News

POST TYPE

ADVERTORIAL

မြန်မာ့စျေးကွက်တွင် itel တရားဝင် ဝင်ရောက်ခြင်းနှင့် Vision 1 စီးရီး စမတ်ဖုန်းများကို စတင်မိတ်ဆက်ခြင်း
01-Sep-2020


စျေးကွက်အတွင်း itel Vision 1 plus 2 GB နှင့် 3 GB စမတ်ဖုန်းများကို မိတ်ဆက်ခြင်း 
ရက် ၁၈၀ အတွင်း itel စမတ်ဖုန်း အားလုံး ဖုန်း(မျက်နှာပြင်) screen အခမဲ့ လဲလှယ်ခွင့် တစ်ကြိမ်ပါရှိခြင်း 

လွန်ခဲ့သော ၁၀ နှစ်မတိုင်မီကပင် itel သည် ကမ္ဘာ့ စျေးကွက်အတွင်း ဝင်ရောက်ခဲ့ကာ စိတ်ချရသော အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့တယ်။ itel သည် မြတ်မြတ်နိုးနိုးနှင့် ဂုဏ်ယူစွာ၊ စိတ်ချယုံကြည်စွာ ကိုင်တွယ်နိုင်သော ပစ္စည်းများအဖြစ် ဖန်တီးနိုင်ခဲ့ပါတယ်။ ယခုအချိန်တွင် itel ဟာ မြန်မာနိုင်ငံ၏ စျေးကွက်အတွင်း စီးပွားရေးအရ ဝင်ရောက်ချဲ့ထွင်ရန် စိတ်အားထက်သန်လျက်ရှိပြီး အထင်ကရ စမတ်ဖုန်းများဖြစ်တဲ့ 2GB နှင့် 3GB Vision 1 Plus စီးရီးများကို ပွဲဦးထွက်အနေဖြင့် မိတ်ဆက်သွားမှာပါ။ သုံးလို့ကောင်းတဲ့ ၆.၅ လက်မ HD+ IPS Waterdrop မျက်နှာပြင်နှင့် ကြီးမားသော 5000 mAh ဘက်ထရီရှိသည့် Vision 1 Plus 2GB ကို တန်ဖိုး ငွေကျပ် (၁၁၉၉၀၀) ဖြင့်လည်းကောင်း၊ 3GB ကို တန်ဖိုးငွေကျပ် (၁၃၉၉၀၀) ဖြင့်သာလည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး Vision 1 Plus စီးရီးသည် game changer ၊ ဆန်းသစ်သော လုပ်ဆောင်ချက်များ စသည်တို့ဖြင့် ပုံစံထုတ်ထားပါတယ်။ 

ပိုကြည့်လေ၊ ပိုရှင်းလင်းလေ 

Vision 1 Plus နဲ့ ပတ်သက်လို့ ညွှန်းဆိုရမယ်ဆိုရင် သူရဲ့ တောက်ပတဲ့ waterdrop notch ၆.၅ လက်မ မျက်နှာပြင်အပြည့်နဲ့ 20:9 အချိုး ရှိတဲ့ aspect ratio တို့ဘဲ ဖြစ်ပါတယ်။ အံ့သြဖွယ် မြင်ကွင်းရှုထောင့်များနဲ့ မျက်နှာပြင်အတွက် သူ့ရဲ့ 500cd/m2 ရှိတဲ့ တောက်ပမှုနဲ့ ကြီးမားတဲ့ ရောင်စဥ်ဖြာထွက်မှုတို့ကို ချီးကျူးသြဘာပေးရမှာဖြစ်ပြီး တိုက်ရိုက်နေရောင်အောက်မှာပင် video ကြည့်သည် ဖြစ်စေ၊ app တစ်ခုခုကို ဖွင့်ကြည့်သည်ဖြစ်စေ အသက်ရှုမှားဖွယ် အတွေ့အကြုံကို ရရှိစေမှာ ဖြစ်တယ်။ 



တကြိမ် အားသွင်းထားရင် ၃ ရက် သုံးနိုင်ခြင်း 

Vision 1 Plus ကို 5000 mAh ဘက်ထရီ တပ်ဆင်ထားခြင်းကြောင့် ကြာရှည်အသုံးခံမှုအတွက် အတိုင်းအတာသစ် တစ်ရပ်ကို ရောက်ရှိစေပါတယ်။ သင့်ရဲ့ နေ့စဥ်အသုံးပြုမှုနဲ့ ဖျော်ဖြေမှုဆိုင်ရာ လိုအပ်ချက်တို့အတွက် အဆင့်မြှင့်ထားတဲ့ Al Power Master နဲ့ အထင်ကြီးလောက်စရာ ကောင်းအောင် ကြီးမားတဲ့ ဘက်ထရီတို့က ပံ့ပိုးပေးပါမယ်။ သင့်ရဲ့ ဆဲလ်ဖုန်းကို ၃ရက်အထိ အားသွင်းရန်မလိုဘဲ အသုံးပြုနိုင်ပြီး 5V2A အမြန်အားသွင်း နည်းပညာနဲ့ ၅၀% ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ (3GB ဗားရှင်းအတွက် 5V2A အမြန်အားသွင်းမှု ရနိုင်ပြီး 2GB ဗားရှင်းအတွက် 5V1A ရနိုင်ပါတယ်)

AI Face Beauty ဖြင့် 13 MP ရှေ့နောက် ကင်မရာ 

Vision 1 Plus ဖြင့် ဖေစ့်ဘုတ်၊ အင်စတာဂရမ်၊ တစ်တော့တို့တွင် တင်ရန်အတွက် ဓါတ်ပုံရိုက်ရာတွင် သင့်ဓါတ်ပုံသည် သိသာစွာ ကွဲပြားပါလိမ့်မယ်။ 8 MP ရှိသော ရှေ့ကင်မရာ၊ 13 MP ရှိသော နောက်ကင်မရာတို့အပြင် AI Face Beauty နည်းပညာရဲ့ အနုပညာဆန်သော ရိုက်ချက်တွေက သင့်ပုံကိုအပြစ်ဆိုဖွယ်မရှိအောင် ပြုလုပ်ပေးပါလိမ့် မယ်။  သင့်ဆဲလ်ဖီနှင့် Professional ဓါတ်ပုံများဖြင့် သင့်၏သူငယ်ချင်းများနှင့် follower များကို ဝမ်းမြောက်ပျော်ရွှင်စေလိုက်ပါ။ သင်၏ လှပသော ဘဝကို မှတ်တမ်းတင်လိုက်ပါ။ 



သင်ချစ်မြတ်နိုးသော အရာများအတွက် ပိုမိုသော နေရာနှင့် ပိုမိုကောင်းမွန်သော အသွင်အပြင် 

Vision 1 Plus  ဟာ RAM 3GB ရှိရာ လုပ်ဆောင်မှုများ ချောမွေ့စေပြီး တစ်ပြိုင်တည်းမှာပင် ပါဝါအသုံးပြုမှုနှင့် အပူချိန်လွန်ကဲစွာ ထုတ်လုပ်ခြင်းတို့ကို ကျဆင်းစေ ပါတယ်။ ထို့အပြင် Vision 1Plus မှာ သိမ်းဆည်းရန်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင် မည့် storage ပမဏသည် 32 GB ရှိ ပါတယ်။ ပုံ၊ video နဲ့ app များကို အကန့်အသတ်မဲ့လုနီးပါး သိမ်းဆည်းနိုင် ပါတယ်။  (* 2GB RAM ရှိသော Vision 1 Plus လည်း ရနိုင်သည်။)

မျှော်မှန်းထားသည်ထက် မြန်ဆန်ခြင်း 

Vision 1 Plus သည် lightning-fast 4 G data နည်းပညာဖြင့် ပံ့ပိုးပေးထားသည့်အတွက် အချက်အလက်များ ရွှေ့ပြောင်းရာတွင် မြန်ဆန်ခြင်း၊ သုံးစွဲသောပမာဏနည်းပါးခြင်း၊ ပိုမိုအားထားလောက်သော ချိတ်ဆက်နိုင်ခြင်း တို့ကို ဖြစ်စေ ပါတယ်။  Vision 1 Plus ဖြင့် အင်တာနက် လျင်မြန်စွာ ချိတ်ဆက်နိုင်မှုကို အမြဲတမ်း အာမခံ ပါတယ်။ သင်မည်သည့်နေရာ တွင် ရောက်နေသည်ဖြစ်စေ၊ သင့် မိသားစုနှင့် သူငယ်ချင်းများကို video ဖြင့် ချိတ်ဆက်ခြင်း၊ အင်တာနက်ကို အမြန်နှုန်းဖြင့် ရယူခြင်း၊ သို့မဟုတ် သင်၏ ရုပ်ရှင်ကို အချိန်မရွေး ထုတ်လွှင့်ခြင်းတို့ လုပ်နိုင်ပါလိမ့်မယ်။ သင်လက်လှမ်းမမီသောအရာ မရှိနိုင်ပါ။

ဆန်းသစ်ပြောင်းလဲထားသော Double S line နှင့် AG Effect ပါဝင်သည့် 8.6 mm ရှိ အလွန်ပါးလွှာသော ဖုန်းကိုယ်ထည် ဒီဇိုင်း 

ကျစ်လစ်သော ဖုန်းကိုယ်ထည် တည်ဆောက်ပုံအားဖြင့် Vision 1 Plus သည် ရေ၊ ဖုန်နှင့် အခြားသက်ရောက်မှုများကို ကြံ့ကြံ့ ခံနိုင်ရန် လုံလုံခြုံခြုံ ပြည့်ပြည့်စုံစုံ တည်ဆောက်ထားပြီး အလွန့်အလွန်သပ်ရပ်ကျော့မော့နေသည်ကို မြင်ရ ပါမယ်။ အသစ် အဆန်းဖြစ်သော Double S line ဒီဇိုင်းနှင့် သာလွန်ကောင်းမွန်သော matte frosted glass(AG) နည်းပညာတို့ဖြင့် ဖြည့်ဆည်းထားသောကြောင့် Vision 1 Plus သည် သပ်ရပ်တောက်ပရုံသာမက နူးညံ့သော ထိတွေ့မှုကို ခံစားနိုင်သည့် ဖုန်းတလုံးအဖြစ် ရပ်တည်နေတာပါ။ 

ရက် ၁၈၀ အတွင်း ဖုန်း(မျက်နှာပြင်) screen အခမဲ့ လဲလှယ်ခွင့်တစ်ကြိမ် 

မြန်မာ့စျေးကွက်အတွင်း၌ itel ၏ စမတ်ဖုန်းအားလုံးသည် ဝယ်ယူပြီးနောက် ရက် ၁၈၀ အတွင်း Display မျက်နှာပြင် အခမဲ့ လဲလှယ်ခွင့် တကြိမ်ရရှိမည် ဖြစ်ပြီး၊ မြန်မာတနိုင်ငံလုံးတွင် itel အတွက် ဆားဗစ်စင်တာ စုစုပေါင်း ၁၄ ခုရှိပါသည်။ သတင်း အချက်အလက် ပိုမိုရရှိလိုလျှင် ကျေးဇူးပြု၍ itel Myanmar Facebook page တွင် ဝင်ရောက်လေ့လာနိုင် ပါတယ်။ itel ၏ Vision 1 Plus ကို စက်တင်ဘာလ (၄)ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး  အမြို့မြို့အနယ်နယ်ရှိ ဖုန်းဆိုင် များတွင် ဝယ်ယူရရှိနိုင် ပါတယ်။ 

itel အကြောင်း 

၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ကာ လူတိုင်းယုံကြည်အားထားနိုင်သော တံဆိပ်တစ်ခုအဖြစ် ဝင်ရောက်ခဲ့ပြီး လူတိုင်း တတ်နိုင်သော စျေးနှုန်းဖြင့် ပံ့ပိုးပေးနိုင်သော မိုဘိုင်းဆက်သွယ်ရေးနည်းပညာဖြင့် ပံ့ပိုးသွားရန် မူဝါဒထားရှိပါတယ်။ လူတိုင်း လက်လှမ်းမီ နည်းပညာဖြစ်စေရန်အတွက် သုံးစွဲသူများသည် နည်းပညာများကို ကြိုတင်ရယူရန် မလိုအပ်ဘဲ ချိတ်ဆက် နိုင်ခြင်းနှင့် နည်းပညာဆိုင်ရာ ဝင်ပေါက်ဖြစ်စေခြင်းတို့ကြောင့် သုံးစွဲသူများဟာ လူမှုရေးဆိုင်ရာ ဆက်သွယ်မှုများ ပိုမို  နီးကပ်စွာ လုပ်ဆောင်နိုင် မှာဖြစ်ပါတယ်။ ဆယ်နှစ်ကျော် ဖွံ့ဖြိုးတိုးတက်လာပြီးနောက် itel ဟာ သူ့ တည်ရှိမှုကို ကမ္ဘာ့စျေးကွက် ၅၀ နီးပါးအထိ ထိုးဖောက်နိုင်ခဲ့တာပါ။ itel တွင် စိတ်ချယုံကြည်စွာ ကိုင်တွယ်နိုင်သော စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် ဖီးချားဖုန်းများ ရှိပြီး ၂၀၁၇ တွင် ကမ္ဘာတစ်ဝှမ်းလုံးသို့ ပစ္စည်းအလုံး သန်းပေါင်း ၇၇ ကျော် ဖြန့်ဖြူးနိုင်သည့် အရောင်းစံချိန် ရှိခဲ့ ပါတယ်။ ဗြိတိန်မှ ယုံကြည်ရသော စီးပွားရေးမဂ္ဂဇင်းတစ်ခုဖြစ်သည့် African Business မှ itel ကို ၂၀၁၈/ ၂၀၁၉ အတွက် အာဖရိကရှိ လေးစားဖွယ် အကောင်းဆုံး တံဆိပ် ၁၀၀ တွင် အဆင့် ၁၇ အဖြစ် အဆင့်သတ်မှတ်ပေးခဲ့ ပါတယ်။ သတင်း အချက်အလက် ပိုမိုရရှိလိုလျှင် ကျေးဇူးပြု၍ http://www.itel-mobile.com/global/ တွင် ဝင်ရောက်လေ့လာ ကြည့်နိုင်ပါတယ်။