News

POST TYPE

ADVERTORIAL

ဂျပန်နိုင်ငံ Nagata ကုမ္ပဏီမှ ကချင်ပြည်နယ် အခြေခံပညာမူလတန်းကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်လှူဒါန်းခြင်း
02-Feb-2019
ဂျပန်နိုင်ငံ Nagata ကုမ္ပဏီမှ ကချင်ပြည်နယ် အခြေခံပညာမူလတန်းကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ် လှူဒါန်းခြင်း

၂၀၁၉ ခုနှစ်၊ ၁ လပိုင်း ၃၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ ပန်ခါယန်း အခြေခံပညာမူလတန်းကျောင်း (ကျောင်းသား/သူ ဦးရေ ၁၅၀ ဆံ့) ဆောင်သစ်ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါ ကျောင်းဆောင်သစ်ပေးအပ်ပွဲတွင် Japan Myanmar Association မှ Chairman/ Representative Director Mr. Hideo Watanabe, ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး မရမ်းကျေးရွာနေ ရွာခံများမှ ကချင်ရိုးရာ အကများဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ပါသည်။ ထိုအခြေခံပညာ မူလတန်း ကျောင်းဆောင်သစ်ကို ဂျပန်နိုင်ငံ Aichi ခရိုင် Tsushima မြို့ရှိ Nagata ကုမ္ပဏီ၏ Chief Executive Director ဖြစ်သူ Mr.Nagata မှ အမှူးပြုပြီး လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ Nagata Company Limited ကို ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ရုံးခွဲ ဖွင့်လှစ်ခဲ့ပြီး မြန်မာ့စာတိုက်နှင့်ပူးပေါင်းပြီး စာတိုက်ပုံးအသစ်များ လဲလှယ်ပြီး ဂျပန်စနစ်သုံး စာတိုက်ပုံးကြော်ငြာများကို တွင်ကျယ်စွာ လုပ်ဆောင်လျက်ရှိသည်။ ထို့အပြင် ရှေးဟောင်းဘုရားစေတီများ အများအပြားရှိရာ ပုဂံတွင်လည်း ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ကြော်ငြာစတစ်ကာ ကပ်ထားသော အမှိုက်ပုံးများနှင့် ကမ္ဘာလှည့်ခရီးသွားများ အဆင်ပြေစေရန် ကြော်ငြာစတစ်ကာကပ် မြေပုံများထားရှိပြီး ကြော်ငြာလုပ်ငန်းကို တွင်ကျယ်စွာ လုပ်ဆောင်လျက်ရှိသည်။ လှူဒါန်းပေးအပ်ပွဲမှအစပြု၍ နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာ အစိုးရကျောင်းများနှင့် တက္ကသိုလ်များတွင်လည်း ကြော်ငြာဘုတ်များစိုက်ပြီး ကျောင်းတွင်းလှုပ်ရှားမှုများကို ပြသရန် အကြံပေးခဲ့သဖြင့် လုပ်ဆောင်ရန်အစီအစဉ်များ ချထားခဲ့သည်။

ကျောင်းဆောင်သစ်ပေးအပ်ပွဲတွင် Japan Myanmar Association မှ Chairman/ Representative Director Mr. Hideo Watanabe နှင့် တက်ရောက်အားပေး ချီးမြှင့်ခဲ့သော ဂုဏ်သရေရှိ လူကြီးများမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ကျောင်းသား/သူ (၁၅၀)အတွက် စာရေးကိရိယာများကိုလည်း Mr. Ichiro Nagata မှ ပေးအပ်လှူဒါန်းခဲ့ပါသည်။ Nagata Company Limited အနေဖြင့် ယနေ့ ပြုလုပ်သောလှူဒါန်းပွဲကို အခြေခံပြုပြီး မြန်မာနိုင်ငံသူ/သားများအတွက် ကောင်းမွန်သော အခြေခံအုတ်မြစ်ကို လုပ်ဆောင်ရန် ရည်ရွယ်ထားပါသည်။