News

POST TYPE

ADVERTORIAL

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တရားဝင်ကျင်းပပြုလုပ်မည့် PUBG MOBILE Myanmar Tournament ပြိုင်ပွဲကြီးကို Title Sponsor အဖြစ် ပူးပေါင်းဆောက်ရွက်သွားမည့် OPPO
15-Aug-2019


ရန်ကုန်မြို့၊ သြဂုတ်လ (၁၅) ရက်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တရားဝင် ကျင်းပပြုလုပ်သွားတော့မည့် PUBG  MOBILE  Myanmar  Tournament  ပြိုင်ပွဲကြီးကို OPPO Myanmar မှ Title Sponsor အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့်ကြေညာအပ်ပါသည်။ PLAYERUNKNOWN’S BATTLEGROUNDS (PUBG) မိုဘိုင်းဂိမ်းကို ထုတ်လုပ်သော Tencent Company သည်  PUBG MOBILE Myanmar Tournament ပြိုင်ပွဲကို မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် ယူဆောင်လာခြင်းဖြစ်ပြီး OPPO Myanmar နှင့် နှစ်ရှည် ပူးပေါင်းဆောင်ရွက်၍ PUBG မိုဘိုင်းဂိမ်းပြိုင်ပွဲများကို ကျင်းပပေးသွားတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Global Company တစ်ခုဖြစ်သော OPPO သည် ၂၀၁၉ အတွင်းတွင် Tencent နှင့်ပူးပေါင်း၍ PUBG MOBILE Tournament ပြိုင်ပွဲများကို အိန္ဒိယနှင့် ရုရှားတွင်လည်း ကျင်းပပေးနေပြီး မြန်မာနိုင်ငံအတွက် ပထဆုံးအကြိမ် Title Sponsor အဖြစ် ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။ ထိုပြိုင်ပွဲကို Game Cast Network Myanmar မှလည်း Organizer အနေဖြင့် ကူညီအားဖြည့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

OPPO Myanmar မှ Title Sponsor အဖြစ် ကူညီပံ့ပိုပေးထားသော ပထမဆုံးပြိုင်ပွဲဖြစ်သည့် Community Battlegrounds ပြိုင်ပွဲကို ဇူလိုင်လ (၁၄) ရက်နေ့တွင် Online ပြိုင်ပွဲတစ်ခုအဖြစ် PUBG MOBILE Official Page တွင် စာရင်းပေးသွင်းမှုများပြုလုပ်ခဲ့ပြီး အုပ်စုအဆင့်ပြိုင်ပွဲများကို ဇူလိုင်လ (၂၂) ရက်နေ့တွင် အသင်းပေါင်း (၁၆၀) သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ အုပ်စုတစ်ခုခြင်းဆီမှ အနိုင်ရရှိသော အသင်း (၁၆) သင်းကို ဖိုင်နယ်အဖြစ် ယှဉ်ပြိုင်ကစားစေခဲ့ပြီး အနိုင်ရရှိသောအသင်း (၄)သင်းကို စုစုပေါင်း UC 100,000 points ချီးမြှင့်ခဲ့ပါသည်။

ဒုတိယမြောက်ပြိုင်ပွဲဖြစ်သော King of the Hills ကိုလည်းကျင်းပပေးသွားမည်

PUBG မိုဘိုင်းဂိမ်းချစ်သူများ ပါဝင်ဆော့ကစားနိုင်မည့် ဒုတိယမြောက်ပြိုင်ပွဲဖြစ်သော King of the Hills offline event ပြိုင်ပွဲကိုလည်း OPPO Myanmar မှ စက်တင်ဘာလ (၁) ရက်နေ့ Junction Square တွင်ကျင်းပပေးသွားမည်ဖြစ်ပြီး pre-register လုပ်ရန်မလိုဘဲ ပွဲကိုလာရောက်သော PUBG ဂိမ်းကို စိတ်ဝင်စားသည့် မည်သူမဆို ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ပါသည်။ ထိုပြိုင်ပွဲတွင် မျက်နှာပြင်ပြည့် Panoramic Screen၊ ဂိမ်းကစားရာတွင် Frame Rate မကျဘဲ ညက်ညောစွာ ကစားနိုင်အောင် ထောက်ပံ့ပေးထားတဲ့ Hyperboost၊ 4000 mAh ဘက်ထရီနှင့်အတူ VOOC 3.0 အမြန်အားသွင်းစနစ် ပါဝင်သော OPPO F11 Pro ဖြင့် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ King of the Hills PUBG MOBILE Tournament ပြိုင်ပွဲတွင် ပထမအဆင့် Community Battlegrounds မှ ပထမဆုနှင့် ဒုတိယဆု ရရှိသောအသင်းများမှ ကစားသမား (၈) ဦးနှင့်အတူ TPP Mode တွင် Solo ပွဲများ ယှဉ်ပြိုင်ရမှာဖြစ်ပြီး  ပါဝင်ယှဉ်ပြိုင်သော PUBG မိုဘိုင်းဂိမ်းချစ်သူများကို စုစုပေါင်းဆုကြေးငွေ 1,000 USD အထိ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။