POST TYPE

ADVERTORIAL

16-Jan-2019










Unicode : 

မြန်မာနိုင်ငံရဲ့ ပထမဆုံး လူထုအခြေပြု data ကုန်သွယ်ရေး platform လား?
xlotgative : စလော့ဂတစ်

D Yae (ဒီရေ) ဟုခေါ်သော မြန်မာနိုင်ငံ၏ ဒေတာကုန်သွယ်ရေး Platform တစ်ခုကို ဇန်နဝါရီ ၁၅ ရက် ၂၀၁၉ တွင် လူငယ်နည်းပညာရှင်များဖြင့် ဖွဲ့စည်းထားသော Xlotgative မှ စတင်လိုက်သည်ဟု သိရသည်။

D Yae တွင် အဓိကအားဖြင့် Data များကို လွယ်ကူလျင်မြန်စွာ ဝယ်ယူရောင်းချနိုင်သော Escrow Service များဖြင့် အားဖြည့်ထားသည်။ Business analysis အတွက်ဖြစ်စေ သုသေသနလုပ်ငန်းများအတွက်ဖြစ်စေ Data များကို ဝယ်ယူလိုသောအခါတွင်လည်းကောင်း၊ ရောင်းချလိုသောအခါတွင်လည်းကောင်း အသုံးပြုနိုင်သည်။ အဖွဲ့အစည်းကြီးများ သာမက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ Freelancer များပါ ချိတ်ဆက်ရောင်းဝယ်နိုင်သည်။

အဓိကအားဖြင့် ကဏ္ဍသုံးခုရှိသည်။

ပထမဆုံးကဏ္ဍဖြစ်သော Encryption-based sale/purchase သည် Data Escrow Service ဖြစ်သည်။ ရောင်းသူနှင့် ဝယ်သူကြားတွင် Encryption အသုံးပြု၍ ကြားခံအရောင်းအဝယ်ကိစ္စ ဆောင်ရွက်ပေးမည်ဖြစ်သည်။

ဒုတိယကဏ္ဍဖြစ်သော Survey Zone သည် Survey များအားတစ်နေရာတည်းတွင်စုပေး၍ Survey Campaign တွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုသူများအား ချိတ်ဆက်ပေးမည်ဖြစ်သည်။

တတိယကဏ္ဍဖြစ်သော Negotiation-Based Sale/Purchase သည် စွယ်စုံသုံး Data ရောင်းဝယ်ရေးကဏ္ဍ ဖြစ်သည်။ ရောင်းသူဝယ်သူ လွတ်လပ်စွာ ကိုယ်တိုင်ချိတ်ဆက်၍ ဆောင်ရွက်နိုင်သည်။ D Yae မှလည်း လိုအပ်လျှင် Escrow Service ပေး၍ ရောင်းသူဝယ်သူကြား အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်သည်ဟုသိရသည်။

Version များကို အဆင့်မြင့်တင်ပြီးနောက်ပိုင်းတွင် Mobile App ပါထုတ်မည်ဖြစ်ပြီး လက်ရှိတွင် dyae.xlotgative.com တွင် 0.9 version အဖြစ် စတင်အသုံးပြုနိုင်ပြီဖြစ်သည်ဟုသိရသည်။

အသုံးပြုသူ User များအား version အသစ်တက်သည့် အကြောင်းအရာများဖြစ်စေ အခြားသော ယေဘူယ အကြောင်းအရာများဖြစ်စေ အသိပေးလိုသည့်အခါ လူမှုကွန်ယက် page များမှသော်လည်းကောင်း group မှသော်လည်းကောင်း media များမှသော်လည်းကောင်း အသိပေး အကြောင်းကြားသွားမည်ဖြစ်သည်။