News

POST TYPE

ADVERTORIAL

အဲအေးရှားက ပွင့်လင်းရာသီတွင် ကုန်ကျစရိတ် သက်သာစွာဖြင့် ခရီးသွားနိုင်မည့် အထူးပရိုးမိုးရှင်းများ ပြုလုပ်ခဲ့
01-Nov-2016
ကမ္ဘာ့အကြီးဆုံး စရိတ်သက်သာ လေကြောင်းလိုင်းကြီးတစ်ခု ဖြစ်တဲ့ အဲအေးရှားဟာ ပွင့်လင်းရာသီမှာ အပန်းဖြေ အနားယူခရီး ထွက်လိုသူတွေအတွက် ကုန်ကျစရိတ် သက်သက်သာသာနဲ့ ခရီးသွားနိုင်စေမယ့် အထူးပရိုမိုးရှင်းတွေကို ပြုလုပ်ခဲ့ကြောင်း အဲအေးရှားရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်မှာ ကြေညာချက်တွေအရ သိရှိရပါတယ်။

အဲဒီလိုပြုလုပ်ခဲ့တဲ့ အထူးပရိုမိုးရှင်းတွေထဲမှာ အောက်တိုဘာလ ၁၆ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂ ရက်နေ့အတွင်း ပျံသန်းမယ့် အဲအေးရှားရဲ့ ခရီးစဉ်တွေအားလုံး အတွက် ၂၀ ရာခိုင်နှုန်း လျှော့ချပေးတဲ့ ပရိုမိုးရှင်းလည်း ပါဝင်ခဲ့ပါတယ်။

အဲဒီပရိုမိုးရှင်းအရ အဲအေးရှား မိုဘိုင်းလ်အက်ပလီကေးရှင်းကနေ တစ်ဆင့် အောက်တိုဘာလ ၂ ရက်နေ့ မတိုင်မီ လက်မှတ်မှာယူတဲ့သူတွေ အနေနဲ့ ဘယ်ခရီးစဉ်အတွက်ပဲ လက်မှတ်ဖြတ်သည် ဖြစ်စေ လက်မှတ်ခ အပေါ်ကနေ ၂၀ ရာခိုင်နှုန်း သက်သာခွင့် ရရှိခဲ့ပါတယ်။

ဒါ့အပြင် အဲအေးရှားဟာ အောက်တိုဘာ နောက်ဆုံးပတ်အတွင်း လက်မှတ်မှာယူသူတွေ အတွက် ဘယ်ခရီးစဉ်အတွက်ပဲ ဖြစ်ဖြစ် လက်မှတ်ခ အပေါ်ကနေ ၅၀ ရာခိုင်နှုန်း လျှော့ချပေးတဲ့ ပရိုမိုးရှင်း တစ်ခုကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

ဒီအထူးပရိုမိုးရှင်းမှာ အခြေခံလက်မှတ်ခ နှုန်းထားပေါ်မှာပဲ ၅၀ ရာခိုင်နှုန်း ခံစားခွင့်ရမှာ ဖြစ်ပြီး အများပြည်သူ အားလပ်ရက်တွေ၊ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ ပျံသန်းတဲ့ ခရီးစဉ်တွေတော့ မပါဝင်ခဲ့ပါဘူး။