News

POST TYPE

ADVERTORIAL

Realme Myanmar ၏ Brand Friend အဖြစ် အကယ်ဒမီများဆုရှင် သက်မွန်မြင့်ဖြစ်လာခဲ့
10-Oct-2019
Realme Myanmar က သိပ်မကြာခင်မိတ်ဆက်မည့် ထုတ်ကုန်သစ်များဖြစ်ကြသော realme 5 နှင့် realme 5 Pro စမတ်ဖုန်းသစ်များအတွက် အထူးအနုပညာရှင်ပုံရိပ်အဖြစ် အကယ်ဒမီများဆုရှင် သက်မွန်မြင့်အား လက်တွဲခန့်အပ်လိုက်ပြီဖြစ်ပြီး realme Myanmar ပရိသတ်များနှင့် ချစ်သက်ဟု ပြည်သူများက အားပေးခေါ်ဆိုကြသည့် သက်မွန်မြင့်၏ အားပေးသူများအကြားတွင် ပိုမိုနွေးထွေးသည့် အဝန်းအဝိုင်းတစ်ခုကို ဖော်ဆောင်ပေးနိုင်တော့မည်ဖြစ်သည်။ 


Realme မှာ နိုင်ငံတကာစမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပြီး ဈေးကွက်ပေါင်း ၂၀ ကျော်တွင် လူငယ်ထုများအတွက် စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကောင်းများကို စဉ်ဆက်မပြတ်ပေးအပ်လျက်ရှိသလို ယခုတစ်ခါတွင်လည်း မြန်မာပြည်စမတ်ဖုန်းသုံးစွဲသူများအတွက် ထူးခြားသည့် စမတ်ဖုန်းအတွေ့အကြုံကောင်းများ ပေးစွမ်းနိုင်စေရန် realme 5 နှင့် realme 5 Pro ထုတ်ကုန်သစ်များကို ယခု အောက်တိုဘာလအတွင်း မိတ်ဆက်ပေးသွားရန် ပြင်ဆင်ထားပြီဖြစ်သည်။ ယခုထုတ်ကုန်များတွင် Leap To Quad Camera ဆိုသည့်အတိုင်း နောက်ဘက်ကင်မရာ ၄ လုံးအထိ ပါဝင်မည်ဖြစ်ပြီး ရှေ့ဘက် Selfie ကင်မရာနှင့်ပါဆိုလျှင် ထူးခြားသည့် ကင်မရာ ၅ လုံးအတွေ့အကြုံကောင်းများကို အပြည့်အဝခံစားရစေမည်ဖြစ်သည်။ ထုတ်ကုန်အရည်အသွေး ပိုမိုမြင့်တက်ကောင်းမွန်းလာသည့်နည်းတူ သုံးစွဲသူများအကြားတွင်လည်း realme brand ပုံရိပ်ကို ပိုမိုမြင့်တက်စေရန်နှင့် တစ်မူထူးခြားပြီးနွေးထွေးသည့် ပရိသတ်အဝန်းအဝိုင်းနှင့်ပါ ယှဉ်တွဲ ပေါင်းစပ်ပေးစေလိုသည့် ရည်ရွယ်ချက်ဖြင့် အမာခံအဝါရောင်တပ်သားများ ဝန်းရံအားပေးလျက်ရှိသည့် အကယ်ဒမီများဆုရှင် သက်မွန်မြင့်အား realme Myanmar ၏ Brand Friend အဖြစ်ပါ ခန့်အပ်လက်တွဲခဲ့ခြင်းဖြစ်သည်။

“Realme ဆိုတာက တစ်ကမ္ဘာလုံးက လူငယ်တွေကို ဦးတည်ကာ ထူးခြားဆန်းသစ်တဲ့ စမတ်ဖုန်းအတွေ့အကြုံကောင်းတွေကို ပေးစွမ်းနေတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဆိုတာ အချိန်တိုအတွင်းမှာ သက်သေပြထားပြီးဖြစ်ပါတယ်။ အခုဆိုရင် တိုးတက်မှုအရှိဆုံး စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ထိပ်တန်းကမ္ဘာစမတ်ဖုန်း ၁ဝ ခုစာရင်းဝင်အဖြစ်ပါ ရပ်တည်နေတာဆိုတော့ ရှေ့ဆက်ပြီးလည်း ပိုမိုအောင်မြင်ပြီး လူငယ်ထုတွေ ပိုမိုနှစ်သက်သဘောကျစေမယ့် အမှတ်တံဆိပ်အဖြစ်ပါ တိုးမြှင့်တည်ဆောက်သွားမှာဖြစ်ပါတယ်။ အခုလိုအရှိန်အဟုန်မြှင့်တင်လုပ်ဆောင်နေချိန်မှာ မြန်မာပြည်သူတွေအားလုံး ချစ်ခင်နှစ်သက်မြတ်နိုးအားပေးကြတဲ့ အကယ်ဒမီများဆုရှင် သက်မွန်မြင့်ကို realme Myanmar ရဲ့ Brand Friend အဖြစ်ခန့်အပ်လက်တွဲခွင့်ရလို့ တကယ်ပဲဝမ်းသာဂုဏ်ယူမိပါတယ်။ လူငယ်ထုပရိသတ်တွေအားပေးကြတဲ့ realme စမတ်ဖုန်းအမှတ်တံဆိပ်နဲ့ လူငယ်တွေကပဲ ပိုမိုအားပေးလာကြတဲ့ အကယ်ဒမီများဆုရှင် သက်မွန်မြင့်တို့ အခုလိုလက်တွဲပူးပေါင်းကြတာဟာ ပိုမိုကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင်သစ်တွေ စိုက်ထူးသွားမယ့် ပထမဆုံးခြေလှမ်းလို့လည်း မြင်မိပါတယ်။ မတူညီတဲ့ ပရိသတ်အဝန်းအဝိုင်း ၂ ခုကြားမှာ ဒီထက်ပိုမိုနွေးထွေးမှုတွေ ယှဉ်တွဲဖြစ်ပေါ်လာစေမယ့်လို့ ယုံကြည်မိပါတယ်”ဟု realme Myanmar ၏ CEO ဖြစ်သူ Mr.David က ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ 

Realme Myanmar ၏ Brand Friend အဖြစ် လက်တွဲခွင့်ရခြင်းနှင့်ပတ်သက်၍ အကယ်ဒမီများဆုရှင် သက်မွန်မြင့်ကလည်း “realme ဆိုတာနိုင်ငံတကာမှာ ဖြန့်ကျက်လုပ်ဆောင်နေတဲ့ ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ်ဆိုတဲ့အတိုင်း ဂုဏ်သတင်းမွေးပြန့်မှုကြီးပါတယ်။ မြန်မာပြည်ဈေးကွက်မှာလည်း အားပေးသူတွေဟာ ပိုမိုများပြားလာနေတာကိုက သူတို့ရဲ့အရှိန်အဝါကြီးလာခြင်းရဲ့သက်သေတစ်ခုလို့ ဆိုနိုင်ပါတယ်။ သက်မွန်ကတော့ ကိုယ့်ရဲ့ပရိသတ်တွေအတွက် ကိုယ့်ရဲ့အနုပညာဖန်တီးမှု၊ အနုပညာပုံရိပ်တွေကို အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားဖန်တီးပေးနေတာဆိုတော့ အခုလို realme Myanmar နဲ့ လက်တွဲပူးပေါင်းမှုကနေ မတူညီတဲ့အနုပညာတန်ဖိုးတစ်ခု ထပ်ဆင့်ချပြပေးနိုင်မယ်လို့ ယုံကြည်ခံစားမိပါတယ်။ နှစ်ဘက်ပရိသတ်တွေကလည်း ထူးခြားဆန်းမှုအတွေ့အကြုံတွေကို အမြဲတမ်း မျှော်လင့်နေကြတာဆိုတော့ အခုအသစ်မိတ်ဆက်ပေးမယ့် realme 5 နဲ့ realme 5 Pro စမတ်ဖုန်းသစ်တွေမှာ အပြည့်အဝခံစားရစေမှာ သေချာပါတယ်။ စမတ်ဖုန်းလောကမှာ ချစ်သက်ရဲ့ထူးခြားတဲ့ အနုပညာပုံရိပ်တွေကိုပါ ပရိသတ်တွေအနေနဲ့ ခံစားရစေမှာဖြစ်လို့ အခုလို realme Myanmar နဲ့လက်တွဲပူးပေါင်းမှုကနေတစ်ဆင့် နောက်ထပ်အနုပညာတန်ဖိုးတစ်ခု တိုးလာမယ်လို့လည်း ယုံကြည်မိပါတယ်”ဟု ပြောဆိုသွားခဲ့သည်။



  • VIA