News

POST TYPE

ADVERTORIAL

ပြည်ပမှာ ပညာသင်လိုသူတွေအတွက် နိုင်ငံတကာပညာရေးပြပွဲ
01-Oct-2018



နှစ်စဉ် ပြုလုပ်နေကျ နိုင်ငံတကာ အဆင့်မြင့်ပညာရေးပြပွဲ (International Education Exhibition 2018) ကို အောက်တိုဘာ (၇) ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ NOVOTEL ဟိုတယ်၊ Level 4 ရှိ Eureka ခန်းမတွင် မွန်းလွဲ (၁) နာရီမှ ညနေ(၄) နာရီ အချိန်အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နိုင်ငံခြားသို့ သွားရောက် ပညာသင်ကြားရန် ရည်ရွယ်ထားသည့် အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများ၊ iGCSE ဖြေဆိုထားသူများ၊ SAT (သို့) IB တက်ရောက်ထားသူများ၊ HND Diploma ရရှိထားသူများ၊ တက္ကသိုလ်ကျောင်းသားများနှင့် ၎င်းတို့၏ မိဘများ လာရောက်လေ့လာနိုင်ကြမည်ဖြစ်ပြီး ထိပ်တန်းတက္ကသိုလ်များမှ ပညာရေးအတိုင်ပင်ခံများနှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးနိုင်မည် ဖြစ်သည်။

IEE2018 ပညာရေးပြပွဲသို့ လာရောက်လေ့လာမည့် ကျောင်းသား/သူများအနေဖြင့် ဖေ့ဘုတ် လူမှုကွန်ယက်ပေါ်ရှိ www.facebook.com/events/544390122649366/ တွင် စာရင်းပေးသွင်းနိုင်ပြီး ပါဝင်ပြသမည့် တက္ကသိုလ်များအကြောင်းကို လေ့လာနိုင်မည်ဖြစ်သည်။

ပညာရေးပြပွဲလာရောက်သူများသည် AT&S (နိုင်ငံတကာ တက္ကသိုလ် ပညာရေး ၀န်ဆောင်မှု ကုမ္ပဏီ) အဆောင် (၅)၊ အခန်း (၄)၊ MICT Park၊ လှိုင်တက္ကသိုလ်နယ်မြေ။ ဖုန်း - ၀၁ ၆၅၂၃၂၀ ၊ ၀၉ ၇၇၇ ၂၂၃ ၂၂၅ သို့ စာရင်းပေးသွင်းခြင်းဖြင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို ပြပွဲတွင် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ယင်းပညာရေးပြပွဲတွင် နိုင်ငံတကာတက္ကသိုလ်များသို့ တက်ရောက်ပညာသင်ယူရာတွင် အရေးပါသည့် IELTS ရမှတ်ပေါ်မူတည်၍ စကော်လားရှစ် လျှောက်ထားနိုင်သည့် တက္ကသိုလ်ဝင်ခွင့်များအကြောင်း၊ HND တက်ထားပြီးခဲ့ပါက ဦးစားပေး လျှောက်ထားသင့်သည့် တက္ကသိုလ်များအကြောင်း အစရှိသည်တို့အပြင် မာစတာတန်းကို တက်ရောက်နိုင်ရန် လိုအပ်သည့် ပညာရေး အချက်အလက်များ၊ နိုင်ငံတကာကျောင်းများ၏ စကောလား စနစ်များအကြောင်းတို့ကိုလည်း အသေးစိတ် အခမဲ့ ဆွေးနွေးမေးမြန်းနိုင်ကြမည်ဖြစ်သည်။