News

POST TYPE

ADVERTORIAL

မကြာခင်မိတ်ဆက်ပေးတော့မယ့် Realme C2
09-Jul-2019

မြန်မာပြည်၏ စမတ်ဖုန်းဈေးကွက်တွင် Realme အမှတ်တံဆိပ်သည် ဈေးကွက်ဝေစုတစ်ခုရရှိလာပြီး လူသုံးများလာသည်။ ဈေးကွက်အတွင်းတွင်လည်း ထုတ်ကုန်သစ်များ အဆက်မပြတ် ဖြန့်ချိလာသည်ကို တွေ့ရပြီး လတ်တလောတွင် Realme C2 ကို ဖြန့်ချိထားသည်။ မကြာခင်တွင် New Version realme C2 မိတ်ဆက်ပေးမည်ဖြစ်သောကြောင့် စာဖတ်ပရိသတ်များ သိရှိနိုင်စေရန် ဖော်ပြအပ်ပါသည်။

Realme C2 (New Version 2GB RAM+ 16GB ROM)
(1) 3+32= 189000 MMK
(2) 2+16 = 139900 MMK

မေး။ ။ Reamle C2 ကို ဘယ်အချိန်ကမိတ်ဆက်ပေးခဲ့တာပါလဲ။
ဖြေ။ ။ Realme C2 ကို ပြီးခဲ့တဲ့ ဇွန်လ (၁၉) ရက်တုန်းက မိတ်ဆက်ပေးခဲ့ပြီး ဇွန်လ (၂၅) ရက်နေ့ကစကာ (3GB RAM + 32GB ROM) ကို ဈေးနှုန်း ၁၈၉,ဝဝဝ ကျပ်ဖြင့် တစ်နိုင်ငံလုံးမှာ စတင်ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

မေး။ ။ အသစ်မိတ်ဆက်ပေးမယ့် New Version realme C2 အကြောင်းလေးလည်း နည်းနည်းရှင်းပြပေးပါဦး။ ထုတ်ကုန်နဲ့ပတ်သက်တဲ့ အာမခံချက်တွေအကြောင်းလည်း အသေးစိတ်ပြောပြပေးစေချင်ပါတယ်။ 
ဖြေ။ ။ အသစ်မိတ်ဆက်လိုက်တဲ့ New Version realme C2 ဟာ Diamond Design, Budget King ဆိုတဲ့အတိုင်း နောက်ကျော်ဘက်ဒီဇိုင်းက စိန်ပုံစံနဲ့တကယ့်ကိုလှပဆွဲဆောင်မှုရှိပြီး တန်ဖိုးသင့်အရည်အသွေးကောင်းဖုန်းအဖြစ်ထွက်လာခဲ့တာပါ။ မျက်နှာပြင်က HD+ ရုပ်ထွက်အရည်အသွေးရှိ 6.1-inch အရွယ်အစားရှိပြီး Dewdrop ဆိုတဲ့နှင်းစက်ပုံစံမျက်နှာပြင်ဒီဇိုင်းနဲ့ဖန်တီးပေးထားပါတယ်။ လူအများစုအကြိုက်တွေ့ကြတဲ့ကင်မရာပိုင်းမှာ ပုံမှန် ကင်မရာတစ်လုံးထက်ပိုကောင်းတဲ့ 13MP+2MP AI Dual Camera ကိုတပ်ဆင်ပေးထားလို့ ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေအပြင် နောက်ခံအဝါးနဲ့ Bokeh effect ပုံမျိုးတွေကိုပါ ရိုက်ယူနိုင်ပါတယ်။ AI (Artificial Intelligent) စနစ်ပါဝင်တာဆိုတော့ မြင်ကွင်းအပေါ်လိုက်ပြီး အရောင်အသွေးစိုပြေလိုက်ဖက်စေမယ့် ဓာတ်ပုံတွေကို ရရှိစေဦးမှာဖြစ်ပါတယ်။ ရှေ့ဘက် Selfie ကင်မရာက 5MP အရည်အသွေးရှိလို့ Social Platform အပေါ်တင်ချင်တဲ့ပုံတွေကို အလှဆုံးအကြည်လင်ဆုံး ရရှိစေမှာဖြစ်ပါတယ်။  

ဖုန်းရဲ့နောက်ထပ်အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ Battery အတွက် ကြာရှည်အသုံးခံစေမယ့် ကြီးမားတဲ့ 4000 mAh အမျိုးအစားကိုသုံးပေးထားလို့ တစ်နေ့တာအတွက် လုံးဝလုံလောက်စေပါတယ်။ ဖုန်းရဲ့စွမ်းဆောင်မှုအတွက် RAM 2GB နဲ့အတူ Mobile Legends လိုဂိမ်းမျိုးအပြင် Low-frame rate နဲ့ထားပြီးကစားရင် PUBG ဂိမ်းမျိုးကိုပါ ဆော့ကစားနိုင်ပါတယ်။ 4G ကွန်ရက်သုံး ဆင်းကဒ် (၂) ကဒ်နဲ့အတူ data အချက်အလက်ကို 256GB အထိ ထပ်တိုးသိုလှောင်နိုင်စေမယ့် extra SD ကဒ် slot ကိုပါထောက်ပံ့ပေးထားပါတယ်။ 

မေး။ ။ အသစ်မိတ်ဆက်ပေးမယ့် New Version realme C2 က အစောဆုံးမိတ်ဆက်ပေးလိုက်တဲ့ realme C2 (3+32) version နဲ့ ဘာတွေကွာခြားသွားမလဲ။ ဈေးနှုန်းကရော ဘယ်လိုဖြစ်မလဲ။ 
ဖြေ။ ။ တကယ်တော့ အစောပိုင်းမိတ်ဆက်ရောင်းချပေးနေတဲ့ realme C2 (3+32) version နဲ့ အခုအသစ်မိတ်ဆက်ပေးလိုက်တဲ့ New Version realme C2 (2+16) မှာ အဓိကကွာသွားတာက RAM နဲ့ ROM ပမာဏပဲရှိပါတယ်။ ဈေးနှုန်းပိုင်းမှာတော့ realm C2 (3+32) အတွက် ၁၈၉,ဝဝဝ ကျပ်ကျသင့်မှာဖြစ်ပြီး New Version realme C2 (2+16) ကတော့ အထူး Promotion ဈေးနှုန်းဖြစ်တဲ့ ၁၃၉,၉ဝဝ ကျပ်နဲ့ရောင်းချပေးနေတာပါ။

မေး။ ။ အခုလိုဈေးနှုန်းပိုင်းကွာသွားတဲ့အပေါ်မှာရော ထုတ်ကုန်ရဲ့အရည်အသွေးပိုင်းဆိုင်ရာတွေမှာ လျော့နည်းပြောင်းလဲသွားတာမျိုးရှိမလား။
ဖြေ။ ။ မြန်မာနိုင်ငံက စမတ်ဖုန်းသုံးစွဲချင်နေကြတဲ့ လူငယ်တွေအတွက် အရည်အသွေးကောင်းတဲ့ထုတ်ကုန်တွေကို တန်ဖိုးသင့်တင့်မျှတစွာ ပိုမိုအသုံးပြုနိုင်စေဖို့နဲ့ realme ဖုန်းတွေနဲ့ထိတွေ့သုံးစွဲရာမှာ ရရှိလာတဲ့ best smartphone experience တွေကိုပေးစေချင်တဲ့အတွက် Profit Mergin ကိုလုံးဝဖြုတ်ချပြီး အခွန်တံဆပ်ခေါင်းတန်ဖိုးအပါအဝင်နဲ့ အခုလိုရောင်းချပေးလိုက်တာဖြစ်ပါတယ်။ 

မေး။ ။ ရှေ့လျှောက်ပြီးလည်း realme အနေနဲ့ မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက် ဘယ်လိုထုတ်ကုန်မျိုးတွေကို မိတ်ဆက်ပေးသွားဖို့ရှိမလဲ။
ဖြေ။ ။ Realme Smartphone အနေနဲ့ Global Market ကို အိန္ဒိယနိုင်ငံကနေစတင်ပြီး ၂၀၁၈ မေလမှာ ဝင်ရောက်ခဲ့တာဖြစ်လို့ သက်တမ်းအားဖြင့်ကြည့်ရင် ၁ နှစ်ကျော်ရုံပဲရှိပါသေးတယ်။ အားလုံးမျှော်လင့်နေကြတဲ့ Type-C အသုံးပြုထားတဲ့ အရည်အသွေးအသွေးမြင့်ဖုန်းတွေကိုလည်း နောက်ပိုင်းမှာ မြန်မာပြည်ဈေးကွက်အတွက်ပါ တင်သွင်းပေးသွားဖို့ပါရှိနေပါတယ်။ Dare To Leap ဆိုတဲ့ Brand Message အတိုင်း အခက်အခဲ၊ စိန်ခေါ်မှု၊ အတာအဆီတွေကိုကျော်ဖြတ်ပြီး လုပ်နိုင်တာထက်ပိုပြီး နည်းပညာနဲ့ထုတ်ကုန်တွေကို Leap of Performance, Leape of Design နဲ့ Leap of Quality ဆိုတဲ့စံချိန်စံညွှန်းတွေအတိုင်း ပိုမိုများပြားလာတဲ့ လူငယ်လူရွယ် စမတ်ဖုန်းသုံးစွဲသူတွေအတွက် ထုတ်လုပ်မိတ်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်။