News

POST TYPE

ADVERTORIAL

ကိုဗစ်(၁၉)ရောဂါလက္ခဏာတွေ ခံစားလာရရင် ဘာတွေလုပ်ရမလဲ
11-Jul-2020



ဦးစွာကိုဗစ်(၁၉)ရဲ့ရောဂါလက္ခဏာတွေကို ဦးစွာပြောပြပေးလိုပါတယ်။လက္ခဏာတွေကတော့အဖျားရှိလာတာ၊ ချောင်းဆိုးတာ၊အသက်ရှုမ၀တာ၊အသက်ရှုခက်ခဲတာ၊အားအင်ကုန်ခမ်းတာတွေဖြစ်ပါတယ်။ကနဦးမှာတော့ ကိုယ်အပူချိန်မြင့်တက်လာပြီး ချောင်းခြောက်ဆိုးလာတတ်ပါတယ်။တစ်ပတ်အကြာမှာတော့ အားအင်ကုန်ခမ်း ပြီးအသက်ရှုကြပ်တာတွေဖြစ်လာမှာပါ။

ကိုဗစ်(၁၉)နဲ့ပတ်သတ်ပြီး ဘာလက္ခဏာမှမပြဘဲလည်း ဖြစ်တတ်တာကိုတော့သိထားစေလိုပါတယ်။ကိုဗစ် (၁၉)ကူးစက်ခံရမှုမှာအဆင့်တွေလိုက်ပြီး လက္ခဏာတွေမတူတာကိုသိရပါတယ်။ရောဂါကူးစက်မှုခံရသူ တစ်ယောက်နဲ့တစ်ယောက်မှာ အဆင့်တွေမတူကြပါဘူး။အဆင့်ခွဲမယ်ဆို မပြင်းထန်အဆင့်၊အတန်အသင့်အ ဆင့်၊ပြင်းထန်အဆင့်၊အပြင်းထန်ဆုံးအဆင့်တွေပါ။




-မပြင်းထန်တဲ့အဆင့်မှာဆို ပုံမှန်အဖျားတက်သလိုဖြစ်မယ်၊အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ် မယ်။ချောင်းခြောက်ဆိုးမယ်၊နာကျင်ကိုက်ခဲမယ်။ဒါတွေကသာမန်လူတွေမှာလည်း ဖြစ်တတ်ပါတယ်။
-အတန်အသင့်အဆင့်မှာဆိုချောင်းဆိုးမယ်၊အဖျားက ၁၀၀.၄ဒီဂရီဖာရင်ဟိုက်ရှိမယ်။ချမ်းမယ်၊အိပ်ယာထဲကမ ထချင်ဖြစ်နေမယ်။
-ပြင်းထန်အဆင့်ကိုရောက်လာတဲ့အခါမှာတော့ အဆုတ်ပါရောင်လာမယ်။
-အပြင်းထန်ဆုံးအဆင့်မှာတော့ အဆုတ်ပါပျက်စီးပြီးအသက်အန္တရာယ်ကိုတောင်ထိခိုက်လာနို်င်ပါပြီ။
ဒါတွေကတော့ ကိုဗစ်(၁၉)နဲ့ပတ်သတ်ပြီး ခံစားရမယ့်လက္ခဏာတွေပါ။အကယ်၍ကိုယ့်မှာသာအဲ့လက္ခဏာတစ် ခုခုခံစားလာရပြီဆို ဘယ္သူ ့ကိုမှမကူးအောင် ကိုယ့်ကိုယ့်ကိုယ်တစ်ကိုယ်ရေထိန်းချုပ်ပြီး ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ညွှန်ကြားချက်အတိုင်းလိုက်နာသင့်ပါတယ်။
ကိုယ့်မှာသာလက္ခဏာတစ်ခုခုခံစားလာရပြီဆို နီးစပ်ရာဆေးရုံကိုဖုန်းခေါ်လိုက်သင့်ပါတယ်။မိမိဘယ်သွားခဲ့ တယ်၊ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေကို ရိုးသားစွာပြောပြလိုက်ဖို့လိုပါတယ်။သင့်ရဲ ့ဧရိယာမွာ မိသားစု၀င်တွေ နဲ့ နီးကပ်စွာနေခြင်းမပြုစေဘဲ သူတို ့ကိုလည်းအခြားအပြင်လူတွေနဲ ့ထိတွေ ့ခြင်းမဖြစ်စေအောင် နေထိုင်ခိုင်း သင့်ပါတယ်။ဒါ့အတူနှာခေါင်းစည်းတပ်ခြင်း၊မျက်နှာဖုံးအကာများတပ်ခြင်း၊နှာချေချောင်းဆိုးလျှင်တစ်သျှူးများ ဖြင့်အုပ်ပြီး နှာချေခြင်းပြုလုပ်သင့်ပါတယ်။မိမိရဲ ့တစ်ကိုယ်ရေစွန် ့ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ဖို ့လိုပါ တယ်။တစ်ဖက်ကလည်းရောဂါအပေါ် လွန်စွာစိတ်ပူခြင်းမဖြစ်ဖို့လိုပါတယ်။

တကယ်လို ့ကိုယ်မဟုတ်ဘဲ အခြားသူဟာကိုဗစ်(၁၉)လက္ခဏာအချို ့ခံစားနေရပြီဆိုရင်လည်း သံသယရွိလူနာ ဆိုပြီးရန်မူခြင်း၊ရန်ထောင်ခြင်းကိုအထူးရှောင်ကြဉ်ရမယ်။မိမိတို ့သက်ဆိုင်ရာရပ်ကွက်၊မြို ့နယ်လူကြီးများ ကိုချက်ချင်းအကြောင်းကြားသင့်ပါတယ်။လူနာကိုရောဂါအတွက်စိတ်မပူပန်စေဖို ့ ဖြောင်းဖျပြောဆိုထားရမယ်။ လူနာ၏မိသားစု၀င်များကို နောက်ထပ်အပြင်လူများနှင့်ထိတွေ ့မှု ့နည်းစေဖို ့ အိမ်တွင်းမှာသာနေထိုင်ဖို ့သတိ ပေးပြောကြားထားသင့်ပါတယ်။



သည်အချိန်မှာသက်ဆိုင်ရာကိုသတင်းပေးခြင်းဟာချောက်တွန်းခြင်းမဟုတ်ကြောင်း၊ကယ်တင်ခြင်းသာဖြစ် ကြောင်းသက်ဆိုင်ရာမိသားစုကိုလည်းနားလည်အောင်ပြောထားရပါမယ်။ယခုရောဂါဟာ အပြင်းထန်ဆုံး အဆင့်သာမဟုတ်ဘူးဆိုရင် ရုတ်တရက်ဆုံးပါးမည့်ရောဂါမဟုတ်ကြောင်းကိုသိထားဖို ့လိုပါတယ်။စနစ်တကျ ကုသမှုခံယူမယ်ဆို သက်သာပျောက်ကင်းနိုင်ပါတယ်။
အထူးအားဖြင့်သံသယလူနာကိုဖိအားဖြစ်စေသောဓာတ်ပုံများရိုက်ကူးပြီး လူမှုကွန်ရက်တွင်ဖြန့်ေ၀ခြင်းကိုဖြင့် အထူးရှောင်ရှားစေလိုပါတယ်။ယင်းသို ့ပြုမူခြင်းဟာလူ ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်သည်ကိုအထူးသတိချပ် စေလိုပါတယ်။သံသယလူနာတွေ ့တယ်ဆိုသောသတင်းကြောင့်လူများအုပ်စုလိုက်၊အုတ်အောင်းသောင်းနင်းမ ဖြစ်စေဖို ့အတတ်နိုင်ဆုံးသိုသိုသိပ်သိပ်ဆောင်ရွက်သင့်ပါတယ်။
သိုသိုသိပ်သိပ်ဟူသည်အချက်အလက်များကိုဖယ်ချန်ထားရမယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။သံသယလူနာမှလည်း မိမိအသိစိတ်ဓာတ်ဖြင့် မိမိခရီးသွားခဲ့သည်ရှိသောခရီးရာဇ၀င်၊ယခုလောလောဆယ်ဖြတ်သန်းခဲ့သည်များကို တစ်လုံးမကျန်ဖွင့်ဟပြောဆိုထားဖို ့လိုအပ်ပါ၏။
ကမ်ဘာ့ကပ်ရောဂါဖြစ်သည့်ကိုဗစ်(၁၉)သည် လူတစ်ဦးတစ်ယောက်တည်းတွန်းလှန်၍ရသောရောဂါမဟုတ်ပေ။ သို ့ဖြစ်ပါ၍အားလုံးညီညွတ်မှတွန်းလှန်နိုင်မည်ဖြစ်ပါသောကြောင့် မိမိကိုယ်တိုင်ဖြစ်ခဲ့သည်ဖြစ်စေ၊အခြား သူမှာခံစားနေရသည်ဖြစ်စေ ကိုယ်ရဲ ့ခရီးသွားရာဇ၀င်တွေကိုမှန်မှန်ကန်ကန်ပြောပြီး အတူတူပူးပေါင်းပါ၀င်ဖို ့ လိုအပ်လှပါတယ်။