News

POST TYPE

ADVERTORIAL

အဲအေးရှားက အောက်တိုဘာ အထူးပရိုမိုးရှင်းအဖြစ် ခရီးစဉ်အားလုံး အတွက် လက်မှတ်ခ ၅၀ ရာခိုင်နှုန်း လျှော့ချ
24-Oct-2016 tagged as

ကမ္ဘာ့ထိပ်တန်း စရိတ်သက်သာ လေကြောင်းလိုင်းကြီး ဖြစ်တဲ့ အဲအေးရှားက နေပြီးတော့ ခရီးစဉ်အားလုံး အတွက် လက်မှတ်ခ ၅၀ ရာခိုင်နှုန်း လျှော့ချတဲ့ အောက်တိုဘာ အထူးပရိုမိုးရှင်း တစ်ရပ်ကို ဒီနေ့ စတင်လိုက်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးကနေ ဘန်ကောက်၊ ပီနန်း၊ ကွာလာလမ်ပူကို တိုက်ရိုက်ခရီးစဉ်တွေနဲ့ ဘန်ကောက်၊ ကွာလာလမ်ပူကနေ တစ်ဆင့် ဖူးခက်၊ ဟိုချီမင်း၊ ဖနွမ်းပင်၊ ဟောင်ကောင်၊ ဘာလီ၊ မကာအိုနဲ့ အခြားခရီးစဉ်ပေါင်း များစွာကို လက်မှတ်ခ ၅၀ ရာခိုင်နှုန်း သက်သာခွင့်ရမယ့် ပရိုမိုးရှင်းပဲ ဖြစ်ပါတယ်။

ဒီပရိုမိုးရှင်းကို ခံစားခွင့်ရဖို့အတွက် အောက်တိုဘာလ၊ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း လက်မှတ်မှာယူရမှာ ဖြစ်ပြီး ခရီးသွားခွင့် ကာလကတော့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၂၀၁၇ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ထိ ဖြစ်ပါတယ်။

ဒီအထူးပရိုမိုးရှင်းမှာ အခြေခံလက်မှတ်ခနှုန်းထားပေါ်မှာပဲ ၅၀ ရာခိုင်နှုန်း ခံစားခွင့်ရမှာဖြစ်ပြီး အများပြည်သူ အားလပ်ရက်တွေ၊ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ ပျံသန်းတဲ့ ခရီးစဉ်တွေတော့ မပါဝင်ပါဘူး။

စိတ်ဝင်စားတဲ့သူတွေ အနေနဲ့ ဒီပရိုမိုးရှင်းနှင့် ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို airasia.com မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

အဲအေးရှားလေကြောင်းလိုင်းဟာ ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းဆုကို ၈ နှစ်ဆက်တိုက် ရရှိထားတဲ့ စရိတ်သက်သာ လေကြောင်းလိုင်းတစ်ခု ဖြစ်ပါတယ်။

  • TAGS