News

POST TYPE

ADVERTORIAL

ဒေါ်လာ တစ်သိန်း ခြောက်သောင်းဖိုးကျော်အထိ အကော်ဒီယံ များစွာ ခိုးနေသူကို လန်ဒန်ရဲ အလိုရှိ
05-Nov-2016

အင်္ဂလန်မှာ ထူးဆန်းတဲ့ သူခိုး တစ်ဦး ဒါမှမဟုတ် တစ်ဖွဲ့ သောင်းကျန်းနေပါတယ်။ အကော်ဒီယံတွေကိုပဲ ရွေးခိုးနေတာတဲ့။ အခိုးခံရတဲ့ အကော်ဒီယံတွေရဲ့ စုစုပေါင်း တန်ဖိုးဟာ အမေရိကန် ဒေါ်လာ တစ်သိန်းခြောက်သောင်းလောက် ဖြစ်သွားပါပြီ။ 

သူခိုးလို့ ယူဆရသူရဲ့ CCTV ဓာတ်ပုံကို ရဲက ထုတ်ပြန်ထားပြီးပါပြီ။ အခိုးခံရတဲ့ စန္ဒရားနဲ့ အကော်ဒီယံဆိုင် ပိုင်ရှင် တစ်ဦးက သူခိုးဟာ အလွန်ကို ကျွမ်းကျင် လိမ္မာသူ ဖြစ်တယ်လို့ ပြောပါတယ်။ ရဲက အဆိုပါ သူခိုးကို ရှာဖွေနေချိန်မှာ ဗြိတိန်က အကော်ဒီယံ သမားတွေကလည်း ဆိုင်နားမှာ ချီတက်လမ်း လျှောက်ပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

ခိုးမှုတွေ ဆက်တိုက်ဖြစ်နေပြီး ၂ လအကြာမှာ ရဲက သူခိုးရဲ့ ရုပ်ပုံကို အများ ပြည်သူထံ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

Ref : UPI


  • VIA