News

POST TYPE

ADVERTORIAL

GOR Clothing ရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပ
17-Dec-2019


GOR Clothing ရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဒီဇင်ဘာ ၁၇၊ ရန်ကုန်

လူငယ်တွေအတွက် အလန်းစား ဖက်ရှင်ဒီဇိုင်းတွေတီထွင်ထုတ်လုပ် ကူညီမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ထားတဲ့ “GOR Clothing” ရဲ့ ရုံးခန်းဖွင့်ပွဲကို ဒီဇင်ဘာ ၁၅ ရက်က အုတ်ကျင်း နီလာလမ်းမှာ ရုံးဖွင့်ပွဲကျင်းပခဲ့ပါတယ်။
အဲ့ဒီဖွင့်ပွဲကိုတော့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ မိတ်ဆွေများ၊ မီဒီယာများနဲ့ သရုပ်ဆောင် ဇေယျလည်း တက်ရောက်ခဲ့ပါတယ်။

လောလောဆယ်မှာတော့ ရုံးခန်းသစ်ပဲဖွင့်လှစ်ခဲ့တာဖြစ်ပြီး T-Shirt များကိုတော့ နှစ်သစ် ဇန်နဝါရီလတွင် စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ လူငယ်တွေအတွက် အလန်းစားဖြစ်နိုင်ဖို့ T-shirt brand တစ်ခု တည်ထောင်ဖို့ တွေးမိလိုက်တဲ့ အခါမှာ ကျွန်တော်တို့ ဖြစ်စေချင်တဲ့အတိုင်း အားလုံးလန်းစေရမယ်ဆိုတဲ့ စကားလုံးကို ဝိုင်းဝန်းပြီး တိုင်ပင်ခဲ့ကြပါတယ်။ အဲ့ဒီမှာ အခုဗန်းစကား တစ်ခုလို ခေတ်စားနေတဲ့ ဂေါ်လိုက်တာကွာ ဆိုတဲ့ လူငယ်တွေပြောနေကြ စကားလေးကို တွေးမိခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့အားလုံး Brand နာမည်ကို “ဂေါ်” အဖြစ် ရွေးချယ် ဖြစ်ခဲ့ကြတာပါ။ ကျွန်တော်တို့ Brand Logo ဆွဲရတဲ့ အချိန်မှာတော့ အင်္ဂလိပ်လိုဆွဲချင်တာ ဖြစ်တဲ့အတွက် Brand နာမည် “ဂေါ်” အတွက်ကို အင်္ဂလိပ်လို “GOR” အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အဲ့လို ပြောင်းလဲလိုက်ရတဲ့ အဓိပ္ပါယ်ကလည်း ရခိုင်ပြည်နယ်ကို ကိုယ်စားပြုတဲ့ စကားလုံးလေးဖြစ်စေချင်လို့ “Glory Of Rakhine” အတိုကောက် “GOR” မြန်မာလို “ဂေါ်” ဆိုပြီး ပေးဖြစ်ခဲ့တာပါ” GOR Brand စတင်ပြီးနာမည် ပေးခဲ့ဖြစ်ပုံနဲ့ ပတ်သက်ပြီး CEO ဖြစ်သူ ဦးမင်းအောင်ဟိန်းမှ အခုလို ပြောခဲ့ပါတယ်

Managing Director ဖြစ်သူ ဦးထွန်းထွန်းဝင်းမှလည်း “ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ Brand ရဲ့ mission တစ်ခုကို အရင်သတ်မှတ်ပြီးမှ အခုလို စတင်လုပ်ဆောင် ခဲ့ကြတာပါ။ ကျွန်တော်တို့ GOR Brand ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ “Your Fashionable is our Desire” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လူငယ်တွေကို ဖက်ရှင်ကျပြီး လန်းနေ၊ ဂေါ်နေဖို့ အစွမ်းကုန်ကြိုးစားသွားကြမှာပါ” လို့ဆိုပါတယ်။