News

POST TYPE

ADVERTORIAL

မြန်မာ့အလှရှုခင်းတွေကို OPPO Reno2 နဲ့ ပုံဖော်ထားတဲ့ “Amazing Myanmar Campaign”
10-Oct-2019
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အောက်တိုဘာလ (၉) ရက် 

OPPO Myanmar ကနေ “Quad Camera, Zoom into Imagination” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မကြာခင်မှာ စတင်မိတ်ဆက်ပေးသွားတော့မယ့် OPPO Reno2 နဲ့အတူ “Amazing Myanmar Campaign” အတွက် ရင်သက်ရှုမောဖွယ်ရာ အလှပဆုံး ရှုခင်းတွေကို  မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ပုဂံ၊ ရန်ကုန်၊ မန္တလေးနဲ့ အင်းလေး မတူညီတဲ့ နေရာ (၄)နေရာကို သွားရောက် ရိုက်ကူးခဲ့ပါတယ်။ OPPO Reno2 မှာ ပါဝင်လာတဲ့ Quad Camera နဲ့အတူ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှုခင်းတွေ၊ မီးအလင်းရောင်တွေ ပြိုးပြိုးပျက်ပျက် တောက်ပနေတဲ့ ရန်ကုန်မြို့ပြရဲ့  ညအလှတွေ၊ တောင်သမန်အင်းရဲ့အလှတွေကို မေးတင်ထားတဲ့ ဦးပိန်တံတားရဲ့ ညနေဘက် နေဝင်အလှတရားတွေ နဲ့ အင်းလေးရေပြင်ကျယ်ကြီးမှာ လှုပ်ရှားသွားလာနေတဲ့ အင်းသားတွေရဲ့ ဘဝအလှတရား တွေကို အကောင်းဆုံးပုံဖော်နိုင်ခဲ့ပါတယ်။ 


အင်းလေးရေပြင်ပေါ်က သဘာဝအလှတရားများ

“လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း” ဆိုတဲ့အတိုင်း ပုဂံဘုရားတွေရဲ့ အငွေ့အသက်တွေကို အပြည့်အဝခံစားရမယ့် ပုံရိပ်တွေကို  OPPO Reno2 မှာပါဝင်လာတဲ့ 48MP Ultra Clear Main Camera၊ Ultra Wide Angle Lens တွေနဲ့အတူ မတူညီတဲ့ ရှုထောင့်ကနေ အပြတ်သားဆုံး ဓာတ်ပုံတွေအဖြစ် ပြောင်းလဲကာ အကောင်းဆုံးပုံဖော်နိုင်ခဲ့ပါတယ်။ အနုမှာ အနန္ဒာ လို့ ဆိုရိုးရှိခဲ့တဲ့အတိုင်း အာနန္ဒာဘုရားကြီးရဲ့ အနုပညာမြောက်လှတဲ့ ဗိသုကာလက်ရာတွေကို OPPO Reno2 နဲ့အတူ အသေးစိတ် ရိုက်ကူးနိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ပုဂံကို နောက်တစ်ခေါက်ပြန်သွားချင်လောက်တဲ့ ခံစားချက်မျိုးတွေတောင် ဖြစ်ပေါ်လာနိုင်ပါတယ်။ 


မတူညီတဲ့ ရှုထောင့်ကနေရိုက်ကူးထားတဲ့ အာနန္ဒာဘုရားကြီး

OPPO Reno2 မှာပါဝင်လာတဲ့ Quad Camera က သဘာဝတရားက ဖြစ်တည်လာတဲ့ အလှရှုခင်းတွေကို အကောင်းဆုံးပုံတွေအဖြစ် ပြောင်းလဲပေးနိုင်သလိုဘဲ အလင်းရောင်နဲနဲမှာတောင် အကောင်းဆုံးရိုက်ကူးနိုင်တဲ့ OPPO Reno2 ရဲ့ Ultra Dark Mode နဲ့အတူ မြို့ပြရဲ့ ညအလင်းရောင်အောက်မှာ လှုပ်ရှားသွားလာနေကြတဲ့ ကားမီးရောင်တွေနဲ့ ညအလှတွေကိုအကောင်းဆုံး ပုံဖော် ရိုက်ကူးနိုင်ခဲ့ပြန်ပါတယ်။


ဦးပိန်တံတားရဲ့ ရင်သက်ရှုမောဖွယ်ကောင်းတဲ့ ညနေဆည်းဆာအလှ

တောင်သမန်အင်းကို မေးတင်ထားတဲ့ ဦးပိန်တံတားရဲ့ ရင်သက်ရှုမောဖွယ်ကောင်းတဲ့ ညနေဆည်းဆာအလှကို OPPO Reno2 မှာပါဝင်လာတဲ့ Quad Camera နဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်မယ်ဆိုရင်  ပန်းချီကားတစ်ချပ်အလား လှပလွန်းလှပါတယ်။

ပြည်တွင်းခရီသွားတွေရော နိုင်ငံခြားခရီးသွားတွေရော အထူးစိတ်ဝင်စားတဲ့ ဧရာဝတီမြစ်ကမ်းဘေးက စစ်ကိုင်းမြသိန်းတန်စေတီကို သွားရောက်ရိုက်ကူးခဲ့တဲ့ ပုံတွေမှာ ဆိုရင်လည်း OPPO Reno2 ရဲ့ Ultra Wide Angle Lensနဲ့ Portrait Mode 2.0 တို့နဲ့အတူ ရွေ့လျားမှုတိုင်းကို အလှဆုံးပုံရိပ်တွေ အဖြစ်ပြောင်းလဲပေးခဲ့ပြန်ပါတယ်။

ဓာတ်ပုံတစ်ပုံရဲ့ဖန်တီးနိုင်စွမ်းဟာ မတူညီတဲ့ရှုထောင့်တွေကနေ အမျိုးအစားမတူညီတဲ့ ပုံတွေကို ဖန်တီးရိုက်ကူးနိုင်တဲ့ ဖုန်းတစ်လုံးမှာပါတဲ့ ကင်မရာတွေရဲ့စွမ်းဆောင်ရည်ပေါ်မှာ အများကြီး မူတည်နေပါတယ်။  အင်းလေးမှာရိုက်ထားတဲ့ ပုံလေးတွေကို ကြည့်လိုက်မယ်ဆိုရင် OPPO Reno2 ရဲ့ အကောင်းဆုံးသော ရိုက်ချက်တွေနဲ့အတူ အင်းလေးရေပြင်ပေါ်က ဥယျာဉ်စိုက်ခင်းလေးတွေ၊ မျိုးရိုးအစဉ်အလာ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ တံငါငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ အင်းသားကြီးတွေရဲ့ ဘဝအလှတရားတွေကို Ultra Wide Angle Lens နဲ့ အကောင်းဆုံး ပုံဖော်ပေးနိုင်ခဲ့သလို အင်းလေးရေပြင်ရဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ အရာတွေကိုလည်း 5x Hybrid Zoom၊ 20x Digital Zoom တွေပါဝင်လာတဲ့ OPPO Reno2 ရဲ့ 13MP Telephoto Lens ရိုက်ချက်တွေနဲ့အတူ အကောင်းဆုံး ပုံဖော်နိုင်ခဲ့ပါတယ်။ 

OPPO Reno2 ရဲ့ Ultra Dark Mode နဲ့အတူရိုက်ကူူူူူးထားတဲ့ ညအလှရှုခင်း

ဒီဓာတ်ပုံတွေဟာ ဘယ်အချိန်၊ ဘယ်နေရာမဆို မတူညီတဲ့ ရှုထောင့်တွေကနေ အကောင်းဆုံးဓာတ်ပုံတွေကို ဖန်တီးရိုက်ကူးနိုင်တဲ့ OPPO Reno2 စမတ်ဖုန်းနဲ့အတူ ပုဂံ၊ ရန်ကုန်၊ မန္တလေးနဲ့ အင်းလေးဒေသတွေရဲ့ မတူညီ်တဲ့နေရာတွေကို သွားရောက်ပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ OPPO Myanmar Facebook Page ကနေပြုလုပ်ပေးနေတဲ့ “Amazing Myanmar Campaign” မှာ ဒီလိုမျိုး မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သဘာဝအလှတရားတွေကို ကိုယ်ပိုင်ဖုန်းလေးနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ပုံလေးတွေနဲ့အတူ ပါဝင်ဆင်နွှဲ ချင်တယ်ဆိုရင်တော့ ဖော်ပြပေးထားတဲ့ https://www.facebook.com/287391841418711/posts/1398379313653286/  link ထဲကနေ သွားရောက်ပြီး ပါဝင်နိုင်ပါတယ်။ Campaign မှာ ပါဝင်သူတွေအနေနဲ့ မကြာခင်မှာ မိတ်ဆက်ပေးတော့မယ့် OPPO Reno2 နဲ့ Reno2 F စမတ်ဖုန်းတွေကိုလည်း ရယူပိုင်ဆိုင်နိုင်ဦးမှာဆိုတော့ #AmazingMyanmar #TravelwithReno2 #Reno2Series  Hashtag လေးတွေနဲ့အတူ ပါဝင်ဆင်နွှဲရင်း မကြာခင်မိတ်ဆက် ပေးသွားတော့မယ့် OPPO Reno2 Series အတွက် ကြိုတင်ရင်ခုန်လိုက်ရအောင်။



  • VIA