News

POST TYPE

ADVERTORIAL

Vivo V20 က ဘယ်လိုလူမျိုးတွေအတွက် အသင့်တော်ဆုံးလဲ
08-Nov-2020


Vivo ဟာ ပြီးခဲ့တဲ့အောက်တိုဘာ နောက်ဆုံးပတ်မှာ သူတို့ရဲ့ နောက်ဆုံးပေါ် V20 စမတ်ဖုန်းကို မိတ်ဆက်သွားခဲ့ပါတယ်။ Vivo ရဲ့ V စီးရီးတွေဟာ မြန်မာနိုင်ငံဈေးကွက်အတွက်တော့ Flagship အနေနဲ့ ထုတ်ပေးတဲ့စီးရီးဖြစ်တာကြောင့် ဒီ V 20 စမတ်ဖုန်းဟာ ဘယ်လိုအားသာချက်တွေ ယူလာပေးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
ပထမဦးဆုံးပြောချင်တာက ပြီးပြည့်စုံတဲ့ Brand ဆိုတာမရှိသလို၊ စမတ်ဖုန်းတိုင်းမှာလည်း အားသာချက်၊ အားနည်းချက်တွေကိုယ်စီရှိကြပါတယ်။ သုံးစွဲတဲ့လူတွေကလည်း ကိုယ်နဲ့အဆင်ပြေတာကိုပဲ ရွေးသုံးသလို၊ ကိုယ်နှစ်သက်တဲ့ Brand ကိုပဲ ရွေးသုံးကြတာပါ။ Vivo ဆိုရင်လည်း သူ့ Fan နဲ့သူ ပါပဲ။ 
Vivo ရဲ့ V စီးရီးတွေဟာ ပြောခဲ့သလိုပဲ Dual-Selfie ကင်မရာ၊ Pop-up selfie ကင်မရာ၊ Under-display fingerprint စတဲ့ ဆန်းသစ်မှုတွေကို ယူဆောင်လာပေးတဲ့ အစဉ်အလာရှိပါတယ်။ ဒီ V 20 မှာတော့ ရိုးရိုးယဉ်ယဉ်လေးနဲ့ တဖြည်းဖြည်းချင်း နှစ်လိုဖွယ်ကောင်းတဲ့ ခံစားချက်ကို ယူလာပေးတာတော့ တွေ့ရပါတယ်။



ဒီဇိုင်းပိုင်း

စမတ်ဖုန်းတစ်လုံးကို ကြည့်လိုက်တာနဲ့ ပထမဦးဆုံး ဒီဇိုင်းပိုင်းကို အရင်မြင်ကြရမှာပါ။ ဒီဇိုင်းပိုင်းက First Impression လို့တောင် ဆိုနိုင်ပါတယ်။ အထူးသဖြင့် Fashion ပိုင်းမှာ ဆန်းသစ်မှု၊ ပေါ့ပါးမှု၊ လွတ်လပ်မှုကို ဦးစားပေးလာကြတဲ့ ဒီနေ့ခေတ်လူငယ်တွေရဲ့စိတ်ကို ဖမ်းယူနိုင်တဲ့ ဒီဇိုင်းပိုင်းနဲ့ တည်ဆောက်ထားတယ်လို့ဆိုနိုင်ပါတယ်။
လူတွေရဲ့အမြင်အာရုံကို အရောင်တွေကလည်း ဆွဲဆောင်ပါတယ်။ အမျိုးသမီးတွေကတော့ ပန်းနု၊ ပန်းရင့်၊ အပြာနု၊ အပြာရင့်နဲ့ ခရမ်းရောင်တွေပြေးလွှားနေတဲ့ Sunset Melody ကို ပိုပြီးကြိုက်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုပါပဲ Midnight Jazz ကလည်း အမျိုးသားတွေနဲ့ ပိုပြီးလိုက်ဖက်တဲ့ အရောင်လို့ ဆိုရမှာပါ။ ဟန်းဆက်ကို တည်ဆောက်ထားတဲ့ဒီဇိုင်းက အနားစွန်းမှာ ပြေပြစ်တဲ့အဝန်းအဝိုက်လေးတွေ၊ အချိုးအကွေးလေးတွေနဲ့ဖန်တီးထားပါတယ်။ 
V20 ကို ကောက်ကိုင်လိုက်ရင် ထင်ထားသလောက် အလေးချိန်စီးမနေတာကို သိရပါလိမ့်မယ်။ နောက်တစ်ခုက ပရီမီယံဆန်တဲ့ အထိအတွေ့ပါ။ ကျောဘက်ကို Gorilla Glass နဲ့ပြုလုပ်ပေးထားလို့ ကောက်ကိုက်လိုက်တာနဲ့ ချောမွေ့ပြီး၊ ကျစ်လျစ်တဲ့အရသာကို ခံစားနိုင်ပါတယ်။ မျက်စိမှိတ်ပြီးကိုင်ကြည့်လိုက်ရင် ပလတ်စတစ်ကိုယ်ထည်နဲ့ Glass ကိုယ်ထည်ရဲ့ ကွာခြားချက်ကို ပိုပြီးခံစားခွဲခြားနိုင်ပါလိမ့်မယ်။ စမတ်ဖုန်းကို ရိုရိုသေသေကိုင်လေ့မရှိတဲ့ စာရေးသူအနေနဲ့ဆိုရင်တော့ တော်ရုံအစွန်းအထင်းမထင်၊ မပေမရေတဲ့အပြင် Cover လည်းမလိုတဲ့ ဒီ V20 ကို ကြိုက်ပါတယ်။
ဒီဇိုင်းပိုင်းပြောရရင် ချန်ထားလို့မရတာက အရွယ်အစားနဲ့ အလေးချိန်ပါ။ 6.44-inch အရွယ်အစား AMOLED မျက်နှာပြင်ဆိုပေမယ့် Bezel တွေကျဉ်းတာရယ်၊ 7.4mm ပဲထူတာအပြင်၊ 171g ပဲ ရှိတာကြောင့် လက်တစ်ဖက်တည်းနဲ့လည်း သက်သောင့်သက်သာ ကိုင်တွယ်အသုံးပြုနိုင်ပါတယ်။ 4,000mAh ပမာဏ ဘက်ထရီနဲ့ဆိုပေမယ့် ဒီအလေးချိန်၊ ဒီအထူက လုံးဝကို လက်မထောင်ပြီး အသိအမှတ်ပြုရမှာပါပဲ။ 



ကင်မရာ

Vivo ရဲ့ စမတ်ဖုန်းတွေမှာ ကင်မရာပိုင်းကလည်း အဓိကဏ္ဍမှာရှိနေပါတယ်။ ဒါဖြင့်ရင် Vivo ရဲ့ကင်မရာက လူတန်းစားတစ်ရပ်အတွက်ပဲ သီးသန့်ရည်ရွယ်ထားတာကိုတော့ အထူးတလည်ရှင်းပြစရာလိုမယ်မထင်ပါဘူး။ စမတ်ဖုန်းကိုအသုံးပြုရင်း ပေါ့ပေါ့ပါးပါး၊ လွယ်လွယ်ကူကူနဲ့ ပုံထွက်ကောင်းကောင်းလေး ရိုက်ကူးချင်တဲ့ လူငယ်တွေအတွက်ပါ။
ကျောဘက်မှာ 64MP အဓိကကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ကျန်တာတွေကတော့ 8MP (Ultra-wide) နဲ့ 2MP (Mono) ကင်မရာတွေပါ။ ကင်မရာသုံးလုံးမှာ အဓိကကင်မရာဖြစ်တဲ့ 64MP ကို အကြိုက်ဆုံးပါပဲ။ 2X Zoom နဲ့ ဆွဲပြီးရိုက်တဲ့အခါမှာလည်း Detail ပိုင်းက သိသိသာသာ ကျဆင်းသွားတာမျိုးမရှိပါဘူး။ White balance နဲ့ Color contrast ပိုင်းမှာလည်း သာမန်အသုံးပြုသူတစ်ယောက်အတွက် လိုအပ်တဲ့အဆင့်အတန်းတစ်ခုထက် မလျော့ကျဘူးလို့ ဆိုချင်ပါတယ်။
Ultra-wide ကင်မရာတွေအကြောင်းပြောရင် Distortion က စိတ်မသက်မသာနဲ့ ထည့်ပြောရလေ့ရှိပါတယ်။ V20 ရဲ့ 8MP Ultra-wide ကင်မရာကလည်း Distortion လုံးဝမရှိတာမဟုတ်ပါဘူး။ ဒါပေမယ့် ပုံရိပ်တွေက ရုပ်ပျက်ဆင်းပျက်ကြီး ယိုင်နေတာမျိုးတော့မဟုတ်ပါဘူး။ အတော်လေးကို ပြေပြစ်လာပြီလို့ဆိုရပါမယ်။ 2MP (Mono) ကတော့ လူသုံးနည်းမယ့် ကင်မရာဖြစ်ပါလိမ့်မယ်။ Super macro mode ဟာ အလင်းရောင်အားကောင်းတဲ့အခြေအနေမှာ ရလဒ်မဆိုးပေမယ့်၊ အလင်းရောင်အားနည်းတဲ့အခြေအနေမှာတော့ ပုံကောင်းထွက်ဖို့ အတော်လေးကို လက်ဝင်ပါတယ်။   
64MP ကင်မရာဟာ Day Light photography ပိုင်းမှာ အတော်လေးကောင်းမွန်တဲ့ရလဒ်ကို ယူဆောင်ပေးသလိုပဲ Night Mode မှာလည်း စိတ်ကျေနပ်စရာရလဒ်ကို ယူဆောင်ပေးတာတွေ့ရပါတယ်။ စိတ်ရှည်ရှည်နဲ့ Tripod mode ကို အသုံးပြုမယ်ဆိုရင်တော့ ပိုပြီးကောင်းမွန်တဲ့ ညမြင်ကွင်းရိုက်ကူးမှုကို ပြုလုပ်နိုင်မှာပါ။ ညဘက်ရှုခင်းရိုက်မယ်ဆိုရင်တော့ စိတ်ရှည်ရမယ်ဆိုပေမယ့် အလင်းနဲ့အရောင်စိုပြေမှု ချိန်ညှိတဲ့အပိုင်းမှာ ပိုပြီးအားသာတဲ့ Night Mode ကိုပဲရွေးချယ်စေချင်ပါတယ်။
Selfie ကင်မရာက 44MP ပါ။ ဒီတစ်ချက်က Selfie Girl လေးတွေအတွက် အချိုမြိန်ဆုံးဖြစ်ပါလိမ့်မယ်။ စာရေ:သူအနေနဲ့ပြောရရင်တော့ Selfie ကင်မရာမှာ 44MP ဆိုတာ လိုတာထက်တောင် ပိုနေပါသေးတယ်။ ဒါပေမယ့် Vivo ရဲ့ Selfie ကင်မရာတွေကတော့ အစဉ်အလာမပျက် Megapixel ခပ်များများ၊ Effect ခပ်လန်းလန်းတွေနဲ့ ချိုမြိန်နေတုန်းပါပဲ။ အထူးသဖြင့် Portrait မှာ Bokeh, Beauty, Style စတဲ့လုပ်ဆောင်ချက်တွေနဲ့ ကစားပြီးရိုက်တဲ့အခါ သိမ်းထားချင်စရာ၊ ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်ကြွားချင်စရာဓါတ်ပုံတွေကို ရစေတာအမှန်ပါပဲ။
Selfie ကင်မရာမှာ နောက်ထပ် အားသာချက်တစ်ခုထပ်ပြီးတွေ့ရပါတယ်။ အဲဒါက Vivo ရဲ့ Selling point လို့ပြောရမယ့် 44MP Eye Autofocus ပါ။ အစပိုင်းမှာပြောခဲ့သလိုပဲ ပေါ့ပေါ့ပါးပါး၊ လွယ်လွယ်ကူကူနဲ့ ပုံထွက်ကောင်းကောင်းရိုက်ကူးချင်သူတွေအတွက် “ရွှေ” ပါပဲ။ Portrait ရိုက်ပါတယ်ဆိုမှ Focus မမိလို့ ဝါးသွားတယ်ဆိုတာမျိုးကို မေ့ထားလို့ရပါပြီ။ Just Point and Shoot ပါ။ So easy, So Cool ပါပဲ။ 
ဒီ Eye Autofocus က Still တင်မဟုတ်ဘဲ Video မှာလည်းရနေတာကတော့ အတိုင်းထက်အလွန်ပေါ့။ ဗီဒီယိုရိုက်နေတဲ့အချိန်မှာ အလိုလျောက် Focus ချိန်ပေးထားတော့ ဘယ်လိုအနေအထားနဲ့ပဲဖြစ်ဖြစ် အဆင်ပြေနေပါတယ်။ Front facing video မှာ 4K 16fps ရတာကတော့ လုံးဝကို ဝမ်းသာစရာပါပဲ။ ဒီတစ်ချက်ကတော့ Selfie Girl တွေတင်မဟုတ်ဘဲ Vlogger တွေအတွက်ပါ မျက်ခုံးပင့်သွားစေရမယ့်အချက်ပါ။ 



Specification

Specification ပိုင်းပြောရင်တော့ Audience ကို အရင်ပြောရမယ်ထင်ပါတယ်။ Vivo က Target ထားတာကလည်း သာမန် User တွေကိုပါ။ Power User တွေအတွက်မဟုတ်ပါဘူး။ သာမန် User တွေဆိုတာကတော့ တစ်ရက်မှာ သုံး၊ လေး နာရီလောက် ဂိမ်းဆော့မယ်၊ ဆိုရှယ်မီဒီယာလို App မျိုးသုံးမယ်၊ YouTube ကြည့်မယ်၊ သီချင်းနားထောင်မယ်၊ ဗီဒီယို ကြည့်မယ်ဆိုတာလောက်ပါပဲ။ 
SoC ပိုင်းမှာ Snapdragon 720G (8nm) သုံးပေးထားတာကတော့ ဝမ်းသာစရာပါ။ အရင်ကထက်စာရင်တော့ User တွေကို ပိုပြီးကောင်းတာတွေပေးလာပြီလို့ ဆိုရမှာပါပဲ။ PUBG ကို Graphic HD, Frame rate High ထားပြီးဆော့ကြည့်တဲ့အခါ ၂ နာရီခွဲလောက်ဆော့ပြီးတဲ့အထိ ပူလာတာ၊ လေးလာတာမျိုး မဖြစ်ပါဘူး။ V20 မှာ ထည့်သွင်းပေးထားတဲ့ Vapor Chamber Liquid Cooling System က အတော်လေး အထောက်အကူဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ RAM 8GB ဆိုတာကလည်း တော်ရုံ Multitasking လောက်တော့ ချောချောမွေ့မွေ့ သုံးနိုင်ပါလိမ့်မယ်။ သိုလှောင်မှုပမာဏ 128GB ကလည်း လုံလောက်တဲ့ပမာဏလို့ သတ်မှတ်ပါတယ်။ 
USB Type-C နဲ့ 3.5mm jack လေး ပါလာတာကလည်း မြန်မာနိုင်ငံက User အများစုအတွက် သင့်တော်တဲ့ ထောက်ပံ့မှုလို့ ဆိုရမှာပါ။ 4,000mAh ဘက်ထရီကို 33W Fast Charging နဲ့ အားသွင်းတဲ့အခါ 0 to 100% ကို ၂ နာရီနဲ့ မိနစ် ၂၀ ကျော်ကျော်ပဲ အချိန်ယူရတာကိုတွေ့ရပါတယ်။ (မိနစ် ၃၀ အားသွင်းရင် ၆၅% အထိရောက်မယ်လို့တော့ ကုမ္ပဏီက တရားဝင်ကြေညာထားပါတယ်။) အားသွင်းနှုန်းက အမြန်ဆုံးမဟုတ်ပေမယ့် ဒီနေ့ခေတ်မှာ ဘောင်ဝင်တဲ့အားသွင်းနှုန်းဖြစ်တာတော့ ငြင်းမရပါဘူး။ OS မှာ Android 11 ကို အခြေခံထားတဲ့ Funtouch 11 ဖြစ်ပါတယ်။ ဒါ့အပြင် Vivo V20 ရဲ့ UI ပိုင်း ပြောင်းလဲမှုကလည်း သိသိသာသာတိုးတက်ကောင်းမွန်လာတာကို ဖုံးကွယ်ထားလို့မရပြန်ပါဘူး။ 
ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ Vivo V20 ဟာ ပေးရတဲ့ဈေးနဲ့ မတန်ဘူးလို့ ပြောလို့မရတဲ့ စမတ်ဖုန်းတစ်လုံးပါပဲ။ ဒီ Review ဆောင်းပါးရဲ့ အစပိုင်းမှာပြောခဲ့သလိုပဲ Selfie ကင်မရာပိုင်းမှာ 44MP ပေးထားတဲ့အပြင် လူငယ်တွေအတွက် လွယ်ကူကောင်းမွန်တဲ့ Eye Autofocus စနစ်တွေပါတာ၊ 4,000mAh ဘက်ထရီဆိုပေမယ့် 7.38mm ပဲထူပြီး 171g ပဲ လေးတာမျိုးကတော့ နှစ်လိုဖွယ်ကောင်းတဲ့အချက်တွေပါပဲ။ 
စာရေးသူ ဒီရက်ပိုင်း စမ်းသုံးကြည့်ရသလောက်မှာတော့ Daily Life မှာ အဆင်ပြေပြေနဲ့ ချောချောမွေ့မွေ့သုံးရတဲ့အတွေ့အကြုံကိုအပြည့်အဝရပါတယ်။ ဒါကြောင့် ခေတ်မီလှပတဲ့ဒီဇိုင်းနဲ့ စမတ်ဖုန်းတစ်လုံးလည်းကိုင်ချင်တယ်၊ Selfie ပိုင်းမှာလည်း စိတ်တိုင်းကျချင်တယ်၊ ဘက်ထရီပိုင်းနဲ့စွမ်းဆောင်ရည်ပိုင်းမှာလည်း ခေတ်နဲ့လျော်ညီတဲ့၊ ဘောင်ဝင်တန်းဝင်ဖြစ်ချင်တယ်ဆိုတဲ့လူတွေအတွက်တော့ Vivo V20 က သင့်တော်တယ်လို့ မှတ်ချက်ပေးချင်ပါတယ်။

သိပ်ပြီးသဘောမတွေ့တဲ့အချက်တွေကိုပြောပါဆိုရင်တော့ ဒီထက်ပိုမြင့်တဲ့ Refresh Rate ကို ပေးစေချင်တယ်။ ပြီးတော့ မျက်နှာပြင်ပေါ်မှာ Notch အစား Punch-hole ကို ပြောင်းစေချင်တာပါပဲ။ နောက်တစ်ချက်ကတော့ Speaker ပိုင်းပါ။ Mono Speaker ထက် ပိုကောင်းတာလေးတော့ မျှော်လင့်မိတာအမှန်ပါပဲ။