News

POST TYPE

ADVERTORIAL

“နှစ်ပါးသွား Update” ရုပ်ရှင်အညွှန်း
14-Jul-2019


ရန်ကုန်၊ ဇူလိုင် ၁၁ 

လူငယ်ဆန်ပြီး ဆေးထိုးကြမ်းထားတဲ့ “နှစ်ပါးသွား Update” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မိဘတွေ အလိုလိုက်လို့ ဆိုးချင်တိုင်းဆိုးနေတဲ့ တစ်ဦးတည်းသော သမီး Rose ဆိုတဲ့ မိန်းကလေးနဲ့ နောက်နောက်ပြောင်ပြောင်နဲ့ ပျော်ပျော်နေတတ်ပြီး အချိန်ဖြုန်းနေတဲ့ တစ်ဦးတည်းသောသား သတိုးဆိုတဲ့ ဇာတ်ရုပ်တွေအဖြစ် နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

အပျော်တွေ ကူးစက်စေမယ့် ပေါ့ပေါ့ပါးပါး အချစ်ဟာသဇာတ်မြူးလေးကို ကြည့်ရှုရမှာဖြစ်ပြီးတော့ နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

“နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကိုတော့ ဇူလိုင်လ ၁၈ ရက်နေ့မှာ တစ်ပြည်လုံးမှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

နွယ်နီ