News

POST TYPE

ADVERTORIAL

Air Asia က မလေးရှားခရီးစဉ်များအတွက် ဈေးနှုန်းအထူးလျှော့ချ
18-Oct-2016

 ကမ္ဘာ့ထိပ်တန်း စရိတ်သက်သာ လေကြောင်းလိုင်းကြီး ဖြစ်တဲ့ Air Asia ကနေပြီး ရန်ကုန်မှ မလေးရှားသို့ တိုက်ရိုက် ပျံသန်းတဲ့ ခရီးစဉ်တွေအတွက် ဈေးနှုန်း အထူး လျှော့ချတဲ့ ပရိုးမိုးရှင်း တစ်ခု ပြုလုပ်လျက် ရှိပါတယ်။

Buy Now, Fly Now To Malaysia လို့ ဆိုတဲ့ ဒီအစီအစဉ်မှာ ရန်ကုန်ကနေ ကွာလာလမ်ပူနဲ့ ပီနန်းကို အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာတည်းနဲ့ တိုက်ရိုက် ပျံသန်းနိုင်မယ့် လက်မှတ်နှုန်းထား အပါအဝင် အထူး သက်သာတဲ့ လက်မှတ်နှုန်းထား အမျိုးမျိုး ပါဝင်တာကို တွေ့ရပါတယ်။

ဒါ့အပြင် ရန်ကုန်ကနေပြီး ကွာလာလမ်ပူမှ တဆင့် မီရိ၊ ကိုတာကင်နာ ဘာရူ၊ လန်ကာဝီ၊ ဂျိုဟိုဘာရူတို့ကို ချိတ်ဆက် ပျံသန်းတဲ့ ခရီးစဉ်တွေ အတွက်လည်း အမေရိကန် ဒေါ်လာ ၉၃ ဒေါ်လာသာ ကျသင့်မယ့် အထူး ဈေးနှုန်း လျှော့ချမှုတွေလည်း ပါဝင်ပါတယ်။

Air Asia ရဲ့ ဒီမလေးရှား ခရီးစဉ် အထူးဈေးနှုန်းတွေကို ခံစားနိုင်ဖို့အတွက် အောက်တိုဘာလ၊ ၂၃ ရက်နေ့ မတိုင်ခင် လက်မှတ် မှာယူဖို့ လိုမှာပါ။ 

ဒီပရိုးမိုးရှင်း အစီအစဉ်နဲ့ ခရီးသွားလာနိုင်တဲ့ ကာလကတော့ အောက်တိုဘာလ၊ ၁၈ ရက်၊ ၂၀၁၆ ခုနှစ်ကနေ မေလ၊ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်အတွင်းပဲ ဖြစ်ပါတယ်။

Buy Now, Fly Now To Malaysia အစီအစဉ်အတွက် ထိုင်ခုံ အရေအတွက်နဲ့နေရာ အကန့်အသတ်ရှိမှာ ဖြစ်သလို အခါကြီး၊ ရက်ကြီး ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေ၊ စနေ၊ တနင်္ဂနွေ ပိတ်ရက်လိုနေ့မျိုးတွေမှာ ပျံသန်းတဲ့ ခရီးစဉ်တွေ မပါဝင်ကြောင်းနဲ့ အခြား ကန့်သတ်ချက်တွေရှိကြောင်း Air Asia က ထည့်သွင်းကြေညာ ထားတာကိုလည်း တွေ့ရပါတယ်။


  • VIA