News

POST TYPE

ADVERTORIAL

Mobile Legends' New Game, Major Update - World Championship and MOONTON Epicon 2019 : The Future Begins Global Conference
19-Jul-2019


ယခုအချိန်တွင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Gamer များမှာ MOONTON, Mobile Legends Bang Bang (MLBB) တီထွင်သူနှင့်အတူ ဝမ်းသာစရာသတင်းများလဲ အများအပြားရှိနေပါပြီ။ MLBB ဆိုတာကတော့ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး မိုဘိုင်းဂိမ်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ရာဂိမ်းအများအပြားနဲ့ အံ့သြစရာသတင်းတစ်ခုဖြစ်တဲ့ “MOONTON Epicon 2019 : The Future Begins Global Conference” ကို ကြေညာပြီးဖြစ်ပါတယ်။

ထိုပွဲကို ၂၀၁၉ ခုနှစ် ဂျူလိုင်လ ၁၈ ရက်နေ့တွင် Nexus ကွာလာလန်ပူမြို့ရှိ Connexion Conference & Event Centre ခန်းမတွင်ကျင်းပခဲ့ပြီး တရုတ်နိုင်ငံ၊ စင်ကာပူမြို့နှင့် မလေးရှားမြို့တို့မှ တက်ရောက်ကြသူ အသီးသီးတို့ထံသို့ Mobile Legends Franchises ၏ ကြီးမားကျယ်ပြန့်သော အောင်မြင်မှုများနှင့် နောင်လာမည့် တီထွင်တိုးချဲ့မှုများကို ဖွင့်ပြရန်အတွက် ထိုပွဲကိုကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ 

MOONTON ကုမ္ပဏီကြီး၏ CEO နှင့် Co-Founder တစ်ဦးဖြစ်တဲ့ Justin Yuan ကသူ၏ အဖွင့်မှာစကားတွင် “ကျွန်ုပ်တို့ရဲ့ တစ်ကမ္ဘ္ဘာလုံးဆိုင်ရာအဖွဲ့ဟာ ဈေးကွက်ပြောင်းလဲမှုနဲ့ လိုက်ရောညီထွေဖြစ်အောင် ထပ်ကာတစ်လဲလဲကြိုးပမ်းခဲ့ပြီး နောက်ဆုံးတိုးတက်မှုနည်းပညာနှင့်အတူ တိုးတက်ကောင်းမွန်အောင်ပြုလုပ်ပြီး ကစားသမားများထံသို့ ပိုမိုဆွဲဆောင်မှုရှိသော ပြည်တွင်းဂိမ်း အတွေ့အကြုံများကိုပေးအပ်ရန်မှာ လက်တွဲဖော်များရဲ့ အကျိုးအမြတ် များပြားပြီး အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သောအလုပ်နဲ့ ရလဒ်တို့အပေါ်မှာ မူတည်ပါတယ်”လို့ ပြောကြားခဲ့တယ်။

များစွာသော ကြေညာချက်များထဲမှ ပထမဦးဆုံးသော အပြည်ပြည်ဆိုင်ရာ MLBB World Championship ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Axiata Arena မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

မလေးရှားနိုင်ငံ လူငယ်နှင့် အားကစားဝန်ကြီးဖြစ်သူ Syed Saddiq bin Syed Abdul Rahman မှလည်း “မလေးရှားနိုင်ငံ၏ Esports industry မှာ ဝင်ငွေအားဖြင့် မီလီယံနှင့်ချီ၍ အောင်မြင်မှုများ ရရှိနိုင်ကြောင်းနှင့် နိုင်ငံ၏စီးပွားရေးကိုပါ တိုးပွားအောင် ဆောင်ရွက်ပေးနိုင်ကြောင်း ပြောကြားခဲ့ပြီး MLBB World Championship ပွဲကြီးကို မလေးရှားနိုင်ငံတွင် ရွေးချယ်ကျင်းပခဲ့သော MOONTON ကုမ္ပဏီကြီးကို အလွန်ပင် ကျေးဇူးတင်ရှိကြောင်း” ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံ Esports အဖွဲ့အစည်းကြီး၏ ခေါင်းဆောင်ဖြစ်သူ Dato Anath S. Nathan မှလည်း MOONTON ကုမ္ပဏီကြီးမှ မလေးရှားနိုင်ငံ၏ esports နှင့်ပူးပေါင်းမှုကို ကျေးဇူးတင်ရှိကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။ “MLBB ဂိမ်းဟာ မလေးရှားနိုင်ငံမှာ နာမည်အကြီးဆုံးနဲ့ လူသုံးစွဲမှု အများဆုံး ဂိမ်းပဲဖြစ်ပါတယ်။ ဒီဂိမ်းကြောင့်ပဲ နိုင်ငံအတွင်းမှ esports ဆော့ကစားသူအသင်းတွေ တိုးပွားလာရခြင်းဖြစ်တယ်”လို့ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ 

အပြည်ပြည်ဆိုင်ရာ M1 ပြိုင်ပွဲကို နိုင်ငံ ၁၄ နိုင်ငံမှ အဖွဲ့ ၁၆ ဖွဲ့မှာ အောင်မြင်မှုများရရှိရန်အတွက် ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမဦးဆုံးသော MLBB World Championship ပေါ်ထွက်လာပြီး ဆုတော်ငွေ ကျပ် $250,000 USD ကိုလည်း ချီးမြှင့်ခဲ့ပါတယ်။ ထိုပြိုင်ပွဲဝင်များရဲ့ ယှဉ်ပြိုင်ကစားပွဲများကိုလည်း ပရိသတ်များမှ Online ပေါ်တွင် live-streaming ပြုလုပ်၍ ပြန်လည်ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါတယ်။ 

စိတ်ဝင်စားစရာကောင်းသော Mobile Legends: Bang Bang 2.0 ၏သတင်းများမှာ ပွဲ၏အဓိကအကြောင်းအရာဖြစ်ပါတယ်။ သုံးစွဲသူများအတွက် ဂိမ်းရဲ့ update အကြောင်းအရာဟာ အခြားသောအရာများထက် ပိုမိုပေါ်လွင်နေပါတယ်။ စက်ပိုင်းဆိုင်ရာ update မှသုံးစွဲသူများရဲ့ အတွေ့အကြုံကိုတိုးမြှင့်ပေးရန် ကတိပေးခဲ့သည်မှာ faster loading၊ start-up speed၊ နဲ့ high definition character modelling တို့ပဲဖြစ်ပါတယ်။ ၎င်းဗားရှင်းအသစ်မှာ လှပကျော့ရှင်းသော new game interface၊ upgraded map၊ တိုးမြှင့်ထားသော FPS၊ လျော့ချထားသော AFK နဲ့ lag၊ ဟီးရိုးအဖွဲ့အသစ်များကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

ထိုပွဲတွင် နောက်ဆက်တွဲ အစီအစဉ်အဖြစ် RPG strategy card game တစ်ခုဖြစ်သော Mobile Legends: Adventure ဂိမ်းကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ထိုဂိမ်းကို ပရိသတ်များထံသို့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် စတင်ဖြန့်ချိတော့မည်ဖြစ်ပါတယ်။ ၎င်းကို အင်တာနက် အသုံးပြုမှုအနည်းငယ်နဲ့ storage consumption အနည်းအကျဉ်းဖြင့်သာ ပြုလုပ်ထားပြီး လွယ်ကူလျင်မြန်သော ကစားနည်းများအတွက် ဒီဇိုင်းပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ Positional Battles များတွင် ကစားသမားများမှ ဟီးရိုးငါးကောင်အထိ ရွေးချယ်နိုင်ပြီး ပြိုင်ဘက်နဲ့ရင်ဆိုင်ဆော့ကစားနိုင်ပါတယ်။ 

The global conference ပွဲမှာဆိုရင်ဖြင့် MOONTON ရဲ့ ပြီးခဲ့သော၊ အနာဂတ်တွင်ပြုလုပ်မယ့် IP ပူးတွဲဆောင်ရွက်မှုများကို Domino’s Pizza, Grab, Choki-Choki, Pepsi, Cola, KFC တို့အပြင် တခြားသောဆိုင်များနှင့်ပါ ပူးပေါင်း ဆောင်ရွက်သွားမည်များကို အသေးစိတ် ရှင်းလင်းပြောပြသွားပါတယ်။
 
မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံ Domino’s Pizza ရဲ့ ပြောရေးဆိုရေးရှိသူ Leong Huey Ying ကတော့ “Mobile Legends နဲ့ စပ်တူလုပ်ကိုင်ရခြင်းဖြင့် မလေးရှားနိုင်ငံရဲ့ gaming and esports community ကို ပိုပြီးကြီးမားသော ဖွံ့ဖြိုးမှုကို အခိုင်အမာတွေ့ ရှိလာရပါတယ်”ဟု ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Mobile Legends နဲ့အတူတူ “United We Win” collaboration ကိုပြုလုပ်ခဲ့ပြီး တွေ့ရှိလာတဲ့ ရလဒ်ကတော့ သူတို့ဆိုင်ခွဲတွင် ပထမဆုံး gaming session in-store ကို live ဖြင့်ပြသခဲ့ရာ ပရိသတ်များမှ အရသာရှိသော pizza နဲ့ တခြားဟင်းပွဲများကို ဝယ်ယူစားသုံးခဲ့ပါတယ်။

ဒါ့အပြင် MLBB ၏ live-streaming ဝန်ဆောင်မှုမှ In-stream Rewards feature ဖြစ်သော stream များကို အချိန်ကြာကြာ ကြည့်ရှုသူများအား in-game reward များ လက်ဆောင်ပေးခြင်း အစီအစဉ်အပေါ် Facbook Gaming ၏ ကိုယ်စားလှယ်ဖြစ်သော Jack Li မှ မှတ်ချက်ပေးခဲ့သည်။

ပွဲမပြီးဆုံးမီတွင် MOONTON မှပရိသတ်များကို ပျော်ရွှင်ခံစားရန်နှင့် Mobile Legends Bang Bang ကမ္ဘာကို ဂီတ၊ စာပေ၊ ကာတွန်း၊ Animation၊ တီဗီအစီအစဉ်များ၊ ရုပ်ရှင်၊ ကြော်ငြာလုပ်ငန်းနှင့် လာမည့်နှစ်များတွင် ဖွံ့ဖြိုးလာမည့် အခြားသောလမ်းကြောင်းများမှတဆင့် ပိုမိုသင်ယူနိုင်စေရန် ကတိပေးအပ်ခဲ့ပါတယ်။

မကြာမီ ရောက်ရှိလာတော့မယ့် များစွာသော စိတ်လှုပ်ရှားဖွယ် ဖွံ့ဖြိုးမှုများနှင့်အတူ Mobile Legends ၏ gamer နှင့် ပရိသတ်တစ်ဦးဖြစ်လာဖို့ ဒီအချိန်ဟာ သိပ်ကောင်းတဲ့အချိန်အခါဖြစ်ပါတယ်။ အခုချက်ချင်းပဲ ဒီလိုကောင်းမွန်ပြည့်စုံတဲ့အခွင့်အရေးကို Mobile Legends: Adventure ဂိမ်းအသစ်မှ ပေးဝေနေပါပြီနော်။ ဒါကြောင့်မလို့ အခုချက်ချင်းပဲ Mobile Legends : Adventure Facebook page https://www.facebook.com/MobileLegendsAdventure/ နှင့် Mobile Legends: Bang Bang Facebook page https://www.facebook.com/mobilelegendsgame ကို follow လုပ်လိုက်ပါ။ 

ဆက်သွယ်ရန်:
Marketing Agency, Jumix Sdn Bhd: Sanz Teoh
ဖုန်း: +60 4609 9028
အီးမေး: [email protected]

Shanghai MOONTON Technology Co. Ltd. အကြောင်း

MOONTON ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အခြေစိုက်သည်။ MOONTON ကုမ္ပဏီသည် ယခုလက်ရှိတွင် တရုတ်၊ တူရကီ၊ ရုရှား၊ အမေရိကား၊ Kazakhstan၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် စင်ကာပူတို့မှ ဝန်ထမ်းဦးရေ ၃၀၀ ကျော်ရှိသည်။ ၎င်းသည် ကမ္ဘာ့မိုဘိုင်းဂိမ်းဈေးကွက်ကို အာရုံစိုက်ပြီး ၎င်းတို့ဘာသာ ဂိမ်းများကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှု အမြန်ဆန်ဆုံးကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော MOONTON ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ပြည်ပမှ ကစားသမား အများစုကိုပိုင်ဆိုင်ထားသော နံပါတ် တစ် ကုမ္ပဏီလဲဖြစ်သည်။ Mobile Legends: Bang Bang သည် လက်ရှိ နာမည်အကြီးဆုံးဂိမ်းတစ်ခုဖြစ်သည့်အပြင် ကမ္ဘာရပ်ဝန်းဦးဆောင်ထားသော မိုဘိုင်း Multiplayer Online Battle Arena (MOBA) လဲဖြစ်သည်။

Mobile Legends: Bang Bang အကြောင်း

Mobile Legends : Bang Bang သည် ကမ္ဘာပေါ်တွင် (တရုတ်နိုင်ငံအပြင်ဘက်) အထင်ရှားဆုံးသော MOBA မိုဘိုင်းဂိမ်းပဲဖြစ်ပါတယ်။ ထိုဂိမ်းကိုသုံးစွဲသူပေါင်း ငါးရာ မီလီယံရှိပြီး လစဉ် ပုံမှန် သုံးစွဲသူဦးရေ ခုနှစ်ဆယ့်ငါးမီလီယံရှိပါတယ်။ ယင်းကဲ့သို့ မြန်ဆန်စွာ တိုးတက်လာမှုကြောင့် နိုင်ငံပေါင်းရှစ်ဆယ်၏ Grossing Market တွင် နံပါတ်တစ်ဆယ်သို့ ရောက်ရှိနေပါပြီ။ ဒါ့အပြင် MLBB သည် အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသနှင့် အိန္ဒိယနိုင်ငံအများအပြားကို ဖုံးလွှမ်းထားသော MOBA ဂိမ်းတစ်ခုလဲဖြစ်ပါတယ်။

MLBB သည် နိုင်ငံနှင့်ဒေသ ၁၃၉ ခုကိုရောက်ရှိနေပြီး ဘာသာစကား ၂၅ မျိုးနှင့် ထွက်ရှိကာ ဂိမ်း server ပေါင်း ၁၂၀၀ ဖြင့် ကောင်းမွန်စွာ လည်ပတ်နေပြီဖြစ်ပါတယ်။