News

POST TYPE

ADVERTORIAL

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရွှေအစစ်ဖြင့် ပြုလုပ်ထားသော NESCAFÉ GOLD Billboard
21-Nov-2018


ကမ္ဘာ့နံပါတ် (၁) ကော်ဖီအမှတ်တံဆိပ်ဖြစ်သည့် NESCAFÉ သည် နိုဝင်ဘာလတွင် NESCAFÉ Gold Crema ကုန်ပစ္စည်းသစ် မိတ်ဆက်ခြင်းအနေဖြင့် ရွှေအစစ် Billboard ကြီးကို ယူဆောင်လာသည်။

ရန်ကုန်၊ မြန်မာ၊ ၂၀၁၈ခုနှစ်၊ ၂၀ရက်နေ့ နိုဝင်ဘာလ - မြန်မာပြည်တွင် ပထမဦးဆုံးသော ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသည့် ထူးခြားဆန်းသစ်သော Billboard ကြီးကို NESCAFÉ မှ ယူဆောင်လာခဲ့သည်။ အဆိုပါ ရွှေအစစ်ဖြင့် ပြုလုပ်ထားသော ကော်ဖီ Bean တပ်ဆင်ထားသော  NESCAFÉ Gold Billboard ကြီးကို စည်ကားလှပသော ရန်ကုန်မြို့တော်ကြီး၏ အချက်အချာနေရာတစ်ခုဖြစ်သော ပန်းဆိုးတန်းကုန်းကျော် တံတားကြီးပေါ်မှ လှမ်းကြည့်လိုက်သောအခါ ရွှေရောင်ဝင်းလက်နေပြီး ခန့်ညားထည်ဝါစွာ တည်ရှိနေသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ 

NESCAFÉ Gold Crema ရဲ့ Brand Manager မဇွန်ပွင့်ဖြူမှ “NESCAFE Gold Crema”ဆိုတာက ကျွန်မတို့ NESCAFE’ Portfolio ထဲမှာ Premium အဖြစ်ဆုံး Product ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဒီကုန်ပစ္စည်းအသစ်ကို မြန်မာနိုင်ငံဈေးကွက်မှာ စတင်မိတ်ဆက်ပေးရတာကို အရမ်းရင်ခုန် စိတ်လှုပ်ရှားမိပါတယ်။ NESCAFE Gold Crema ကို အခြားသော ကော်ဖီတွေနဲ့ မတူညီတဲ့ နည်းပညာတွေကို အသုံးပြုပြီး ထုတ်လုပ်ထားပါတယ်။ အဲဒါတွေကတော့ အကောင်းဆုံးသော Coffee Aroma ရအောင် အာရေဘီကာနှင့် ရိုဘက်စတာ ကော်ဖီစေ့များကို စနစ်တကျ ရောနှောပါဝင်စေပြီး စက်ဖျော်ကော်ဖီတွေမှာပဲ ခံစားသောက်သုံးနိုင်တဲ့ ကော်ဖီ အဆီအနှစ်အလွှာကို ရေနွေးထည့်လိုက်တာနဲ့ ဖြစ်ပေါ်လာစေဖို့ တီထွင်ဖန်တီးထားခြင်းတို့ပဲဖြစ်ပါတယ်။ အဲဒီ ကော်ဖီ အဆီအနှစ်အလွှာလေးက ကော်ဖီသောက်လိုက်တဲ့အခါ အလွန်ချောမွှေ့ပြေပြစ်ကောင်းမွန်တဲ့ အရသာကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့သည်။

NESCAFÉ Gold Crema ရဲ့ ရွှေအစစ်ဖြင့် ပြုလုပ်ထားသော Billboard ကြီးတွင် ရွှေသားအစစ်များ ပါဝင်နေမှုကြောင့် လုံခြုံရေးဝန်ထမ်းများကိုလည်း ၂၄ နာရီ ၇ ရက်ပတ်လုံး အလှည့်ကျ ချထားလျက်ရှိပြီး ဆက်လက်၍ မဇွန်ပွင့်ဖြူမှ “ကျွန်မတို့ NESCAFÉ Gold Crema ရဲ့ အမြင့်မားဆုံးသော အရည်အသွေးကို ထင်ဟပ်စေဖို့အတွက် ရွှေအစစ်ပါဝင်တဲ့ Billboard ကို တပ်ဆင်လိုက်တာပါ။ အခုလို ရွှေအစစ်ပါဝင်တဲ့ Bill Board တပ်ဆင်ခြင်းက မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်ပြီး ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ coffee bean က NESCAFE’ Gold Crema ရဲ့ အရသာ အရည်အသွေးမြင့်မားမှုကို ဖော်ညွှန်းနေတာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါသည်။ 

ယခုလို ခန့်ညားထည်ဝါပြီး ထူးခြားဆန်းသစ်သော NESCAFÉ ရဲ့ ရွှေအစစ် Billboard ကြီးနှင့်အတူ NESCAFÉ သည် အနံ့အရသာပိုမိုပြည့်ဝပြီး အရည်အသွေး ပိုမိုမြင့်မားသော NESCAFÉ Gold Crema ကုန်ပစ္စည်းအသစ်ကို ဈေးကွက်ထဲ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ NESCAFÉ Gold Crema တွင်ပါဝင်သော ကော်ဖီစေ့များသည် တောင်တန်းဒေသတွင် ပေါက်ရောက်သည့် အာရေးဘီကား ကော်ဖီနှင့် ရိုဘက်စ်တာကော်ဖီတို့ကို စနစ်တကျ ရောနှောထားသဖြင့် ပြေပြစ်ကောင်းမွန်သော အရသာကို အပြည့်အ၀ ရရှိစေပြီး အထူးကောင်းမွန်လတ်ဆတ်သည့် ကော်ဖီမွှေးရနံ့ကို ပေးစွမ်းနိုင်ပါသည်။

NESCAFÉ Gold Crema ကို ရွှေရောင်အဆင်းရှိသော ကော်ဖီပုလင်းများကို 100 g နှင့် 200 g အရွယ်အစား ၂ မျိုးဖြင့် ဈေးကွက်ထဲတွင် စတင်ဖြန့်ဖြူးနေပြီဖြစ်ပါသည်။