါတယ်။

ဒီပရိုမိုးရှင်းအတွက် ထိုင်ခုံအရေအတွက် ကန့်သတ်ထားပြီး ခရီးစဉ် အားလုံးတော့ ပါဝင်မှာ မဟုတ်ပါဘူး။ စနေ၊ တနင်္ဂနွေ ပိတ်ရက်နဲ့ အခြားအများပြည်သူ ပိတ်ရက်တွေမှာ ပျံသန်းမယ့် ခရီးစဉ်တွေအတွက်တော့ ဒီအထူးလျှော့ဈေး အစီအစဉ်က အကျုံးဝင်မှာ မဟုတ်ပါဘူး။