News

POST TYPE

ADVERTORIAL

ဘန်ကောက် ကောင်းကင်ယံ Helipad ရဟတ်ယာဉ်ကွင်းမှာ DJ ဂီတသံတွေနဲ့ countdown ပါတီ ဆင်နွှဲနိုင်မယ့် အခွင့်အရေး
19-Dec-2019


နှစ်သစ်ကူးပွဲတော် ပါတီပွဲမှာ DJ ဂီတသံနဲ့ မြူးကြွစွာ နိုင်ငံခြားမှာ နှစ်သစ်သွားကူးချင်တယ်ဆိုရင် ဘန်ကောက်မြို့ အထပ်မြင့် Helipad နှစ်သစ်ကူး countdown ပါတီပွဲကို သွားရောက်နိုင်တယ်လို့ သတင်းကောင်းပါးချင်ပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ည ၇ နာရီကနေ ၂၀၂၀ နှစ်သစ် ည ၁ နာရီအထိ ကြာမြင့်မည့် countdown ပါတီ ဖြစ်ပါတယ်။ 

အထပ် ၅၀ ရဟတ်ယာဉ်ကွင်း Helipad မှာ DJ Sam Laxton ရဲ့ ဂီတသံတွေနဲ့အတူ နှစ်သစ်ကူးပါတီပွဲ နွှဲပျော်နိုင်မှာ ဖြစ်ပါတယ်။

အသက် ၂၀ အထက်တိုင်း countdown ကို ပါဝင်နိုင်ပါသတဲ့။ 

Countdown ပွဲရဲ့ လက်မှတ်တွေကတော့ ထိုင်းဘတ် ၃၅၀၀ ကနေ စတင်ပါတယ်။ လက်မှတ်ကို လိုက်ပြီး အနောက်တိုင်း ဘူဖေး၊ ကော့တေးယမကာနဲ့ ယမကာမျိုးစုံကို ခံစားနိုင်ပါတယ်။

ဘန်ကောက်မှာ နှစ်သစ်ကူးမယ်ဆိုရင်တော့ 360 Helipad countdown က လက်လွတ်မခံသင့်တဲ့ ဂီတညဖြစ်မှာ မလွဲပါဘဲ။ 

လက်မှတ်တွေကို အွန်လိုင်းကနေ ဝယ်ယူချင်တယ် ဆိုရင်တော့ https://www.eventpop.me/e/7607-thehelipad360countdown  မှာ ရရှိနိုင်ပါတယ်။ 

F-02