News

POST TYPE

ADVERTORIAL

The First CNPC Youth Short Video Challenge အစီအစဉ်ကို ကျင်းပပြုလုပ်လျှက်ရှိ
30-Dec-2020


ရန်ကုန်၊ ဒီဇင်ဘာ ၂၉

facebook နှင့် TikTok တို့တွင် ပြိုင်ပွဲဝင်ရသော The First Youth Short Video Challenge အစီအစဉ်ကို ကျင်းပနေလျှက်ရှိကြောင်းသိရသည်။

ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အစီအစဉ်များကြောင့် အိမ်ထဲတွင် တာရှည်နေကြရသော လူငယ်များ စိတ်အပန်းပြေစေရေးအတွက် CNPC ကုမ္ပဏီမှ ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

"ဒီCNPC Video Challenge လေးမှာ တရုတ်ဇာတ်ကောင်တွေရယ်၊ရုပ်ရှင် ဇာတ်ကောင်တွေကို ပြန်ပြီးသရုပ်ဖော်တာတွေလုပ်လို့ရမယ်။နောက်ပြီးတော့ သီချင်းဆိုတာတွေ၊ကတာတွေ၊ဟင်းချက်တာတွေကိုပေါ့နော်။အဲ့ဒါတွေအကုန်လုံး ကိုယ်ကျွမ်းကျင်တဲ့အရာတွေကို ဗီဒီယိုအတိုလေးတွေရိုက်ပြီးတော့ ပြိုင်ပွဲမှာဝင်ပါလို့ရပါတယ်။အဲ့ဒီလို ဗီဒီယိုအတိုလေးတွေကိုဖေ့ဘုတ်မှာပဲဖြစ်ဖြစ်၊Tik Tokမှာပဲဖြစ်ဖြစ်တင်လို့ရှိရင် သူတို့ကရွေးချယ်ပြီး ဆုငွေတွေလည်းရရှိမှာဖြစ်ပါတယ်။ကျွန်တော်ကကျတော့ အကနဲ့မဟုတ်ဘဲ ဗီဒီယိုအတိုလေးထဲမှာ ဝူခုန်းရဲ့ ဇာတ်ကောင်ကာရိုက်တာကို အခုခေတ်ကိုဗစ်အခြေအနေမှာ ပညာပေးအနေနဲ့ လုပ်ထားပါတယ်။နားမလည်သေးတဲ့သူတွေလည်း ကျွန်တော့်ရဲ့ ဗီဒီယိုလေးတွေကိုကြည့်ပြီး နားလည်ကြမယ်လို့ထင်ပါတယ်။ကျွန်တော့်ရဲ့ပရိသတ်တွေကိုလည်း ဒီပြိုင်ပွဲလေးမှာ ပါဝင်ဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်။"ဟု ယင်းအစီအစဉ်တွင် ပါဝင်သူ သရုပ်ဆောင် အိစိကွေးက ပြောသည်။

The First Youth Shirt Video Challenge ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့အထိ ဆက်လက်ကျင်းပနေမည်ဖြစ်ကာ၊ ပါဝင်ယှဉ်ပြိုင်လိုသူလူငယ်များအနေဖြင့် SEAOP-SEAGP facebook စာမျက်နှာတွင် ကြည့်ရှုလေ့လာ၍ သတ်မှတ်ထားသော အချက်များအရ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်းသိရသည်။