News

POST TYPE

ADVERTORIAL

The First CNPC Youth Short Video Challenge အကြောင်း မေးမြန်းခြင်း
31-Dec-2020


The First CNPC Youth Short Video Challenge ဆိုတဲ့ ပြိုင်ပွဲနဲ့ပတ်သက်လို့ ခုရက်ပိုင်း The First CNPC Youth Short Video Challenge ဆိုတဲ့ ပြိုင်ပွဲဟာ Facebook နဲ့ TIKTOK စတဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေကြတာကို တွေ့မြင်ရပါတယ်။ ဝတ်မှုန်ရွှေရည်၊ မေလသံစဉ်၊ နီနီခင်ဇော်စတဲ့ နာမည်ကြီး အနုပညာရှင်တွေလည်း ပါဝင်နေကြတာမို့လို့ လူတော်တော်များများ စိတ်ဝင်စားကြလာပါတယ်။ ဆုလက်ဆောင်ကြီးတွေ ရယူပိုင်ဆိုင်နိုင်မယ့် ပြိုင်ပွဲတစ်ခုဖြစ်တာမို့လို့ ရန်ကုန်ကသာမက နယ်မြို့တွေက လူငယ်တွေလည်း ပါဝင်ယှဉ်ပြိုင်ထားကြပါတယ်။ ဒါကြောင့်မို့လို့ ပြိုင်ပွဲကိုစီစဉ်ကျင်းပတဲ့ ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။   ။ မင်္ဂလာပါ။ ကုမ္ပဏီအကြောင်းနဲ့ အခုကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲအကြောင်းတွေကို နည်းနည်းလောက်မိတ်ဆက်ရှင်းပြပေးပါ။ 
ဖြေ။   ။ မင်္ဂလာပါ။ The First CNPC Youth Short Video Challenge ပြိုင်ပွဲဟာ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC) မှ စီစဉ်ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်သူတွေဟာ လူငယ်တွေရဲ့ အစွမ်းသတ္တိ၊ တက်ကြွမှုနဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေကို ဖော်ပြတဲ့ ဗီဒီယိုအတိုလေးတွေကို ဖန်တီးရိုက်ကူးပြီး Facebook နဲ့ TIKTOK တွေမှာ တင်ပြီး ဆုလက်ဆောင်များ ရယူပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲအချိန်ကတော့ ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၂၅ရက်နေ့မှ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့ထိ ဖြစ်ပါတယ်။ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC)ဆိုတာကတော့ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးစွမ်းအင်ကုမ္ပဏီကြီး ၁၀ခုအနက် တစ်ခုဖြစ်ပါတယ်။ နိုင်ငံပေါင်း ၃၅ နိုင်ငံမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပြီး စွမ်းအင်ကဏ္ဍမှာ နာမည်ကြီးလူသိများတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

မေး။   ။ စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ပွဲတစ်ခုပါ။ ဘာကြောင့် ဒီလိုပြိုင်ပွဲမျိုးကို စီစဉ်ကျင်းပတာလဲ။ ဒီပြိုင်ပွဲဟာ ကမ္ဘာတစ်လွှားမှာ ကျင်းပတာလား။
ဖြေ။   ။ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာပဲ ကျင်းပပြုလုပ်တာပါ။ ပြိုင်ပွဲကို စီစဉ်ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်တွေကို ကျွန်တော် မိတ်ဆက်ရှင်းပြပေးချင်ပါတယ်။ ပထမအချက်အနေဖြင့် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC)ဟာ ဆယ်စုနှစ်များစွာအတွင်း အရည်အသွေးမြင့်မားတဲ့ စွမ်းအင်တွေကို ပေးပို့ထောက်ပံ့တဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီဟာ မြန်မာနိုင်ငံဈေးကွက်ကို အရမ်းအလေးထားပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် အချို့ဒေသရှိ စက်သုံးလောင်စာဆီအရောင်းဆိုင်များရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူနှင့် စီမံခန့်ခွဲသူအဖြစ် တာဝန်ယူဆောင်ရွက်လျှက်ရှိပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့  COVID_19 ကြောင့် အစိုးရရဲ့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအရ လူအများဟာ အခုနှစ်အစပိုင်းလောက်ကတည်းကစပြီး အိမ်ထဲမှာပဲနေနေခဲ့ကြရပါတယ်။ အိမ်ထဲမှာနေရတာ ကြာလာတော့ ငြီးငွေ့အထီးကျန်ဆန်တဲ့ စိတ်ခံစားမှုမျိုးတေတွ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အခုလို ပြိုင်ပွဲမျိုးကနေတစ်ဆင့် လူငယ်တွေအတွက် ပျော်စရာဖြစ်လာပြီး သူတို့တွေရဲ့ စွမ်းအားသတ္တိ၊ တက်ကြွမှုတွေကို နှိုးဆွပေးလာမယ်လို မျှော်လင့်ပါတယ်။ တတိယအချက်အနေနဲ့ ယဉ်ကျေးမှုဖလှယ်ခြင်းအပိုင်းမှ မိတ်ဆက်ရှင်းပြပေးချင်ပါတယ်။ တရုတ်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များဟာ မြန်မာနိုင်ငံမှာ ရေပန်းစားလာတာကို တွေ့ရပါတယ်။ အနောက်သို့ ခရီးသွားခြင်းမှတ်တမ်း (ရှီးယိုကျိ) ၊ Ode to Joy ၊ မှော်နက်လမ်းစဉ်အရှင်သခင် (The Untamed) စတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ၊ Sean Xiao၊ Wang Yibo စတဲ့ အနုပညာရှင်တွေဟာ မြန်မာလူငယ်တွေကြားမှာ ခေတ်စားလာတာကို တွေ့ရပါတယ်။ ယဉ်ကျေးမှုဖလှယ်ခြင်းဟာ တစ်ယေက်နဲ့တစ်ယောက် ပိုမိုရင်းနှီးလာစေတာကြောင့် ဒီပြိုင်ပွဲမှာလည်း ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာတွေကိုလည်း အဓိကထား ထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်။

မေး။   ။ ဟုတ်ကဲ့ပါ။ ယခုလို အသေးစိတ် မိတ်ဆက်ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲရဲ့ ဆုလက်ဆောင်တွေလည်း အရမ်း စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ကြားပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်ကိုယ်စား ကျွန်တော်မေးချင်ပါတယ်။ ဒီပြိုင်ပွဲကို ဘယ်လိုပါဝင်ယှဉ်ပြိုင်ရမလဲ။ ဘယ်လိုမျိုးဗီဒီယိုတွေကို ရိုက်လို့ရလဲ။
ဖြေ။   ။ ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဟာ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းရဲ့ ဖက်စပ်ကုမ္ပဏီရဲ့ Facebook Page မှာ ပြုလုပ်ကျင်းပတာပါ။ Facebook ပေါ်မှာ SEAOP-SEAGP ရိုက်ပြီး ရှာဖွေလို့ရပါတယ်။ Facebook Blue Mark ပါပြီး Page  Like ၇သိန်းကျော်ရှိတဲ့ Page ဖစ်ပါတယ်။ ပြိုင်ပွဲအကြောင်းအရာတွေအားလုံး အဲ Page ပေါ်မှာ တင်ထားပါတယ်။ ဗီဒီယိုအတိုတွေကို ရိုက်ကူးပြီး မိမိ Facebook Page သို့မဟုတ် TIKTOK အကောင့်ပေါ်မှာ တင်ပြီး #SeaopYouthPowerChallenge နဲ့ #CNPCYouthPowerChallenge စတဲ့ tag ထည့်ပြီး ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ လူငယ်တွေရဲ့ စိတ်ဓာတ်၊ တက်ကြွမှု၊ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေကို ဖော်ပြတဲ့ ဗီဒီယိုအတိုလေးတွေကို ရိုက်ကူးလို့ရပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့သီချင်းတစ်ပုဒ်၊ အက၊ ကိုယ့်ရဲ့နေစဉ်ဘဝတွေ၊ ခံစားချက်တွေကို မှတ်တမ်းရိုက်ကူးတဲ့ VLOG ပုံစံမျိုးစတဲ့ ဗီဒီယိုအတိုတွေကို ဖန်တီးရိုက်ကူးပြီး ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ ဒါ့အပြင် ဂီတတူရိယာ။ အားကစား၊ သရုပ်ဆောင်၊ ချက်ပြုတ်စတဲ့ ဗီဒီယိုတွေလည်း ရိုက်ကူးလို့ရပါတယ်။ ဗီဒီယိုအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ ကန့်သတ်ချက်တွေမရှိပါဘူး။ ဒါပေမယ့် ပါဝင်ယှဉ်ပြိုင်သူတွေဟာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်တွေကို လိုက်နာကျင့်သုံးပြီး အတတ်နိုင်ဆုံး နေအိမ်ထဲမှာ ရိုက်ကူးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

မေး။   ။ ယခုလို အသေးစိတ် မိတ်ဆက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ ဆုလက်ဆောင်ရယူပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးပိုမိုရရှိစေဖို့အတွက် ဘယ်လိုလုပ်ဆောင်နိုင်ပါသလဲ။ အကြံပြုချက်လေးတွေ ပေးဖို့ အဆင်ပြေပါသလား။ လက်ရှိအချိန်အထိ ပြိုင်ပွဲဝင်ဗီဒီယို ဘယ်နှစ်ခုလောက်ရှိပြီလဲ။ 
ဖြေ။   ။ ဟုတ်ကဲ့ပါ။ ယခုအချိန်ထိ ပြိုင်ပွဲဝင်ဗီဒီယိုပေါင်း ၁၃၀၀ ကျော် လက်ခံရရှိထားပါတယ်။ အဲလောက်များပြားတဲ့ ပြိုင်ပွဲဝင်တွေကြားမှာ ထူးခြားပေါ်လွင်ချင်တယ်ဆိုရင် အကြောင်းအရာတွေကို သေချာထည့်သွင်းစဉ်းစားပြီး ဖန်တီးရိုက်ကူးဖို့ လိုအပ်ပါတယ်။ လက်ရှိအချိန်ထိဆိုရင် ထူးချွန်ကောင်းမွန်တဲ့ ပြိုင်ပွဲဝင်ဗီဒီယိုတွေ အများကြီးမရှိသေးပါဘူး။ ဒါကြောင့် အခွင့်အရေးတွေ အများကြီးရှိပါသေးတယ်။ ဆုလက်ဆောင်ရယူပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးပိုမိုရရှိစေဖို့အတွက် အကြံပြုချက်လေးတွေ နည်းနည်းပြောပြချင်ပါတယ်။ ပထမအချက်အနေနဲ့ ဗီဒီယိုကြာချိန်ဟာ တစ်မိနစ်အထက်ရှိပြီး အရည်အသွေးကောင်းမွန်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။ ဒုတိယအချက်ကတော့ ထူးခြားသစ်လွင်တဲ့ ဖန်တီးမှုလက်ရာတွေ ထည့်သွင်းရိုက်ကူးရပါမယ်။ တတိယအချက်တော့ အပြုသဘောဆောင်တဲ့ အကြောင်းအရာတွေ၊ လူတွေကို ဆွဲဆောင်နိုင်တဲ့အကြောင်းအရာတွေ ဖော်ပြနိုင်မယ်ဆိုရင်လဲ အထူးသင့်လျော်ပါတယ်။ စတုတ္ထအချက်ဆိုရင် မြန်မာ-တရုတ် ချစ်ကြည်ရေးအကြောင်းတွေနဲ့ ယဉ်ကျေးမှုဖလှယ်ခြင်းအကြောင်းတွေကို ထည့်သွင်းဖေါ်ပြမယ်ဆိုရင်လဲရပါတယ်။ ဒါပေမယ့် ဒါတွေဟာ အကြံပြုချက်တွေပါ။ မဖြစ်မနေလုပ်ရမယ်လို့ မဆိုလိုပါဘူး။ 

မေး။   ။ ဟုတ်ကဲ့။ ဒီအချက်တွေဟာ ပါဝင်ယှဉ်ပြိုင်သူတွေအတွက် အရမ်းအသုံးဝင်မယ်လို့ ထင်ပါတယ်။ နောက်ဆုံးအနေနဲ့ စာဖတ်ပရိသတ်တွေအတွက် သတင်းစကားပါးချင်ပါသလား။
ဖြေ။   ။ အားလုံးပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ 

- အင်တာဗျူးလက်ခံဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။