News

POST TYPE

ADVERTORIAL

အကောင်းဆုံးလေကြောင်းလိုင်း CEO အဖြစ် အဲအေးရှား၏ CEO တိုနီဖာနန်ဒက်စ် သတ်မှတ်ခံရ
03-Nov-2016
Air Asia Group ရဲ့ CEO ဖြစ်သူတိုနီဖာနန်ဒက်စ်ဟာ ၂၀၁၆ ခုနှစ် CAPA Aviation ဆုပေးပွဲမှာယခုနှစ်အတွက် အကောင်းဆုံးလေကြောင်းလိုင်း CEO အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ 

တိုနီဖာနန်ဒက်စ်ဟာဒီတစ်ကြိမ်နဲ့ဆိုရင် အကောင်းဆုံးလေကြောင်းလိုင်း CEO အဖြစ်သတ်မှတ်ခံရတာ ၃ ကြိမ်ထိရှိသွားပြီဖြစ်ပြီး ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်တို့တုန်းကလည်းအခုလိုပဲသတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်ကတည်းကစတင်တည်ထောင်ခဲ့တဲ့ CAPAဟာကမ္ဘာတစ်ဝှမ်း လေကြောင်း ဈေးကွက်သတင်း၊ လေ့လာဆန်းစစ်သုံးသပ်ချက်၊ အစီရင်ခံချက်များနဲ့ အချက်အလက်ဝန်ဆောင်မှုများကိုနေ့စဉ်ထောက်ပံ့ပေးနေတဲ့ အထင်ကရ အဖွဲ့အစည်းဖြစ်ပါတယ်။

တိုနီဖာနန်ဒက်စ်ဟာ AirAsia ကို အမြတ်အစွန်း တိုးပွားအောင် အောင်မြင်စွာလမ်းကြောင်းပေးနိုင်ခြင်းနဲ့စိန်ခေါ်မှုအလွန်ပြင်းထန်ခဲ့တဲ့  ၂၀၁၅ ခုနှစ်အပြင် ဒီနှစ်မှာပါ အလားအလာပိုမိုတိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့တာကြောင့် ဒီဆုအတွက်ရွေးချယ်ခံတာဖြစ်တယ်လို့ CAPAက ဆိုပါတယ်။

CAPAရဲ့ အကောင်းဆုံးလေကြောင်းလိုင်း CEO အဖြစ်တတိယအကြိမ်မြောက်သတ်မှတ်ခံရတာနဲ့ပတ်သက်ပြီးတိုနီဖာနန်ဒက်စ်က -

'' ကျွနု်ပ်တို့ဟာ အာဆီယံနိုင်ငံ 10 ခုလုံးကို ပျံသန်းတဲ့ပထမဆုံးလေကြောင်းလိုင်းဖြစ်ပြီးတော့ Fly-Thru အစီအစဉ်ကြောင့် ကျွနု်ပ်တို့ဟာဂျပန်၊ကိုရီးယား၊တရုတ်ကနေ သြစတေးလျ၊ နယူးဇီလန်ကနေ အိန္ဒိယနဲ့ အိန္ဒိယကိုကျော်လွန်ပြီး ခရီးစဉ်တစ်ခုတည်းအနေနဲ့ ပျံသန်းနိုင်တော့မှာ ဖြစ်ပါတယ်။ဒီနှစ်အတွင်းမှာ တူညီမှုရှိခဲ့တဲ့အရာကတော့ အရည်အသွေး၊တီထွင်ဖန်တီးခြင်းနဲ့ လူတိုင်းပျံသန်းနိုင်ပြီဆိုတဲ့ အိပ်မက်ကိုအဆုံးသတ်စေခြင်းမရှိပဲ ၎င်းတို့အတွက် ဆက်လက်နှစ်မြုပ်လုပ်ဆောင်ပေးနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အံသြစရာကောင်းတဲ့ ဒီဆုကအဲ့ဒီအိပ်မက်ဟာ အသက်ဝင်နေဆဲဖြစ်ပြီးတော့ အဲ့ဒီအိပ်မက်ကိုပဲ ကျွနု်ပ်တို့ကနောက်ထပ် 12 နှစ်နဲ့ အထက် ဆက်လက်ဆုပ်ကိုင်ထားဦးမှာဖြစ်တယ်ဆိုတဲ့သက်သေပဲဖြစ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

တိုနီဖာနန်ဒက်စ်ဟာအဲအေးရှားကိုအာဆီယံမှာရှေ့တန်းကို ပြန်လည်ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးသူ့ရဲ့ အမှုဆောင်အရာရှိတစ်ယောက်အနေနဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တယ်လို့ CAPAရဲ့ ဥက္ကဋ္ဌ ပီတာဟာဘီဆန်ကအောက်တိုဘာ၊ ၂၈ က အမ်စတာဒမ်မှာပြုလုပ်ခဲ့တဲ့ CAPA Aviation ဆုပေးပွဲမှာချီးကျူးပြောကြားခဲ့ပါတယ်။