News

POST TYPE

ADVERTORIAL

စမတ်ဖုန်းတွေရဲ့အရောင်ဟာ လူတွေရဲ့စိတ်ကို ဘယ်လိုလွှမ်းမိုးနိုင်သလဲ?
08-May-2019


ယခင်ခေတ်က စမတ်ဖုန်းတွေကို ကြည့်လိုက်မယ်ဆိုရင် အဖြူရောင်၊ အနက်ရောင်၊ ရွှေရောင် စသဖြင့် ရိုးရှင်းတဲ့ အရောင်တစ်ရောင်ကိုသာ အသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ စမတ်ဖုန်းတွေဟာ လူတိုင်းလက်ထဲကို ရောက်ရှိလာခဲ့ပြီး ဖုန်းကို ဖုန်းပြောဖို့အတွက်သာမက တခြားသော ရည်ရွယ်ချက်မျိုးစုံနဲ့အတူ ဖက်ရှင်အထောက်အကူ ပစ္စည်းတစ်ခုအဖြစ်ပါ အသုံးပြုလာကြပါတယ်။ အဲ့ဒီအခါမှာတော့ စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ စမတ်ဖုန်းအရောင်တွေအပေါ် ပိုမိုဆန်းသစ်လာကြပြီး အရောင်စပ်တွေ၊ အရောင်ပြေးတွေ၊ အရောင်ကွဲတွေ ဖန်တီးထုတ်လုပ်လာကြပါတယ်။ 

စမတ်ဖုန်းအသုံးပြုသူတွေဟာလည်း ဖုန်းတစ်လုံးဝယ်တဲ့အခါ အရောင်တွေကို ရွေးချယ်ရသည်ကို နှစ်သက်လာကြပြီး အရောင်ဆန်းသစ်လှပတဲ့ စမတ်ဖုန်းတွေဟာ အသုံးပြုသူတွေဖုန်းဝယ်တဲ့ Final Decision အပေါ်မှာလည်း သက်ရောက်မှုများစွာ ရှိလာပါတယ်။

ဒီလိုဖန်တီးမှုတွေထဲမှာ Vivo လည်းပါဝင်ခဲ့ပြီး ယခုနောက်ဆုံးထွက်ရှိထားတဲ့ V15 Series တွေထဲမှာဆိုရင်လည်း ဆွဲဆောင်မှုပြင်းထန်တဲ့ အရောင်များစွာ ပါဝင်ခဲ့ပါပြီ။ V15Pro မှာဆိုရင် Topaz Blue V15 မှာဆိုရင် Glamour Red, Topaz Blue တွေနဲ့အတူ ယခုနောက်ဆုံး ထွက်ရှိလာတာကတော့ Blossom Pink ဆိုတဲ့ ချယ်ရီပန်းအရောင်လေးနဲ့ နူးညံ့တဲ့ ဖုန်းလေးတစ်လုံးပါ။ 

Blossom Pink ဟာဆိုရင်လည်း မိန်းကလေးအများစုကိုသာမက ယောက်ျားလေးများရဲ့ စိတ်ကိုပါ လွှမ်းမိုးမှုအားကောင်းခဲ့ပြီး Pre Order ကာလမှာတင် အလုံးရေများစွာ မှာယူခဲ့ကြသည်အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒါဟာ ချယ်ရီပန်းတွေရဲ့ လှပခြင်းနဲ့အတူ ထူးခြားတဲ့ အောင်မြင်မှုတစ်ခုလို့လဲ ဆိုရမှာပါ။

ဂျပန်နိုင်ငံမှာဆိုရင် ချယ်ရီပန်းတွေဟာ နွေဦးရာသီမှာ ပွင့်လေ့ရှိကြပြီး ချယ်ရီတွေပွင့်တဲ့အချိန်မှာဆိုရင် အပေါင်းအသင်း၊ မိတ်ဆွေ၊ သူငယ်ချင်းတွေအတူတူ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်လေ့ ရှိကြပါတယ်။ အခု Vivo V15 ရဲ့ Blossom Pink ကလည်း Vivo V15 Series ရဲ့ မြင့်တက်၊ ပွင့်ထွက်ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ လူငယ်တွေကြားမှာ ပွင့်လန်းလျက် ရှိနေပါပြီ။

သင်သာ လတ်တလော ဖုန်းတစ်လုံးဝယ်မယ်ဆို ထည့်သွင်းစဉ်းစားမယ့် အချက်တွေထဲ ဖုန်းရဲ့ အရောင်ကိုပါ၊ ထည့်စဉ်းစားမှာလား? မစဉ်းစားဘူးလား? ပြောခဲ့ပေးပါဦး …

Vivo V15 ရဲ့ Blossom Pink ကိုတော့ 479,000 Kyats ဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။