News

POST TYPE

ADVERTORIAL

OPPO ၏ ပိုမိုကြည်လင်ပြတ်သားသော မြင်ကွင်းရိုက်ချက် လုပ်ဆောင်မှုများ ပါဝင်လာမည့် Reno3 | Reno3 Pro စမတ်ဖုန်းများ မိတ်ဆက်ပွဲကို Online Smartphone Launch Event အဖြစ် ကျင်းပသွားမည်
16-Mar-2020

 
မတ်လ ၁၆ ရက်၊ ၂၀၂၀ ပြည့်နှစ်၊  ရန်ကုန်၊ မြန်မာ  ။ ။ ကမ္ဘာထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ် ဖြစ်သော OPPO သည် ပိုမိုကြည်လင်ပြတ်သားသော မြင်ကွင်းရိုက်ချက် လုပ်ဆောင်မှုများ ပါဝင်လာမည့် စျေးနှုန်းတူ ဖုန်းများထဲတွင် pixel အမြင့်ဆုံး 44MP front camera နှင့် လျင်မြန်သောအားသွင်းနှုန်း VOOC3.0/20Wတို့   ပါ၀င်သောReno3 နှင့် ကမ္ဘာ့ပထမဦးဆုံး 20X Zoom Quad Camera နင့်44MP+2MP Dual Punch-hole၊ 64MP Quad Camera တို့  ပါ၀င်သော Reno3 Pro စမတ်ဖုန်း တို့ နှင့် အတူ စွမ်းရည်မြင့် OPPO Enco Free Air Phone တို့ကို စတင်မိတ်ဆက်မည့် အခမ်းအနားကို မတ်လ ၁၈ ရက်နေ့တွင်  ကျင်းပမည်ဖြစ်ကြောင်း တရားဝင်ကြေညာလိုက်သည်။ အားလုံးစောင့်မျှော်နေကြသော Reno3 | Reno3 Pro မိတ်ဆက်ပွဲကို ယခင်က ပွဲကျင်းပရန်စီစဉ်ထားသော်လည်း ယခုအခါ ကမ္ဘာတဝန်းတွင် ဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်မှ ကြိုတင်ကာကွယ်သောအားဖြင့် အွန်လိုင်းမှသာ ကျင်းပပြုလုပ်သွားတော့မည်ဖြစ်သည်။ OPPO သည် Reno3 | Reno3 Pro စမတ်ဖုန်းများ စတင်မိတ်ဆက်မည့် အခမ်းအနားကို အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ကျင်းပသော Online Smartphone Launch Event အဖြစ် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါ အခမ်းအနားကို မတ်လ ၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ မြန်မာစံတော်ချိန် ည ၇ နာရီအချိန်တွင် ပြည်သူချစ် အနုပညာရှင်များနှင့်အတူ  OPPO Facebook Page https://www.facebook.com/oppomyanmar/ တွင်  ‌ တင်ဆက်ပေးသွားမည်ဖြစ်သည်။ အွန်လိုင်းမိတ်ဆက်ပွဲ အခမ်းအနားတွင် အသစ်ထွက်ရှိလာမည့် Reno3 | Reno3 Pro စမတ်ဖုန်းများနှင့် ပတ်သက်သည့် အကြောင်းအရာမေးခွန်းများကို မေးမြန်းသွားမည်ဖြစ်ပြီး အွန်လိုင်းကြည့်ရှုသူများအနေဖြင့် မေးခွန်းများ ဝင်ရောက်ဖြေဆိုကာ OPPO မှ အသစ်ထွက်ရှိလာမည့် Reno3 | Reno3 Pro စမတ်ဖုန်းများနှင့် Enco Free Air Phoneတို့သာမက ဖုန်းငွေဖြည့်ကတ်များ စသည့် ဆုလက်ဆောင်ပစ္စည်းများစွာကို ကံထူးနိုင်မည့် အခွင့်အ​ရေးများ ရရှိစေရန် စီစဉ်ထားသည်။


 
ဤ မိတ်ဆက်ပွဲတွင် အသစ်ထွက်ရှိလာမည့် OPPO Reno3 | Reno3 Pro စမတ်ဖုန်းများတွင် ပါဝင်သော ထူးခြားဆန်းသစ်သည့် နည်းပညာများနှင့် အရည်အသွေးများနှင့် OPPO ၏ နောက်ဆုံးပေါ် Enco Free Air Phone ၏ ထူးခြားချက်များကို ရှင်းလင်းတင်ဆက်ပေးရုံသွားမည် ဖြစ်ပြီး OPPO ၏ အနုပညာရှင် မိသားစုများဖြစ်သည့် ပြည်သူချစ် အနုပညာရှင်များဖြစ်သော အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကယ်ဒမီ ပိုင်ဖြိုးသုနှင့် လွှမ်းပိုင်တို့နှင့် အတူ OPPO ၏ Beyond the Portrait Season 2 Campaign တွင် ပါဝင်အားဖြည့်ကူညီခဲ့ကြသော Travel Blogger “Travel Kueen”၊ Professional Photographer ဇာနည်မျိုးဝင်းနှင့်‌ Videographer နောင်နောင်  (Naung Naung - Indie Filmmaker) တို့မှလည်း ပွဲသို့ တက်ရောက် အားပေးမည်ဖြစ်သည်။
 
မိတ်ဆက်ပွဲအတွင်း OPPO Reno3 | Reno3 Pro နှင့် ပတ်သက်သော မေးခွန်းများကိုလည်း မေးသွားမည် ဖြစ်ရာ OPPO Facebook page မှ တိုက်ရိုက်ကြည့်ရှုနေသူ ပရိသတ်များမှ တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း မေးခွန်းများကို ပြန်လည်ဖြေဆိုနိုင်ပါက အဖြေမှန်ဖြေဆိုနိုင်သူ ကံထူးရှင်များအနေနှင့် OPPO ၏ အသစ်စက်စက်  OPPO Reno3 | Reno3 Pro နှင့် စွမ်းရည်မြင့် OPPO Enco Free Air Phoneကို ကံထူးနိုင်မည့် အစီအစဉ်လည်း ပါဝင်သည်။  ဆုများ ကံစမ်းနိုင်သည့် အစီအစဉ် အသေးစိတ်နှင့်  OPPO Reno3| Reno3 Pro Online Smartphone Launch Event အကြောင်း ပိုမိုသိရှိလိုပါက ‌အောက်ပါ Link တွင် အသေးစိတ် ဝင်‌ရောက် လေ့လာနိုင်သည်။