News

POST TYPE

ADVERTORIAL

နှစ်ပါးသွား Update ရုပ်ရှင်အညွှန်း
16-Jul-2019


လူငယ်ဆန်ပြီး ဆေးထိုးကြမ်းထားတဲ့ ‘နှစ်ပါးသွား Update’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မိဘတွေအလိုလိုက်လို့ ဆိုးချင်တိုင်းဆိုးနေတဲ့ တစ်ဦးတည်းသောသမီး ‘Rose’ ဆိုတဲ့ မိန်းကလေးနဲ့ နောက်နောက်ပြောင်ပြောင်နဲ့ ပျော်ပျော်နေတတ်ပြီး အချိန်ဖြုန်းနေတဲ့ တစ်ဦးတည်းသောသား ‘သတိုး’ ဆိုတဲ့ ဇာတ်ကောင်တွေအဖြစ် နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

တစ်နေ့မှာတော့ သူတို့နှစ်ဦး အကြောင်းပါဖို့ကိစ္စဖြစ်လာပြီး တစ်ယောက်နဲ့တစ်ယောက် အနိုင်မခံအရှုံးမပေးဘဲ သူနိုင်ကိုယ်နိုင် ကလဲ့စားချေထားကြတဲ့ အချစ်ဇာတ်မြူးလေးကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်တွေအနေနဲ့ အပျော်တွေကူးစက်စေမယ့် ကြည်နူးဖွယ် ပေါ့ပေါ့ပါးပါး အချစ်ဟာသဇာတ်မြူးလေးကို ကြည့်ရှုရမှာဖြစ်ပြီးတော့ နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့ရဲ့ အသည်းယားစရာ အမူအရာလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကိုလည်း တွေ့မြင်ရမှာပါ။

ဘဝအမောတွေပြေပျောက်စေပြီး အူတက်အောင်ခွီနေရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ လက်မလွတ်တမ်း သွားရောက်ကြည့်ရှုကြဖို့ သတင်းကောင်းပါးလိုက်ပါရစေ။

သတိုးနဲ့ Rose တို့ကြားမှာ ဘယ်လိုကြည်နူးဖွယ် အချစ်ဟာသဇာတ်လမ်းလေး ဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။

အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးပုံဖော်ထားတဲ့ ‘နှစ်ပါးသွား Update’ ရုပ်ရှင်ဇာတ်ကားကိုတော့ ဇူလိုင်လ ၁၈ ရက်နေ့မှာ တစ်ပြည်လုံးမှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။