News

POST TYPE

ADVERTORIAL

Realme အနေဖြင့် နိုင်ငံတကာဈေးကွက်တွင် Xiaomi ၏အဓိကပြိုင်ဘက်အဖြစ် ဆက်လက်ရပ်တည်ပြီး realme C2 ကိုမိတ်ဆက်ပေးခဲ့
10-Jun-2019

Realme အနေဖြင့် နိုင်ငံတကာ စမတ်ဖုန်းဈေးကွက်တွင် Xiaomi ၏ အဓိကပြိုင်ဘက်အဖြစ် ဆက်လက်ရပ်တည်ပြီး ထူးခြားသည့် ထုတ်ကုန်သစ်များစွာကို မိတ်ဆက်ပေးခဲ့သလို ယခုအခါတွင် Budget King ဟုခေါ်တွင်ထားသည့် realme C2 စမတ်ဖုန်းသစ်ကိုပါ နောက်ဆုံးအနေဖြင့် မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။ 

ငယ်ရွယ်နုပျိုသည့် လူငယ်ထုများကို အဓိကဦးတည်ကာ ဆန်းသစ်လှပသည့် မိုဘိုင်းထုတ်ကုန်များ ဖန်တီးထုတ်လုပ်ပေးနေသည့် realme အနေဖြင့် ယခု Budget King series အသစ်ဖြစ်သော realme C2 တွင် တစ်မူထူးခြားသည့် Diamond Design ပုံစံဖြင့် မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် ဖုန်း၏နောက်ကျောဘက်ပုံစံမှာ အဆိုပါဈေးတန်းမျိုးတွင် ထိတွေ့မှုအသစ်ကိုခံစားရစေမည့် texture ဒီဇိုင်းကို ပထမဆုံး အသုံးပြုပေးထားခြင်းဖြစ်သည်။ ယခုမှ စမတ်ဖုန်းတစ်လုံးကို စတင်ထိတွေ့အသုံးပြုလိုသည့် သုံးစွဲသူများအနေဖြင့် realme C2 က နောက်ဆုံးထုတ် မိုဘိုင်းနည်းပညာသစ်များကို Budget King ဈေးနှုန်းမျိုးဖြင့် ထိတွေ့အသုံးပြုနိုင်စေမည်ဖြစ်သည်။ HD+ အရည်အသွေးရှိ ကြီးမားသည့်နှင်းစက်ပုံစံ 6.1-inch display ကို အသုံးပြုပေးထားသည်။ စမတ်ဖုန်း သုံးစွဲသူများအကြားတွင် အဓိက လိုအပ်ချက်တစ်ခုဖြစ်သည့် battery အားကြာရှည်ခံစေရန်အတွက်လည်း အရည်အသွေးမြင့် 4000 mAh battery အမျိုးအစားကို အသုံးပြုပေးထားသည်။ ဓာတ်ပုံရိုက်ကူးမှု အပိုင်းတွင်လည်း Dual Camera စနစ်ကြောင့် ပုံမှန် မြင်ကွင်းကျယ်ဓာတ်ပုံများအပြင် Portrait အလှဓာတ်ပုံများကိုပါ ရိုက်ယူနိုင်စေမည်ဖြစ်သည်။ realme C2 တွင် user များ တောင်းဆိုနေကြသည် Theme Store ကိုပါ တစ်ပါတည်း ထည့်သွင်းပေးထားကြောင်း သိရှိရသည်။ နောက်ဆုံးထုတ် ColorOS 6.0 နှင့်အတူ Android Pie ကို တိုက်ရိုက်ထိတွေ့ခွင့်ရရှိမည်ဖြစ်ပြီး အရောင်ရွေးချယ်မှုအဖြစ် Diamond Blue နှင့် Diamond Black ၂ မျိုးကို ရွေးချယ်နိုင်ကြောင်း သိရှိရသည်။ နိုင်ငံတကာ ဈေးနှုန်းများအရ realme C2 မှာ မြန်မာငွေ ၂ သိန်းအောက် ဈေးတန်းမျိုးဖြင့် ထွက်လာနိုင်ဖွယ်ရှိနေပြီး 3+32 Version ကို လူကြိုက်ပိုများလျက်ရှိနေသည်။