News

POST TYPE

ADVERTORIAL

အရပ်ရှည်စေမယ့် အကောင်းဆုံးလေ့ကျင့်ခန်း ၅ မျိုး (Sponsored by Height XL )
28-Oct-2016

အရပ်အမောင်း မြင့်မားတာကို လူတိုင်း နှစ်သက် သဘောကျတတ်ကြပါတယ်။ ကိုယ်က ဆယ်ကျော်သက်၊ ဒါမှမဟုတ် သက်လတ်ပိုင်း အရွယ်မှာရှိနေပြီး သဘာဝအလျောက် အရပ်အမောင်း မြင့်မားတဲ့သူ တစ်ယောက် မဟုတ်ရင်လည်း ဒီနေ့ခေတ်မှာ မှန်ကန်တဲ့ လေ့ကျင့်ခန်းတွေ၊ ဖြည့်စွက် အာဟာရတွေရဲ့ အကူအညီနဲ့ ရှိရင်းစွဲ အရပ်ထက် ပိုမိုမြင့်မားတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်နိုင်ပါသေးတယ်။ ဒါကြောင့် အရပ်အမောင်း မြင့်မားစေနိုင်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်း ၅ မျိုးကို ပထမဦးစွာ မျှဝေပါရစေ။

၁။ ဘားတန်းခိုခြင်း

ဒါကတော့ လူတိုင်းလည်း သိထားပြီးသားဖြစ်ပြီး တကယ် လေ့ကျင့်ရင် တကယ်လည်း ထိရောက်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ လေ့ကျင့်ဖို့အတွက် အသုံးပြုမယ့် ဘားတန်းက လက်ဆန့် တန်းခိုထားပြီးတဲ့နောက်မှာ ကိုယ့်အရပ် လွတ်တဲ့ အမြင့်မျိုးဖြစ်ရင် အကောင်းဆုံးပါပဲ။ တကယ်လို့ လေ့ကျင့်မယ့် ဘားတန်းက ကိုယ့်အရပ်နဲ့လွတ်လောက်အောင် မမြင့်ဘူး ဆိုရင်လည်း ဒူးနှစ်ဖက်ကို ကွေးပြီး လေ့ကျင့်တာမျိုး လုပ်နိုင်ပါတယ်။ ဘားတန်းခိုတဲ့ အချိန်မှာ လက်တွေမှာသာ အားထည့်ထားပြီး ကျန်ခန္ဓာကိုယ် တစ်ခုလုံးကိုတော့ ဖြေလျှော့ထားနိုင်သမျှ ဖြေလျှော့ထားပြီး ခိုဖို့လိုပါတယ်။ တစ်ကြိမ်ကို ကိုယ်သက်လုံ ရရင် ရသလောက် ၅ ကြိမ်ကနေ အကြိမ် ၂၀ လောက်အထိနဲ့ ၃ ကြိမ်လောက် လေ့ကျင့်ပေးသင့်ပါတယ်။

၂။ ကုန်းပေါ်မှာရေကူးခြင်း

ဒီလေ့ကျင့်ခန်းကို စတင်ဖို့အတွက် ပထမဆုံးကြမ်းပြင်ပေါ်မှာ မှောက်လျက် အနေအထားနဲ့ လှဲနေပါ။ လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်မှာ တန်းတန်းချထားပါ။ အဲဒီနောက် ဘယ်ဘက်လက်ကို ဆန့်နိုင်သမျှ ဆန့်ပြီး ခေါင်းရှေ့ကို ချပါ။ တစ်ပြိုင်တည်းမှာပဲ ဘယ်ဘက်ခြေထောက်ကိုလည်း မြှောက်လိုက်ပါ။ အဲဒီ အနေအထားနဲ့ အနည်းဆုံး ၄ စက္ကန့်ခန့် နေနိုင်အောင် ကြိုးစားပါ။ နောက်ပိုင်းမှာ စက္ကန့် ၂၀ လောက်အထိ နေနိုင်သည်အထိ လေ့ကျင့် သွားရပါမယ်။ ဘယ်ဘက်ပြီးရင် ညာဘက်ကိုလည်း အလားတူ လုပ်ရမှာ ဖြစ်ပါတယ်။ တစ်ခါလုပ်ရင် ဘယ်၊ ညာ အနည်းဆုံး ၃ ကြိမ်လောက် လုပ်ပေးရပါမယ်။

၃။ တင်ပါးဆုံ ပင့်မြှောက်ခြင်း

ဒီလေ့ကျင့်ခန်းကလည်း ရိုးရိုးရှင်းရှင်းနဲ့ ထိရောက်တဲ့ နည်းလမ်းပါပဲ။ ကြမ်းပြင်ပေါ်မှာ ပက်လက် လဲလျောင်းနေရင်းက ဒူးကို မြှောက်ပြီး ခြေထောက် နှစ်ဖက်ကို တင်ပါးနဲ့ ကပ်နိုင်သမျှ ကပ်ပါ။ အဲဒီနောက် တင်ပါးဆုံကို ပင့်မြှောက်လိုက်ပါ။ အဲဒီလို အနေအထားနဲ့ စက္ကန့် ၂၀ ကနေ ၃၀ လောက်အထိ ကြာအောင် နေနိုင်ဖို့ ကြိုးစားပါ။ တစ်ခါ လေ့ကျင့်ရင် ၃ ကြိမ်လောက်အထိ လေ့ကျင့်ပေးဖို့ လိုပါတယ်။

၄။ မြွေဟောက်ပါးပြင်းထောင်

ဒါကတော့ ယောဂလေ့ကျင့်ခန်း တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို မှောက်လျက် အနေအထားနဲ့ လှဲနေပြီး လက်တွေကို ပါးခုံးအောက်နားမှာ လက်ဖဝါး မှောက်လျက် အနေအထားနဲ့ထားပါ။ အဲဒီနောက် လက်နှစ်ဖက်ကို အားပြုပြီး ခါးအထက်ပိုင်း ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း မြှောက်ပါ။ မြှောက်နိုင်သမျှ အမြင့်ဆုံး အခြေအနေမှာ ၅ စက္ကန့်ကနေ စက္ကန့် ၃၀ လောက်အထိ နေနိုင်ဖို့ ကြိုးစားရပါမယ်။ ဒီလေ့ကျင့်ခန်းဟာ ခါးရိုးကို ဆန့်တန်းစေပြီး ရှိရင်းစွဲ အရပ်ထက် မြင့်မားလာစေနိုင်ပါတယ်။

၅။ ခြေမြှောက်၊ လက်မြှောက် လေ့ကျင့်ခန်း

နောက်ဆုံးအနေနဲ့ ပြောပြပေးချင်တာကတော့ လုပ်ရလွယ်ပြီး ဘယ်နေရာမှာမဆိုလုပ်ဖို့ အဆင်ပြေတဲ့ ခြေမြှောက်၊ လက်မြှောက် လေ့ကျင့်ခန်းပါပဲ။ မတ်တပ်ရပ် အနေအထားမှာ ဘယ်ဘက်ဒူးကို မြှောက်လိုက်တဲ့အချိန်မှာ ညာဘက် တံတောင်နဲ့ ဒူးကို ထိကာ တစ်ချိန်တည်းမှာပါ ဘယ်လက်ကိုလည်း ဆန့်မြှောက်လိုက်ရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို အကြိမ်ရေ များများ လုပ်ပေးဖို့ လိုပါတယ်။ ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပြီး ခြေ၊ လက်တွေကို ဆန့်ထွက်စေကာ ဟော်မုန်းတွေ အားကောင်းအောင်လည်း အကူအညီ ပေးနိုင်ပါတယ်။

အရပ်ရှည်ဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်း ၅ မျိုးကို မျှဝေပြီးတဲ့နောက်မှာ အရပ်ရှည်နိုင်တဲ့ ဖြည့်စွက်စာ တစ်မျိုးမျိုး အကူအညီယူခြင်းနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ ဖြည့်စွက်စာ အကူအညီ ယူတဲ့နေရာမှာ ဘေးထွက်ဆိုးကျိုး မရှိဘဲ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ တရားဝင် ခွင့်ပြုချက် ရရှိထားတဲ့ ဖြည့်စွက်စာမျိုးကို ရွေးချယ်သင့်ပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံ ဈေးကွက်ထဲမှာဆိုရင်တော့ Height XL ဟာ အဲဒီအချက်တွေနဲ့ ကိုက်ညီပါတယ်။ Height XL ဟာ ဆယ်ကျော်သက်တွေကို ပိုမို မြင့်မားတဲ့အရပ်မျိုး ပိုင်ဆိုင်ဖို့ ကူညီနိုင်သလို သက်လတ်ပိုင်း အရွယ်တွေကိုလည်း ရှိရင်းစွဲ အရပ်ထက် ပိုမြင့်မားလာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ 

Height XL မှာ အစွမ်းထက် သဘာဝ အာဟာရတွေ ပါဝင်ပြီး ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ Human Growth Hormone တွေကို သဘာဝအတိုင်း ပိုမို ထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်တဲ့ Pituitary gland တွေ အားကောင်းလာအောင် အဓိက စွမ်းဆောင်ပေးပါတယ်။ ဒါကြောင့် အရိုးတွေ၊ ကြွက်သားတွေနဲ့ အရိုး တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ Cartilage လို့ခေါ်တဲ့ အရွက်တွေကို သန်မာထွားကြိုင်း စေနိုင်ပါတယ်။ နေ့စဉ် ပုံမှန် သောက်သုံးပေးရင် ၃ လမှ ၆ လအတွင်း ပတ်ဝန်းကျင်က သတိထားမိလာလောက်တဲ့အထိ သိသိသာသာ အရပ်မြင့်မားလာစေမယ်လို့လည်း ဆေးအညွှန်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ Height XL ကို အသက် ၁၃ နှစ်ကနေ ၃၀ အတွင်း အရွယ်တွေ သောက်သုံးနိုင်တယ်လို့လည်း ဆိုထားပါတယ်။ 

Height XL ဆေးအကြောင်း အသေးစိတ် အချက်အလက်တွေကို Height XL မြန်မာရဲ့ Facebook Page => https://www.facebook.com/Height-XL-Myanmarမှာ သွားရောက်ကြည့် ရှုနိုင်ပါတယ်။

Height XL ရဲ့လိပ်စာဖြစ်တဲ့ အမှတ်၊ ၆၀၊ ပထမထပ်၊ စံရိပ်ငြိမ် ၅ လမ်းနဲ့ အင်းစိန်လမ်းမကြီးထောင့်၊ ကမာရွတ် ၁ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့နဲ့ ဖုန်းနံပါတ် 095192607 တို့ကို ဆက်သွယ်ပြီးတော့လည်း စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါတယ်။

ဒီလို မှန်ကန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပြီး ယူမယ်ဆိုရင် သက်လတ်ပိုင်း အရွယ်ရောက်နေရင်တောင်မှ ရှိရင်းစွဲ အရပ်ထက် ပိုမိုမြင့်မားတဲ့ အရပ်ကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

Sponsored by Height XL 


  • VIA