News

POST TYPE

ADVERTORIAL

ဆယ်ကျော်သက်အရွယ် ကျော်လွန်သွားရင်တောင် အရပ်ထပ်ရှည်နိုင်တဲ့ နည်းလမ်း
15-Oct-2016
ဆယ်ကျော်သက်အရွယ် ကျော်သွားပြီး လူလတ်ပိုင်းအရွယ် ရောက်နေလို့ အရပ်ထပ်မရှည်နိုင်တော့ဘူးလို့ လူအများစုက ထင်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အဲဒီလို မဟုတ်ပါဘူး။ တကယ်လို့ နည်းစနစ်တကျနဲ့ စားသောက်နေထိုင်ပြီး လေ့ကျင့်ခန်းတွေ လုပ်မယ်၊ မှန်ကန်တဲ့ ဖြည့်စွက်စာတွေရဲ့ အကူအညီကိုလည်း ရယူမယ်ဆိုရင် အသက် ၃၀ အရွယ် ရောက်နေရင်တောင် ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ အရပ်ထပ်ရှည်နိုင်ပါသေးတယ်။

အရပ်ရှည်ဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို မပြောခင်မှာ အရပ်ရှည်ခြင်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို အနည်းငယ် ပြောချင်ပါတယ်။ အရပ်ရှည်ဖို့အတွက် အရိုးတွေ ကြီးထွားဖွံ့ဖြိုးဖို့ လိုတယ်ဆိုတာကို လူတော်တော်များများ သိကြပါတယ်။ ဒါပေမဲ့ အရိုးတွေတင်မက အရိုးတစ်ခုနဲ့တစ်ခုကြားက အရွတ်တွေ၊ အရိုးနုတွေလည်း ကြီးထွားဖွံ့ဖြိုးဖို့ လိုပါသေးတယ်။ အရပ်ရှည်ဖို့အတွက် အဓိက အကျဆုံးက ကျောရိုးမကြီးပါ။ ကျောရိုးမကြီးဟာ လူတစ်ကိုယ်လုံး အရပ်အမြင့်ရဲ့ ၃၅% ရာခိုင်နှုန်းရှိပြီး အရိုးဆစ်ပေါင်း ၃၃ ခု ပါဝင်ပြီး အရိုးဆစ်တစ်ခုနဲ့ တစ်ခုကြားမှာတော့ အရွတ်တွေနဲ့ ပေါင်းစပ်ထားပါတယ်။ ဒါကြောင့် အရိုးဆစ်တွေကြားမှာ ရှိတဲ့ အရွတ်တွေ သန်မာဖွံ့ဖြိုးလာမယ်ဆိုရင် ကျောရိုးမကြီးကို ဆွဲဆန့်ပေးသလိုဖြစ်ပြီး အရပ်ရှည်လာမယ့်အပြင် တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်နိုင်မှာပါ။ အဲဒီလိုပဲ ခြေတွေလက်တွေကြားမှာ ရှိတဲ့ အဆစ်တွေကြားက အရွတ်တွေလည်း သန်မာဖွံ့ဖြိုးလာဖို့ လိုပါတယ်။ ဒါဆိုရင် ဆယ်ကျော်သက်အရွယ်ကို ကျော်လွန်ပြီးတဲ့ နောက်မှာတောင်မှ အရပ်ထပ်ရှည်လာနိုင်ဦးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရပ်ရှည်ဖို့အတွက် လိုက်နာသင့်တဲ့ အနေအထိုင်၊ အစားအသောက်ပုံစံနဲ့ လုပ်ဆောင်ရမယ့် လေ့ကျင့်ခန်းတွေ၊ သောက်သုံးသင့်တဲ့ ဆေးဝါးအကြောင်းတွေ ဆက်လက် လေ့လာကြည့်လိုက်ရအောင်။

အစားအသောက် အနေအထိုင်ကနေစပြီး ပြောရမယ်ဆိုရင် အရပ်ရှည်ဖို့အတွက် အဓိက လိုအပ်တာက ပရိုတိန်းဓါတ်ပါ။ ဒါကြောင့် ပရိုတိန်းဓါတ် ပါဝင်တဲ့ အသား၊ ငါး၊ နွားနို့၊ ကြက်ဥ၊ အသည်းတို့ကို များများစားပေးဖို့ လိုပါတယ်။ တစ်နေ့ကို နွားနို့ နှစ်ခွက်လောက် အနည်းဆုံးသောက်တာ၊ ကြက်ဥ ပုံမှန်စားတာနဲ့ အသားများများ စားတာမျိုး လုပ်သင့်ပါတယ်။ အသားမစားတဲ့သူ ဆိုရင်လည်း ပရိုတိန်းဓါတ် ပါဝင်တဲ့ ပဲများများ စားပေးသင့်ပါတယ်။ အဆီအဆိမ့်တွေနဲ့ အသင့်စားစားစရာတွေ၊ မုန့်ပဲသရေစာတွေကိုတော့ ရှောင်တာကောင်းပါတယ်။ အနေအထိုင် အနေနဲ့ကတော့ အထိုင်မများအောင် သတိထားဖို့၊ လမ်းများများလျှောက်ဖို့နဲ့ ခါးရိုးကို ဆန့်ဆန့်ထားပြီး သတိထား နေထိုင်ဖို့ လိုအပ်ပါတယ်။ 
အိပ်တဲ့အခါမှာလည်း ခါးရိုးကို ကွေးမအိပ်ပဲ ဆန့်ဆန့်ထားပြီး အိပ်သင့်ပါတယ်။ နောက်ပြီး အိပ်ရေးဝဝ အိပ်စက်ဖို့လည်း လိုပါတယ်။ 

လေ့ကျင့်ခန်း အနေနဲ့ကတော့ ခါးဆန့်စေတဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ဘယ်လိုလေ့ကျင့်ခန်းမျိုးမဆို ကောင်းပါတယ်။ အရေးကြီးတာက နေ့စဉ်ပုံမှန် လုပ်ဖြစ်ဖို့ပါ။ အိပ်ရာဝင်၊ အိပ်ရာထမှာ အကြောဆန့်တာမျိုးကို ပုံမှန်လုပ်ဆောင်သင့်ပါတယ်။ 
 
ဖြည့်စွက်စာအကူအညီယူဖို့ အတွက်ကတော့ ဘေးထွက်ဆိုးကျိုး မရှိဘဲ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ တရားဝင် ခွင့်ပြုချက် ရရှိထားတဲ့ ဖြည်စွက်စာမျိးကို ရွေးချယ်သင့်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ဈေးကွက်ထဲမှာ ဆိုရင်တော့ Height XL ဟာ အဲဒီအချက်တွေနဲ့ ကိုက်ညီပါတယ်။ Height XL ဟာ ဆယ်ကျော်သက်တွေကို ပိုမိုမြင့်မားတဲ့ အရပ်မျိုး ပိုင်ဆိုင်ဖို့ ကူညီနိုင်သလို သက်လတ်ပိုင်း အရွယ်တွေကိုလည်း ရှိရင်းစွဲ အရပ်ထက် ပိုမြင့်မားလာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ Height XL မှာ အစွမ်းထက် သဘာဝ အဟာရတွေ ပါဝင်ပြီး ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ Human Growth Hormone တွေကို သဘာဝအတိုင်း ပိုမိုထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်တဲ့ Pituitary gland တွေ အားကောင်းလာအောင် အဓိက စွမ်းဆောင်ပေးပါတယ်။ ဒါကြောင့် အရိုးတွေ၊ ကြွက်သားတွေနဲ့ အရိုးတစ်ခုနဲ့ တစ်ခုကြားမှာရှိ Cartilage လို့ ခေါ်တဲ့ အရွတ်တွေကို သန်မာထွားကြိုင်း စေနိုင်ပါတယ်။ နေ့စဉ် ပုံမှန်သောက်သုံးပေးရင် ၃ လမှ ၆ လအတွင်း ပတ်ဝန်းကျင်က သတိထားမိလာလောက်တဲ့အထိ သိသိသာသာ အရပ်မြင့်မားလာစေမယ်လို့လည်း ဆေးအညွှန်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ Height XL ကိုအသက် ၁၃ နှစ်ကနေ ၃၀ အတွင်း အရွယ်တွေ သောက်သုံးနိုင်တယ်လို့လည်း ဆိုထားပါတယ်။ 

Height XL ဆေးအကြောင်း အသေးစိတ် အချက်အလက်တွေကို Height XL မြန်မာရဲ့ Facebook Page => https://www.facebook.com/Height-XL-Myanmar-1810709162490110/?fref=ts မှာ သွားရောက်ကြည့် ရှု့နိုင်ပါတယ်။

ဒီလို အစားအသောက် အနေအထိုင်အရ၊ လေ့ကျင့်ခန်းအရရော၊ ဖြည့်စွက်စာ အကူအညီအရပါ အဘက်ဘက်က လိုက်နာနေထိုင်မယ်ဆိုရင် သတ်လတ်ပိုင်းအရွယ် ရောက်နေရင်တောင်မှ ရှိရင်းစွဲ အရပ်ထက် ပိုမိုမြင့်မားတဲ့ အရပ်ကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။