News

POST TYPE

ADVERTORIAL

ချည်ရုပ်ရှင်ဇာတ်ကားအညွှန်းလေးကို ပရိသတ်တွေ ကြိုတင်ခံစားနိုင်စေရန်
17-Dec-2019


ခွန်းဒနဲ့ မုမူရာတို့သည် လွိုင်ကော်နည်းပညာတက္ကသိုလ်မှာ ပညာသင်ကြားနေကြသူများဖြစ်ကြပါတယ်။ ခွန်းဒက ကင်မရာတစ်လုံးနဲ့ အပျော်တမ်းဓာတ်ပုံရိုက်တတ်သူဖြစ်ပြီး တစ်ရက်မှာတော့  ဖူးစာရှင်ဖြစ်နိုင် မဖြစ်နိုင်ဆုံးဖြတ်သည့် ကယန်းရိုးယားစကောလှိမ့်သည့်ဓာတ်ပုံကို သွားရောက်ရိုက်ကူးရာသို့ ခွန်းဒနှင့်အတူ မုမူရာပါလိုက်ပါလာခဲ့ပါတယ်။  ဓါတ်ပုံရိုက်ပြီးအပြန်မှာတော့ မီးလောင်နေသော အိမ်တစ်လုံးကို ဝိုင်းကူ၍မီးငြိမ်းသတ်ပေးကြရာ၊ ကယန်းဓလေ့ထုံးစံအရ မီးငြိမ်းသတ်သူများအားလုံး မီးလောင်ပြင်မှာပဲ တစ်ညအိပ်ကြရလေတော့တယ်။

 အစကတည်းက သူငယ်ချင်းမက ရည်းစားမကျအခြေအနေတွင်ရှိသော ခွန်းဒနှင့်မုမူရာတို့ ထိုနေ့တွင်ပင် ချစ်သူများဖြစ်သွားခဲ့ကြပါတယ်။ ခွန်းဒက နှစ်ဖက်မိဘများကို သူတို့နှစ်ဦးချစ်နေကြကြောင်းကို ဖွင့်ပြော၍ မုမူရာကို ကယန်းဓလေ့အတိုင်း နားဖောက်ရာ၊ ရှေးရိုးဆန်သော မုမူရာ၏ဖခင်က ရိုးရာဓလေ့အတိုင်း ကြက်ရိုးထိုးခြင်း ဝက်သည်းခြေနိမိတ်ကြည့်ခြင်းတို့ ပြုလုပ်ရာ၊ ခွန်းဒနှင့်မုမူရာသည် သင့်လျော်သောအိမ်ထောင်ဖက်မဟုတ်၊ လက်ထပ်ထိမ်းမြားလိုက်လျှင် ဆိုးရွားသောကံကြမ္မာများနှင့်ရင်ဆိုင်ရမည်ဟု အဖြေထွက်သဖြင့်၊ မုမူရာ၏ဖခင်က ခွန်းဒနှင့်မင်္ဂလာဆောင်ရန် သဘောမတူခဲ့ပေ၊ ခွန်းဒက မုမူရာကို လက်လွတ်ဆုံးရှုံးမခံနိုင်သဖြင့် ခိုးယူပေါင်းသင်းခဲ့ကြပါတယ်…

သူတို့နှစ်ဦးကတော့ အချစ်ကို ယုံကြည်မှုအပြည့်နဲ့  မပြည့်စုံသော အိမ်ထောင်သည်ဘဝကို ချစ်ခြင်းမေတ္တာတွေနဲ့ ချည်နှောင်ထုံးဖွဲ့ရင်း အိမ်ထောင်သက် ဆယ်နှစ်တွင်းသို့ရောက်လာခဲ့တော့ပါတယ်…..

ခွန်းဒ၏ကြိုးစားမှု မုမူရာ၏မယားကောင်းပီသမှုတို့ကြောင့် အထိုက်အလျောက်ပြည့်စုံလာခဲ့ပြီး၊ ၈နှစ်အရွယ်သမီးငယ်လေးနှင့်သာယာချမ်းမြေ့သော မိသားစုဘဝကို ထူထောင်နိုင်ခဲ့ကြပါတယ်။ ထိုကဲ့သို့ သာယာအေးချမ်းနေသော ခွန်းဒနဲ့ မုမူရာ၏ မိသားစုဘဝထဲသို့ ဒေါက်တာငုရွှေဝါသွယ်ဆိုသော မိန်းကလေးတစ်ဦး မထင်မှတ်ဘဲ ဝင်ရောက်လာခဲ့ပါတယ်……  ငုရွှေဝါသွယ်က ပြည်ပအခြေစိုက် NGO အဖွဲ့အစည်းတစ်ခုနဲ့အတူ လိုက်ပါလာသော ဆရာဝန်မလေးတစ်ဦးဖြစ်ပြီး၊ သူမရဲ့ မိခင်က Single mother တစ်ဦးဖြစ်၍ ငယ်စဉ်ကတည်းက မေတ္တာငတ်မွတ်ခဲ့သူဖြစ်ခဲ့ပါတယ်…..

တစ်ရက်မှာ  မိုင်းတွင်းထဲ၌ ခွန်းဒ၏ဝေယျာဝစ္စများကို လုပ်ကိုင်ပေးသူ ဦးဗျားရယ်၏မြေးမလေးကို ဆေးကုပေးရင်း ငုရွှေဝါသွယ်နဲ့ ခွန်းဒတို့ ဆုံစည်းမိခဲ့ကြပါတယ်….. ငုရွှေဝါသွယ်က ခွန်းဒကို မြင်မြင်ချင်းခင်တွယ်သွားခဲ့ပြီး ခွန်းဒရှိရာသို့နေ့စဉ်လာရောက်လေတော့တယ်….  နိုင်ငံရပ်ခြားတွင် အရွယ်ရောက်ကြီးပြင်းခဲ့သူဖြစ်၍ ခွန်းဒအပေါ်ထားသည့် သူမ၏စိတ်ဝင်စားမှုကိုဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းထုတ်ပြောခဲ့ပါတယ်…  တစ်ရက်တွင် ကယန်းမင်္ဂလာဆောင်ရှိရာ ရွာတစ်ရွာသို့ ငုရွှေဝါသွယ်ကို လိုက်ပို့ပေးပြီးအပြန်တွင် လက်နက်ကိုင်အဖွဲ့အချင်းချင်း ရွာထဲတွင်ပစ်ခတ်မှုဖြစ်ပွားရာ၊ ငုရွှေဝါသွယ်က မတော်တဆ ဒါဏ်ရာ ရရှိခဲ့ပါတယ်…..

ငုရွှေဝါသွယ်က သူ့ကိုအရူးအမူးချစ်နေသည်ကို ခွန်းဒသိသော်လည်း သူ့ကြောင့် ဒုက္ခိတဖြစ်ရသည်ဟု ခံယူထားသည့်စိတ်၊ ပင်ကိုယ်စိတ်ရင်းအရ အားနာသည့်စိတ်တို့ကြောင့် ပစ်ပစ်ခါခါ မငြင်းပယ်ဘဲရက်ဘဲ ဖြစ်နေပါတယ်……  သူတို့ သုံးဦးရဲ့ချစ်ခြင်းမေတ္တာလွန်ဆွဲပွဲမှာ ဘယ်သူက ဘယ်သူ့ကို ချည်နှောင်လိုက်မှာလဲ..ဆိုတာ သိချင်ရင်တော့ ဒီဇင်ဘာ ၂၆ရက်မှာ ချည်ရုပ်ရှင်ကားကြီးကို နွေးထွေးတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ချည်နှောင်ဖို့အတွက် ကြွခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်နော်…….