News

POST TYPE

ADVERTORIAL

Mazda CX9 ကို မျက်လုံးထဲက မထွက်ဘူးဖြစ်နေပါတယ်ဆိုတဲ့ ကိုပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံအကြောင်း
01-Nov-2018

ချစ်တယ်ဆိုတာထက် ထုထည်ပိုကြီးလာတာတွေက မေတ္တာ၊ သံယောဇဉ်နဲ့ နားလည်မှုတွေပါတဲ့။ 

အိမ်ထောင်သက်တမ်း ကြာလာတာနဲ့အမျှ ချစ်တယ်ဆိုတာထက် ထုထည်ပိုကြီးလာတာတွေက မေတ္တာ၊ သံယောဇဉ်နဲ့ နားလည်မှုတွေပါလို့ဆိုတဲ့ မဇင်သဲနိုင်နဲ့ Mazda CX9 ကို မျက်လုံးထဲက မထွက်ဘူးဖြစ်နေပါတယ်ဆိုတဲ့ ကိုပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံအကြောင်း 

ကိုပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံရဲ့ အချစ်ပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်လေးတွေ၊ Mazda နဲ့ပတ်သက်ပြီး အမှတ်ရစရာ အဖြစ်အပျက်လေးတွေကို The Voice ပရိသတ်​ကြီးအတွက်  မေးမြန်းစပ်စုထားပါတယ်။ ဖတ်ကြည့်ပေးပါဦး။

ကလေးလေးတွေ (၃) ယောက်ရပြီးတဲ့အချိန်မှာတောင် ပျော်ရွှင်တဲ့မိသားစုဘဝလေးဖြစ်အောင် Relationship ကို ဘယ်လိုညှိယူခဲ့ကြသလဲ? အချစ်ဆိုတဲ့အရာကို အဓိပ္ပါယ် ဘယ်လိုဖွင့်ချင်သလဲ? ဆိုတာကို ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံက ဒီလိုလေးဖြေထားပါတယ်။

ပိုင်ဇေရဲထွန်း - လူပျိုဘဝတုန်းကတော့ အချစ်ဆိုတာက ဒီကောင်မလေး ငယ်ငယ်လေး၊ နုနုဖတ်ဖတ်၊ ချောချောလေး သူ့ကိုချစ်တယ်၊ သဘောကျတယ်။ အဲ့ကနေပြီးတော့ သူနဲ့မတွေ့ရရင် မနေနိုင်ဘူး။ သူ့အသံမကြားရရင် မနေနိုင်ဘူးနော်။ အဲ့တာ အချစ်လို့ ထင်တာပေါ့။ နောက်ပိုင်းကျတော့လည်း သူမရှိရင် မဖြစ်ဘူးလို့ ထင်တဲ့အခါကျတော့ ရအောင်ယူတာပေါ့။ ဒါက အကိုငယ်ငယ်ထဲက ထင်လိုက်တဲ့အချစ်ပေါ့နော်။ တကယ်တမ်းက အချစ်ဆိုတာက အရမ်းဖြူစင်ပါတယ်။ ပြောလို့ ရှင်းပြလို့ အရမ်းခက်တဲ့ အရာတစ်ခုပါ။ အခုအချိန်မှာ အကိုပြောလို့ရတဲ့ အချစ်ဆိုတာ ဘာလဲဆိုရင် အကို့ဘဝအတွက် မရှိမဖြစ်တဲ့အရာ၊ အကို့အမျိုးသမီးရယ်၊ ကလေး (၃) ယောက်ရယ်၊ ဒါအကို့အချစ်တွေပဲ။

ဇင်သဲနိုင် - အမအနေနဲ့ လက်ထပ်ပြီးတဲ့အခါမှာ Relationship အကြောင်းပြောရမယ်ဆိုရင် သပ်သပ်ကြီး အဆင်ပြေအောင်နေမယ်ဆိုပြီး ညှိယူတာမဟုတ်ဘူး။ ဒါပေမယ့် နားလည်မှု တည်ဆောက်တယ်ဆိုတာက Step by Step သွားရတာကိုး။ အမတို့ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ တချို့ဟာတွေက နှုတ်ကပြောစရာမလိုဘဲနဲ့ အလိုလိုသိလာတဲ့ဟာလေးတွေရှိတယ်။ နောက်တစ်ခုက အသက်အရွယ် အပိုင်းအခြားအရ ရင့်ကျက်လာတာတွေလည်းရှိတယ်။ အမတို့ အိမ်ထောင်ရေးကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ယူခါစ တစ်နှစ်၊ နှစ်နှစ်နဲ့ အခုနောက်ပိုင်း ဆယ်စုနှစ်တစ်စု ဖြတ်သန်းပြီး နောက်ပိုင်းနဲ့က မတူတော့ဘူး။ အမတို့ရဲ့ ခံယူချက် အမတို့ကိုယ်တိုင်လည်း ပြောင်းလဲတယ်။ အကိုကလည်း ပြောင်းလဲလာတယ်။ ကြာလာတာနဲ့အမျှ အမတို့ Relationship က သံယောဇဉ်ပိုကြီးလာတယ်။ မေတ္တာတရားတွေ ပိုများလာတယ်။ ချစ်တယ်ဆိုတာထက် ထုထည်ပြီးကြီးလာတာတွေက မေတ္တာ၊ သံယောဇဉ်နဲ့ တခြားနားလည်မှုတွေပေါ့။

ပိုင်ဇေရဲထွန်း - အရင်တုန်းကတော့ အကိုနဲ့ သူနဲ့ နှစ်ယောက်ပဲရှိတာကိုး။ သူမကြိုက်တာကိုလည်း အကိုက လျှော့တယ်။ တတ်နိုင်သမျှ မလုပ်ဘူး။ အကိုကလည်း ဒီဟာမကြိုက်ဘူးဆို သူတဖြည်းဖြည်းနဲ့လျှော့တယ်။ ဒါတစ်ယောက်နဲ့ တစ်ယောက် နားလည်မှုယူတာပေါ့နော်။ နောက်ပိုင်းမှာ သားလေးတွေ သမီးလေးတွေ ရလာတဲ့အခါကျတော့ သူတို့က အကိုတို့ရဲ့ ကြိုးလေးဖြစ်ကုန်တာပေါ့နော်။ အကိုတို့ နှစ်ယောက်ကို တည်မြဲအောင်ချည်တဲ့ ကြိုးလေးဖြစ်ကုန်တယ်။ အကိုတို့ နှစ်ယောက်ကလည်း အကိုတို့နှစ်ယောက်ကြောင့် သူတို့ကို စိတ်ဆင်းရဲအောင် ဘယ်တော့မှမလုပ်ဘူး။ အကိုဘဝက သူတို့ပဲဆိုတာဖြစ်တဲ့အတွက် ဒီမိသားစု အသိုက်အဝန်းကြီးက တဖြည်းဖြည်းနဲ့ ထုထည်ကြီးမားလာတယ်။ ပိုခိုင်မာလာတယ်။ ဒါပါပဲ။

Mazda Myanmar နဲ့ ပတ်သက်ပြီး…

ပိုင်ဇေရဲထွန်း - Mazda ကနေ အသစ်ထွက် ၂၀၁၈ မော်ဒယ် CX9 ကို စမ်းသပ်မောင်းနှင်ကြည့်ဖို့ ကျွန်တော်တို့ မိသားစုကို ဖိတ်ခေါ်ခဲ့တယ်ပေါ့နော်။ ကျွန်တော် ထင်ပါတယ် CX9 ရဲ့ အတွင်းပိုင်းက တော်တော်ကျယ်ကျယ်လေ။ ကျွန်တော်ကလည်း မိသားစုများတယ်။ ကျွန်တော့် အမျိုးသမီးရယ် သားသမီးက သုံးယောက်၊ ကလေးတွေက ငယ်သေးတယ်။ နောက်ပြီး အပြင်သွားတိုင်း ကလေးတွေနဲ့ အတူတူ အိမ်က အဖော်ညီမလေးတွေလည်း အမြဲပါတတ်တယ်။ ဆိုတော့ ကျွန်တော်တို့က မိသားစုကြီးလိုဖြစ်နေတော့ အရင်ထဲက ကျယ်ကျယ်ဝန်းဝန်းဖြစ်မယ့်ကားအမျိုးအစားကို စီးတာများတယ်။ ဒါပေမယ့်လို့ အဖော်ညီမလေးတွေရော ပစ္စည်းပစ္စယတွေရောပါလာတဲ့အခါ အရင်စီးခဲ့တဲ့ ကားအမျိုးအစားတွေက ကျပ်ကျပ်တည်းတည်းဖြစ်တယ်ပေါ့နော်။ အခု CX9 က Family Car လိုဖြစ်နေတော့ အကိုတို့ မိသားစုအတွက် အရမ်းကို အဆင်ပြေစေတယ်။

ဒါပထမဦးဆုံးအချိန် CX9 ကို မောင်းဖူးတာပါ။ အရမ်းသဘောကျပါတယ်။ နဂိုထဲက အကိုက ကား crazy ဖြစ်နေတော့ ကားလန်းလန်းလေးတွေ မောင်းရတာ သဘောကျတာပေါ့နော်။ ဒီကားက ၂၀၁၈ မော်ဒယ်ဖြစ်တဲ့အတွက်လည်း latest အသစ်စက်စက်ကို မောင်းရတယ်။ ကားမှာပါတဲ့ function တွေကလည်း နောက်ဆုံးပေါ်  Technology တွေနဲ့ လုပ်ထားတယ်။ အကို အခုမောင်းကြည့်သလောက်မှာ တခြားကားတွေမှာ ပါတဲ့ဟာတွေလည်း သူမှာ အကုန်ပါတယ်။ Driver Seat ပိတ်ချာလည်မှာလည်း Air Bag တွေပါတယ်။ နောက်ပြီးတော့ ကားမောင်းတဲ့သူ တစ်ယောက်အတွက် အရှိုန်နဲ့ မောင်းနေပြီဆိုရင် ပုံမှန်ကားတော်တော်များများက အရှိန်ဘယ်လောက် ရှိနေပြီဆိုတာ Dashboard ကို အမြဲကြည့်ရတယ်။ CX9 မှာက မှန်မှာ၊ screen မှာ ပြန်မြင်နေရတဲ့အတွက် သပ်သပ်ကြီး ငုံ့ကြည့်နေစရာမလိုတဲ့အခါ အာရုံထွေပြားမှုမရှိတော့ဘူး။ နောက်ပြီး Back Camera ကလည်း ပတ်ချာလည်မှာပါတယ်။ အကို့ကလေးတွေအတွက်ရော မိသားစုအတွက်ရော Mazda safety features တွေက Myanmar cares for you, Mazda car for the family လို့ဆိုတဲ့အတိုင်း တော်တော် safe ဖြစ်တယ်လို့ ခံစားရတယ်။ နောက်ထပ် safe ဖြစ်မယ့် setting တွေလည်း ပါတယ်လို့ သိရတယ်။ အကုန်လုံးတော့ မစမ်းကြည့်ရသေးဘူး။ Skyactiv Technology ကိုလည်း အကိုအရမ်းကို သဘောကျနေပါတယ်။ မိန်းမကိုလည်း မောင်းနေရင်းနဲ့ ဝယ်ပေးမလား ဝယ်ပေးမလားဆိုပြီး မျက်စတွေ ပစ်ပစ်နေတာ လေး၊ ငါး၊ ခြောက်ခါရှိသွားပြီ။ (ရယ်လျက်)

ဇင်သဲနိုင် - အမရှေ့မှာ ထိုင်ရတာ အရမ်းသက်တောင့် သက်သာဖြစ်တယ်။ ကလေးတွေနဲ့ အနောက်မှာ သွားထိုင်တဲ့အခါမှာလည်း နောက်ခန်းက အကျယ်ကြီးပဲပေါ့နော်။ ပြီးတော့ အနောက်ဖက်မှာ နောက်ထပ် ခုံတစ်တန်း ထပ်ပါသေးတဲ့အတွက်ကို အမတို့နဲ့အတူတူ အိမ်ကလိုက်တာမယ့် အဖော်တွေအတွက်လည်း အဆင်ပြေတယ်။ ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်တောင့်သက်သာ ရှိတယ်ပေါ့လေ။ နောက်ပြီးတော့ အရှေ့အခန်းမှာ ထိုင်ရတဲ့အခါမှာ အမြင် အရမ်းရှင်းတယ်။ အမသိပ်သဘာကျတာက သူ့ရဲ့ Dashboard အချိုးအစားလေးတွေ ချိုးသွားတာလေးတွေ။ နောက်ပြီး Hand Break။ သူမှာပါတဲ့ Hand Break က ခလုတ်လေး တစ်ချက်နှိပ်လိုက်ရုံပဲ။ အရမ်းမိုက်တယ်။