News

POST TYPE

ADVERTORIAL

အင်္ဂလန်နိုင်ငံ University of Teesside တက္ကသိုလ်မှတိုက်ရိုက်ချီးမြှင့်မည့်ဘွဲ့ဒီဂရီများကို မြန်မာနိုင်ငံတွင်ပင် တက်ရောက်နိုင်
08-Oct-2018


Teesside တက္ကသိုလ်အကြောင်းကို အသေးစိတ် မေးမြန်းနိုင်မည့် “Open House Day”ကို ရန်ကုန်မြို့ရှိ Kaplan Myanmar University College (KMUC) တွင် အောက်တိုဘာ ၁၃ ရက်၊ စနေနေ့၊ မနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ကျင်းပမည်ဖြစ်သည်။

Kaplan Myanmar University College သည် နှစ် (၈ဝ) ကြာ အောင်မြင်မှုများစွာဖြင့် ရပ်တည်လာခဲသော အမေရိကန်နိုင်ငံအခြေစိုက် ပညာရေး အဖွဲ့အစည်း Kaplan Education Group မှ မြန်မာနိုင်ငံတွင် ဖွင့်လှစ်လိုက်သည့် တက္ကသိုလ်ကျောင်းခွဲဖြစ်ပါသည်။ 

University of Teesside သည် အင်္ဂလန်ဘုရင်မကြီးက ရွေးချယ်ချီးမြှင့်ပေးအပ်သည့် Queen's Anniversary Prize for Higher and Further Education ဆုကို ၅နှစ် ဆက်တိုက်ရရှိထားသည့် ထိပ်တန်းတက္ကသိုလ်ကြီးဖြစ်သည်။

အင်္ဂလန် ထိပ်တန်းတက္ကသိုလ်က ဘွဲ့ဒီဂရီရယူလိုသည့် မြန်မာနိုင်ငံမှ ၁၀ တန်းအောင်ပြီးသူတွေ၊ iGCSE ပြီးထားသူ၊ HND တက်ရောက်နေသူများ၊ ကျောင်းသားမိဘများအနေဖြင့် University of Teesside ၏ OPEN HOUSE Day ကိုတက်ရောက်ရန် ဖေ့ဘုတ်လူမှုကွန်ရက်မီဒီယာပေါ်ရှိ www.facebook.com/events/2128477150530715/ တွင် ကြိုတင် Register ပြုလုပ်နိုင်ကြောင်း သိရသည်။

အောက်တိုဘာ ၁၃ ရက်နေ့တွင်ကျင်းပမည့် Open House Day တွင် Teesside တက္ကသိုလ်မှ ဘွဲ့ဒီဂရီရယူရန် အင်္ဂလိပ်စာဝင်ခွင့် လိုအပ်ချက်များအကြောင်း၊ Diploma နှင့် Advanced Diploma အဆင့် တက်ရောက်နိုင်သည့် ၀င်ခွင့်လိုအပ်ချက်အကြောင်း၊ တက်ရောက်လိုသည့်ဘွဲ့ဒီဂရီတွင် ပါဝင်မည့် ဘာသာရပ်အသေးစိတ်များအကြောင်း၊ တက်ရောက်ရမည့် ဘာသာရပ်အလိုက် ကျောင်းလခ ကုန်ကျစရိတ်နှင့် အရစ်ကျ ငွေပေးသွင်းမှုများအကြောင်း အသေးစိတ် မေးမြန်းနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် မိမိလက်ဝယ်ရရှိထားသည့် အောင်လက်မှတ်များပေါ် မူတည်၍ ဘာသာရပ်ကင်းလွတ်ခွင့်များအကြောင်း၊ KMUC တွင် စကောလားရှစ်လျှောက်ထားနိုင်မည့် အစီအစဉ်များအကြောင်း အသေးစိတ် မေးမြန်းနိုင်ပြီး အမှတ်- အေ/၆၊ ၀ဂ္ဂီရိပ်သာလမ်း၊ လှည်းတန်းအနီး၊ ကမာရွတ်မြို့ နယ်တွင်တည်ရှိသည့် KMUC ၏ စာသင်ခန်းနှင့် Lab ခန်းများ၊ Facilities များကိုလည်း လှည့်လည်ကြည့်ရှုနိုင်မည်ဖြစ်ရာ ဖုန်း - 09 777 63 6000, 09 777 68 6000 သို့ အသေးစိတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။