News

POST TYPE

ADVERTORIAL

UK ရှိ Nottingham Trent University မှာ၅၀ ရာခိုင်နှုန်း ပညာသင်ဆုနဲ့ ဘွဲ့လွန် ဘာသာရပ် လေ့လာ သင်ယူနေတဲ့ မဆုအိမ်စည်ရဲ့ Student Life


မဆုအိမ်စည်ဟာ ဗြိတိန်နိုင်ငံရှိ Nottingham Trent တက္ကသိုလ်မှာMaster Of Science(International Business) ဘာသာရပ်ကို လေ့လာသင်ယူလျှက်ရှိသူ ဖြစ်ပါတယ်။

 

မဆုအိမ်စည်ဟာ တစ်နှစ်ကြာ တက်ရောက်ရမယ့် ယင်းဘာသာရပ်အတွက် ဝင်ခွင့် လျှောက်ထားရမှာ ၅၀ ရာခိုင်နှုန်း ပညာသင်ဆု ရရှိခဲ့ပါတယ်။ အဲဒီလို ပညာသင်ဆုရဖို့အတွက် စကောလားရှစ် အက်ဆေးတွေ ရေးတင်ခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

 

Nottingham Trent တက္ကသိုလ်မှာ အတွေ့အကြုံရင့် Professor တွေ၊ Lecturer တွေက ဂရုတစိုက် သင်ကြားပေးကြောင်း၊ Student Facilities တွေကလည်း ကောင်းမွန်ပြီး နိုင်ငံတကာက ကျောင်းသားတွေ အချင်းချင်း ပိုမို ရင်းနှီးမှုရဖို့ အတွက် International Student Club တွေ ထားရှိပေးတဲ့အတွက်လည်း လေ့လာ သင်ယူတဲ့နေရာမှာ အတွေ့အကြုံ ကောင်းတွေ များစွာ ရရှိကြောင်း မဆုအိမ်စည်က ထောက်ခံ ပြောကြားထားပါတယ်။

 

မဆုအိမ်စည်ဟာ Master Of Science(International Business) မတက်ရောက်ခင်မှာ Bachelor Of Arts(English For Professional Purpose) နဲ့ ဘွဲ့ရရှိခဲ့ပြီး Association of Business Executives (ABE-UK) က အသိအမှတ်ပြု ပေးအပ်တဲ့ စီးပွားရေးနဲ့ စီမံခန့်ခွဲမှု ဘာသာရပ်တွေကိုလည်း Level 6 အထိ လေ့လာ သင်ယူထားခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ Quantity Methods for Business Management and Financial Accounting ဘာသာရပ်မှာ Top Paper Prize Award (World First) ကို ရရှိခဲ့သူဖြစ်ပြီးChartered Institute of Management Accountants (CIMA) 2015 Global Business Challenge မှာလည်း ပါဝင်ခဲ့ကာ ဆုရရှိခဲ့သူ ဖြစ်ပါတယ်။

 

နိုင်ငံခြားကို သွားရောက်ပြီး ပညာ ဆက်လက် သင်ယူဖို့အတွက်ကိုတော့ မဆုအိမ်စည်က Crown Education နဲ့ ဆက်သွယ်ကာ တိုင်ပင်ဆွေးနွေးခဲ့တာ ဖြစ်ပြီး Crown Education ရဲ့ အကြံပေး ဆွေးနွေးချက်တွေအရ သူမရဲ့ စိတ်ဝင်စားမှု၊ ပညာ အရည်အချင်းတွေနဲ့ ကိုက်ညီမယ့် ဘာသာရပ်နဲ့ ကျောင်းတို့ကိုရွေးချယ်ခဲ့တာလို့ သူမရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

ဗြိတိန်မှာ ပညာသင်ကြားမှုတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတယ်ဆိုရင် Crown Education ရဲ့ ဖုန်းနံပါတ်တွေ ဖြစ်တဲ့ ဝ၁ - ၅၂၇-၈၃၈ ၊ ဝ၉- ၉၇၇-၉၇၇-၂၀၀၊၀၉-၇၃၂-၇၃၂-၇၇ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။