News

POST TYPE

ADVERTORIAL

မြန်မာ့ပရိဘောဂ ဈေးကွက်ကို မြှင့်တင်နိုင်ရန် ကြိုးစားလျက်ရှိသည့် UniQ Furniture
08-Dec-2016
ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ ပရိဘောဂ ဈေးကွက်ကသို့ ခေတ်မီဆန်းသစ်သည့် ပရိဘောဂပစ္စည်းများ အများအပြား ဝင်ရောက်လာခဲ့သည်။ သို့သော် တစ်ဖက်တွင်လည်း အခက်အခဲနှင့် အားနည်းချက်များက ရှိနေဆဲ ဖြစ်သည်။

မြန်မာ့ပရိဘောဂဈေးကွက်၏ လက်ရှိ အဓိက အားနည်းချက်မှာ ကုမ္ပဏီရုံးခန်း၊ စားသောက်ဆိုင်တို့ ဖွင့်လှစ်ထားသည့် လုပ်ငန်းရှင်များ၊ မိမိ၏ မီးဖိုချောင်ကို အကောင်းဆုံး ဆင်ယင်ချင်သူများ အနေဖြင့် ပထမအကြိမ်တွင် စိတ်ကြိုက်ပရိဘောဂ ပစ္စည်းများကို ဝယ်ယူနေရာချဆင်ယင်ပြီးနောက် နောက်ပိုင်းတွင် ထပ်မံတိုးချဲ့ရန်၊ အစားထိုးရန်အတွက် ပထအကြိမ်က ဝယ်ယူထားသည့် ပရိဘောဂများနှင့် ဆင်တူလိုက်ဖက်ညီသည့် ပရိဘောဂများ ဝယ်ယူလိုသည့် အချိန်တွင် ပရိဘောဂဆိုင်များ၊ လုပ်ငန်းများက မရောင်းချပေးနိုင်ခြင်းပင် ဖြစ်သည်။

UniQ Furniture လုပ်ငန်းသည် မြန်မာ့ပရိဘောဂဈေးကွက်၏ ထိုအားနည်းချက်နှင့် အခြားအားနည်းချက်များကို ဖြည့်ဆည်းပြီး ပြည်တွင်းသို့ ဝင်ရောက်နေရာယူနေပြီ ဖြစ်သည့် ပြည်ပပရိဘောဂ လုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိအောင် ကြိုးစားလျက်ရှိသော မြန်မာပရိဘောဂလုပ်ငန်း တစ်ခုပင် ဖြစ်သည်။

၂၀၀၀ ခုနှစ်မှ စတင်ပြီး အင်ဒိုနီးရှား၏ Olympic ပရိဘောဂများကို မြန်မာနိုင်ငံအတွင်း ဖြန့်ချီခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် မလေးရှား၏ Matrix System ရုံးလုပ်ငန်းသုံး ပရိဘောဂများကို ဖြန့်ချီခဲ့သော မှတ်တမ်းကောင်းနှင့် အတွေ့အကြုံများကို အခြေခံကာUniQ Furniture ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

ထိုကဲ့သို့ တည်ထောင်ချိန်မှ စတင်ပြီး ရုံးသုံး၊ စားသောက်ဆိုင်သုံးနှင့် မီးဖိုချောင်သုံး ပရိဘောဂများ ထောက်ပံ့ပေးရာတွင် ယုံကြည်စိတ်ချရသည့် မြန်မာ့ထိပ်တန်း ပရိဘောဂ ထုတ်လုပ်ရေး လုပ်ငန်းတစ်ခု ဖြစ်လာရန် ရည်ရွယ်ချက် ချမှတ်ထားခဲ့သော UniQ ပရိဘောဂလုပ်ငန်းမှာ ယခုအခါတွင် ကိုယ်ပိုင်ပရိဘောဂ စက်ရုံတစ်ခုကို တည်ထောင်ထားနိုင်ပြီးပြီလည်း ဖြစ်သည်။

ထို့ကြောင့် UniQ သည် မြန်မာ့ပရိဘောဂဈေးကွက်၏ အဓိက အားနည်းချက် ဖြစ်သောAfter Sales ဝန်ဆောင်မှု အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်သည့် မြန်မာ့ပရိဘောဂ လုပ်ငန်းလည်း ဖြစ်လာခဲ့သည်။

UniQ Furniture အနေဖြင့် ပြည်တွင်းဈေးကွက်သာမကဘဲ အာရှ၏ နာမည်ရ ပရိဘောဂ ထုတ်လုပ်သူနှင့် တင်ပို့သူ ဖြစ်လာရန် ရည်မှန်းချက် ချထားကြောင်းလည်း UniQ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

ထိုကဲ့သို့ ဖြစ်လာစေရန် အတွက်လည်း နိုင်ငံတကာအဆင့်မီ ပရိဘောဂ ပစ္စည်းများကို ထုတ်လုပ်ဖြန့်ချီသွားမည့် အပြင် ဝယ်ယူသူများကို အကောင်းဆုံးနှင့် ယုံကြည်စိတ်ချရမှု အရှိဆုံး ဝန်ဆောင်မှုများ ပေးအပ်သွားရန် မူချမှတ်ထားကြောင်းလည်း သိရသည်။

ယင်းမူအတိုင်း လက်ရှိတွင်လည်း ဝယ်ယူသူများ အနေဖြင့် မိမိတို့ ပထမအကြိမ် ဝယ်ယူသွားသည့် ရုံးသုံး၊ ဆိုင်သုံး၊ မီးဖိုချောင်သုံး ပရိဘောဂပစ္စည်းများနှင့် ပုံစံတူ၊ အမျိုးအစားတူ ပရိဘောဂများကို နောက်ပိုင်းတွင် ထပ်မံဝယ်ယူလိုသည့်အခါ ရရှိနိုင်အောင် စီစဉ်ပေးထားခြင်း၊ မဝယ်ယူမီ အချိန်တွင် ပရိဘောဂ ခင်းကျင်းချထားမည့် နေရာနှင့် ကိုက်ညီတင့်တယ်မည့် ပစ္စည်းများကို အကြံပြု ဆွေးနွေးပေးခြင်း၊ ပရိဘောဂ ရွေးချယ်ဝယ်ယူသည့် အချိန်မှ နောက်ဆုံး ခင်းကျင်းဆင်ယင်ပြီးသည့် အဆင့်ထိ One Stop ဝန်ဆောင်မှု ပေးအပ်ခြင်းတို့ကို UniQ Furniture က ပေးအပ်လျက် ရှိသည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်။

UniQ Furniture က ရောင်းချလျက်ရှိတဲ့ ပရိဘောဂ ပစ္စည်းတွေနဲ့ ပေးအပ်လျက်ရှိတဲ့ ဝန်ဆောင်မှုတွေ အကြောင်း အသေးစိတ် သိရှိလိုတယ်၊ စုံစမ်းမေးမြန်းလိုတယ်ဆိုရင် အမှတ် ၆၇၊ ကျောင်းလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - 01 225374 ၊ 09 774288801၊ 09 774288802 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။