POST TYPE

ADVERTORIAL

အဲအေးရှား လေယာဉ်ခရီးစဉ်များ အားလုံးတွင် ဆမ်ဆောင်း Galaxy Note 7 ဖုန်းများ အားလုံး ယူဆောင်ခွင့် တားမြစ်
28-Oct-2016

အဲအေးရှား၏ လေယာဉ်ခရီးစဉ်များ အားလုံးတွင် မီးလောင်ပေါက်ကွဲနိုင်သည့် အန္တရာယ် ရှိနေသော ဆမ်ဆောင်း Galaxy Note 7 ဖုန်းများ အားလုံးကို ယူဆောင်ခွင့် တားမြစ်လိုက်ကြောင်း အဲအေးရှားက ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ဆမ်ဆောင်း Galaxy Note 7 ဖုန်းများကို မူလထုတ်သည့် ဖုန်းများအပြင် နောက်ပိုင်း အစားထိုး လဲလှယ်ပေးသည့် ဖုန်းများကိုပါ ပိတ်ပင်တားမြစ်လိုက်ကြောင်း ထုတ်ပြန်ပြီးနောက်တွင် ယခုကဲ့သို့ အဲအေးရှား၏ ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

ခရီးသည်များ အနေဖြင့် မီးလောင်ပေါက်ကွဲနိုင်သည့် အန္တရာယ်ရှိသည့် ဆမ်ဆောင်း Galaxy Note 7 ဖုန်း မူလထုတ်သည့် ဖုန်းများ၊ ပြန်အပ်ရမယ့် ဖုန်းများနှင့် အစားပြန်လဲလှယ်ပေးသည့် ဖုန်းများကို ကိုယ်ပေါ်တွင် တစ်ပါတည်း ယူဆောင်ခွင့် မရှိသလို၊ လက်ဆွဲအိတ်များ၊ ခရီးဆောင်အိတ်များ ထဲတွင်လည်း ယူဆောင်ခွင့် မရှိကြောင်း အဲအေးရှားက ထုတ်ပြန်လိုက်သည်။

ဆမ်ဆောင်း Galaxy Note 7 ဖုန်း ယူဆောင်လာသော မည်သည့်ခရီးသည်မဆို လေယာဉ်ပေါ် လိုက်ပါစီးနင်းခွင့်ရမည် မဟုတ်ကြောင်းလည်း အဲအေးရှားက သတိပေးထားသည်။

ထိုကဲ့သို့ ဆမ်ဆောင်း Galaxy Note 7 ဖုန်းအားလုံး ယူဆောင်ခွင့် တားမြစ်လိုက်သည့် အဲအေးရှား လေယာဉ်ခရီးစဉ်များတွင် အဲအေးရှား မလေးရှား( Carrier Code AK)၊ ထိုင်း (FD) ၊အင်ဒိုနီးရှား (QZ)၊ ဖိလစ်ပိုင် (Z2)၊ အိန္ဒိယ(I5)၊ မလေးရှား အဲအေးရှား X(D7)၊ ထိုင်းအဲအေးရှား X(XJ) နှင့် အင်ဒိုနီးရှား အဲအေးရှား X(XT) တို့ ပါဝင်သည်။

ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးအတွက် ယခုကဲ့သို့ ဆမ်ဆောင်း Galaxy Note 7 ဖုန်းများ အားလုံးကို ယူဆောင်ခွင့် တားမြစ်ရခြင်း ဖြစ်ကြောင်းအဲအေးရှား၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။