News

POST TYPE

ADVERTORIAL

OPPO က F11 Pro စမတ်ဖုန်းအသစ် မိတ်ဆက်
21-Mar-2019

ရန်ကုန်၊ မတ် ၂၁

ပြည်တွင်းစမတ်ဖုန်းဈေးကွက်အတွင်း လူကြိုက်များသည့် စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်သော OPPO ကုမ္ပဏီက ၎င်း၏စမတ်ဖုန်းအသစ် F11 Pro ကို ယနေ့တွင် စတင်မိတ်ဆက်လိုက်သည်။

အဆိုပါ OPPO F11 Pro စမတ်ဖုန်းသည် 48MP ultraclear ကင်မရာစနစ်နှင့် 5MP ရှိသော ကျောဘက် ကင်မရာနှစ်လုံးနှင့် 16MP Rising ကင်မရာ ပါဝင်မည်ဖြစ်ပြီး မြင်ကွင်းပြည့်ပေးနိုင်မည့် ၆ ဒသမ ၅ လက်မ Panoramic Screen ပါဝင်မည်ဖြစ်ကာ Thunder Black နှင့် Aurora Green အရောင်နှစ်မျိုးကို ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

“F11 Pro မှာ ဖုန်းရှေ့ကင်မရာကို ဝှက်ထားတဲ့ ပေါင်းစပ်ဒီဇိုင်းမျိုး ဖန်းတီလိုက်လို့ F11 Pro ဟာ လုံးဝကို ရှင်းလင်းတဲ့ Screen နဲ့ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်”ဟု OPPO Myanmar ၏ Product မန်နေဂျာ ဦးသန်းအောင်ကပြောကြားသည်။

F11 Pro မိတ်ဆက်ပွဲ အခမ်းအနားကို မတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ဒေါင်း၊ ဝတ်မှုံရွှေရည်နှင့် အဆိုတော် မျိုးကြီး အပါအဝင် အခြား သရုပ်ဆောင်နှင့် အဆိုတော်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကျောဘက်ကင်မရာ နှစ်လုံးနှင့် 6GB RAM + 128GB Rom ရှိသော OPPO F11 Pro စမတ်ဖုန်းကို ဈေးနှုန်း ၄၉၉,၉၀၀ ကျပ် ဖြင့်မတ်လ ၃၀ ရက်နေ့မှစတင်ကာ ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါ စမတ်ဖုန်းကုမ္ပဏီက ကြေညာလိုက်သည်။

J-01