News

POST TYPE

ADVERTORIAL

အလှအပ၊ ဆေးနဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေကို ဝယ်ယူရရှိနိုင်မယ့် City Care Health & Beauty Store တာမွေ ၁၅၃ လမ်းဆိုင်ခွဲသစ်
30-Apr-2019


အလှအပနဲ့ ဆေးဝါးများ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေကို CMHL ၏ (၄၄) ဆိုင်မြောက် ဆိုင်ခွဲဖြစ်သော City Care Health & Beauty Store တာမွေ ၁၅၃ လမ်းတွင် ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်တော့မည်။

မြန်မာနိုင်ငံရဲ့ လက်လီဈေးကွက်မှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ City Mart Holding Company Limited ကနေပြီး အလှအပနဲ့ ဆေးဝါးများ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေကို တစ်နေရာတည်းမှာ စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်မယ့် City Care Health & Beauty Store တာမွေ၊ ၁၅၃ လမ်းဆိုင်ခွဲသစ်ကို ဖွင့်လှစ်လိုက်ပါတယ်။

တာမွေမြို့နယ်၊ ၁၅၃ လမ်းမှာ ဖွင့်လှစ်လိုက်တဲ့ ဒီ City Care Health & Beauty Store ဆိုင်ခွဲသစ်ဟာဆိုရင် CMHL က အသွင်သစ်နဲ့ ဖွင့်လှစ်လိုက်တဲ့ ဆိုင်ခွဲဖြစ်တာနဲ့အညီ အလှအပရေးရာ ကုန်ပစ္စည်းတွေ၊ ဆေးနဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေကို တစ်နေရာတည်းမှာ စုံလင်စွာ ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆေးဝါးကျွမ်းကျင် ဝန်ထမ်းတွေကိုလည်း ထားရှိပေးထားတာကြောင့် ဆေးဝါးများ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုများကို တစ်နေရာတည်းမှာ စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်တဲ့အပြင် ကျန်းမာရေးဆိုင်ရာ စမ်းသပ်ပေးမှုများကိုလည်း ဝန်ဆောင်မှုပေးမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ အဆိုပါ City Care Health & Beauty Store တာမွေ၊ ၁၅၃ လမ်းဆိုင်ခွဲသစ်မှာ လာရောက်ဝယ်ယူသူတွေအတွက် အထူးပရိုမိုးရှင်း အစီအစဉ်တွေလည်း ရှိနေပါသေးတယ်။

ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၁၉ ကနေပြီး မေလ ၁၉ ရက်၊ ၂၀၁၉ ခုနှစ်အထိ ပြုလုပ်လျက်ရှိတဲ့ကျပ် ၂၀,၀၀၀ ဖိုးနဲ့အထက် ဝယ်ယူသူတွေအတွက် ဗလာမပါ Lucky Draw ပရိုမိုးရှင်းရှိသလို City Rewards Member တွေအတွက် City Care တစ်ဆိုင်တည်းမှာ ကျပ် ၂၀,၀၀၀ ဖိုးနဲ့အထက် ဝယ်ယူတာနဲ့ City Rewards Point ၃ ဆအထိရရှိမယ့် ပရိုမိုးရှင်းကိုလည်း မေလ ၂၀ ရက်၊ ၂၀၁၉ ကနေ ဇွန်လ ၂ ရက်၊ ၂၀၁၉ အထိ ကျင်းပသွားဖို့ရှိနေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အလှအပနဲ့ ဆေးဝါးများ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ ဝယ်ယူဖို့ရှိနေသူတွေအနေနဲ့ အရည်အသွေးမြင့် ကုန်ပစ္စည်းတွေကို တစ်နေရာတည်းမှာ စိတ်ချယုံကြည်စွာ အထူးပရိုမိုးရှင်းတွေနဲ့ ဝယ်ယူနိုင်ဖို့ City Care Health & Beauty Store တာမွေ ၁၅၃ လမ်းဆိုင်ခွဲသစ်ကို သွားရောက်ကြည့်ကြဖို့ အကြံပြုလိုက်ရပါတယ်။