News

POST TYPE

ADVERTORIAL

ASUS မှ The New ZenBook နှင့် VivoBook Laptop Model အသစ် မိတ်ဆက်
31-Oct-2019


ရန်ကုန်၊ အောက်တိုဘာလ ၃၁

“The Laptop of Tomorrow” ခေါင်းစဉ်ဖြင့် The New ZenBook နှင့် VivoBook Laptop Model အသစ် မိတ်ဆက်ပွဲကြီးကို ASUS မှ Pan Pacific Hotel တွင် ယမန်နေ့က စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ ထို မိတ်ဆက်ပွဲကြီးတွင် ASUS ၏ ပစ္စည်းများဖြစ်သော ZenBook Pro Duo (UX581)၊ ZenBook Duo (UX481)၊ ZenBook 14(UX434)/ ZenBook 15(UX534)၊ The Brand New VivoBook: S14(S431) and S15(S531)၊ New AMD Ryzen-Powered ZenBook (UM431) နှင့် VivoBook (A412/512 & M409/509) တို့ကိုမိတ်ဆက်ပေးခဲ့သည်။



မြန်မာပြည်၏ နာမည်ကြီး influencer ကြယ်ပွင့်များ၊ နည်းပညာ reviewer များ၊ animation studio ကို ထူထောင်သူများနှင့်အတူ ဆန်းသစ်တီထွင်မှုအရှိဆုံး laptop များအဖြစ် နှစ်ပေါင်းများစွာကြာ ရပ်တည်နေနိုင်မှု၊ ၎င်းတို့မှာ ASUS ၏ နှစ် ၃၀ ပြည့် အခမ်းအနားနှင့် အသစ်ထွက်ရှိသည့် ZenBook နှင့် VivoBook laptop series များ မိတ်ဆက်ပွဲတို့ကို ပူးတွဲကျင်းပမှု၏ အစိတ်အပိုင်းများဖြစ်ကြသည်။

“အနာဂါတ်ရဲ့ laptop တစ်လုံး (The Laptop of Tomorrow)”ဟု အမည်ပေးထားသော အဆိုပါအခမ်းအနားကို Pan Pacific ဟိုတယ်၌ ကျင်းပခဲ့ပြီး အဆိုပါပွဲ၌ dual-display ZenBook Pro Duo, new ZenBooks နှင့် second-gen touch display များ ပါဝင်သည့် VivoBooks တို့ကို မိတ်ဆက်ပေးခဲ့သည်။ ထို့အပြင် Intel ၏ နောက်ဆုံးမျိုးဆက်ဖြစ်သော 10thgeneration CPU များနှင့် AMD Ryzen CPU တို့ကို တပ်ဆင်ထားသည့် ZenBook နှင့် VivoBook model များကိုလည်း မိတ်ဆက်ပေးခဲ့သည်။ ဤ processor အသစ်များသည် ပိုမိုကောင်းမွန်သော battery life နှင့် တိုးတက်လာသော စွမ်းဆောင်ရည်တို့ကိုပေးပြီး ASUS laptop အသစ်များ၏ လုပ်ဆောင်ချက်ကို ပိုမိုတိုးတက်စေခဲ့ကာ အသုံးပြုသူများကို ရွေးချယ်စရာများပိုမိုပေးခဲ့ပါသည်။



“အနာဂါတ်ရဲ့ laptop တစ်လုံး (The Laptop of Tomorrow)”ဟု အမည်ပေးထားသော ZenBook Pro Duo နှင့် ZenBook Duo တို့ကို ဖန်တီးသူများနှင့် creative professional များအတွက် ရည်ရွယ်ထုတ်လုပ်ထားသည်။ ဤထူးခြားသော laptop များတွင် secondary display များပါဝင်ပြီး multitasking နှင့် creative production တို့လုပ်ရာတွင် အထောက်အပံ့ဖြစ်စေရန်ဖြစ်သည်။

Event theme ကို ရရှိအောင်ကူညီပေးသည့်သူများမှာ နာမည်ကြီး influencer များဖြစ်ပြီး နည်းပညာ reviewer-TBH Labs ၊Volgger, YouTuber, Educator, Content Writerနှင့် Social Influencer ဖြစ်သော Dee Dee (Burmese Vlog) နှင့် Pencell Studio ၏ Cofounder/Art Diector ကို နိုဘယ်အောင်တို့ဖြစ်သည်။ အဆိုပါနာမည်ကြီးများမှ ASUS laptop အသစ်များကို အသုံးပြုခြင်းအားဖြင့် ၎င်းတို့၏ သက်ဆိုင်ရာနယ်ပယ်များ၌ မည်ကဲ့သို့ productivity တက်ခဲ့ပုံများနှင့် ကိုယ်ပိုင် user experience များကို မျှဝေခဲ့သည်။

ASUS ၏ Country Manager ဖြစ်သူ Jim မှ “အခုလို The New ZenBook နှင့် VivoBook ပစ္စည်းသစ်မိတ်ဆက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်တဲ့အတွက် ဝမ်းသာပါတယ်။ နည်းပညာဆိုတာ လူတွေရဲ့ နေ့စဉ်ဘဝမှာ အရမ်းအရေးပါတယ်မလား။ ဒီနေ့မိတ်ဆက်ပေးခဲ့တဲ့ ZenBook series ၂ ခုကတော့ creative professional တွေနဲ့ business man တွေအတွက် productivity တိုးတက်လာစေဖို့ ရည်ရွယ်ပါတယ်။ VivoBook Series တွေကတော့ အဆင့်မြင့်နည်းပညာတွေ ပါဝင်တဲ့ Ultrabook တွေကို ဈေးနှုန်းသက်သက်သာသာနှင့် အသုံးပြုချင်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့လည်း ဒီလိုမျိုး Ultrabook တွေကို ဈေးနှုန်းအမျိုးမျိုး specification အမျိုးတို့နဲ ရွေးချယ်စရာတွေပေါများလာလို့ ကျေနပ်လိမ့်မယ်လို့ ယူဆပါတယ်။”ဟု ပြောကြားခဲ့ပါသည်။

နိုင်ငံကျော် Vlogger, Youtuber, Educator, Content writer နှင့် Social Influencer ဖြစ်သော Dee Dee (Burmese Vlog) မှလည်း  “နည်းပညာက ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အလွန်အရေးပါပါတယ်။ နည်းပညာတွေကြောင့် ကျွန်တော်တို့ဘဝတွေ အလွန်ချောမေ့ွလာပါတယ်။ IT ခေတ်ကြီးမှာ နည်းပညာတွေက နေ့ရက်တိုင်း တရှိန်ထိုးတိုးတက်နေတဲ့အတွက် ကျွန်တော်တို့ လိုက်မီဖို့ လိုအပ်ပါတယ်။ ဒီနေ့ မိတ်ဆက်သွားတဲ့ ASUS New ZenBook နဲ့ new VivoBooks တို့က ပိုမိုကောင်းမွန်တဲ့ နည်းပညာတွေ၊ feature တွေ ပါဝင်ပြီး performance ကတော့ တကယ့်ကို အမိုက်စားပဲ။ လူတွေလည်း ရွေးချယ်စရာ အတော်များများ ရကြမှာပါ။ အခုလို နည်းပညာအသစ်တွေကို တီထွင်ထုတ်ဖော်ပေးလို့ ASUS ကို ကျေးဇူးတင်ပါတယ်”ဟု ပြောကြားခဲ့သည်။



 


  • VIA