News

POST TYPE

ADVERTORIAL

ရထားစီး၊ ကားစီးရင်း email ပို့ အလုပ်လုပ်ရသူများအတွက် အလုပ်ချိန်ကို ထည့်တွက်ပေးသင့်ဟုဆို
31-Aug-2018
လန်ဒန်၊ ဩဂုတ်၃၀

ရထားနဲ့သွားလာလှုပ်ရှားရင်း အလုပ်အတွက် email တွေကို စစ်ဆေး ပို့ဆောင်နေရသူတွေအတွက် ရထားစီးချိန် ကားစီးချိန်ကိုပါ အလုပ်ချိန်ထဲ ထည့်တွက်ပေးသင့်ကြောင်း သုတေသနလေ့လာမှုတစ်ရပ်ကို ကိုးကားလျက် BBC က ရေးသားဖော်ပြထားသည်။

ရထားများပေါ်တွင် wi-fi များ ရရှိခြင်း၊ မိုဘိုင်းလ်ဖုန်းများ ပေါများခြင်းတို့ကြောင့် အလုပ်ချိန်များကိုဆွဲဆန့် ထားသလိုဖြစ်ကြောင်း West of England University မှ လေ့လာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

လန်ဒန်မြို့တွင်းသွားသည့် ရထားပေါ်တွင် စီးနင်းသောခရီးသည် ငါးထောင်လောက်ကို လေ့လာထားသည့် လေ့လာချက်ဖြစ်ပါသည်။

“ကျွန်မကအလုပ်များတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ ဒီအချိန်ပဲ သုံးပါတယ်”ဟု ဖြေကြားသူခရီးသည်တစ်ဦးက ဆိုသည်။ ရထားပေါ်တွင်ပင် စာရေး၊ စာပြန်ခြင်းများကို ပြီးအောင် ဆောင်ရွက်သွားရန် အရေးပါသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ လေ့လာချက်ကို အမျိုးသား ပထဝီဝင်အသင်းကြီးသို့ တင်သွင်းသွားမည်ဖြစ်သည်ဟု ယင်းသတင်းက ဖော်ပြထားသည်။

၅၄ ရာခိုင်နှုန်းသော ဖြေကြားသူ ခရီးသည်များက wi-fi ကိုအသုံးပြုကာ အလုပ် email များ စစ်ကြသည်ဟု ပြောဆိုသည်။

အခြားခရီးသည်များက အလုပ် email များအတွက် ကိုယ်ပိုင် မိုဘိုင်းလ်ဖုန်းမှ အင်တာနက်ကိုအသုံးပြုကြသည်ဟု ဆိုသည်။ 

အိမ်အပြန်လမ်းတွင်လည်း အလုပ်ချိန်အတွင်းက မပြီးခဲ့သည်များကို email ဖြင့် ဆက်ပြီး အလုပ်လုပ်ရသည်ဟု ဖြေကြားသူများက ဖော်ပြထားသည်။ 

“အလကားဖြစ်သွားတဲ့ အချိန်တွေမို့ အလုပ်မှာမပြီးခဲ့တာတွေကို ကျွန်တော်ဆက်လုပ်ပါတယ်”ဟု ရထားစီးခရီးသည်တစ်ဦးက ပြောကြားသည်။ 

အင်တာနက် ဆက်သွယ်ရေးနည်းပညာများ ပိုမိုမြန်ဆန်လာခြင်းနှင့် လက်တော့၊ မိုဘိုင်းဖုန်းများ တွင်ကျယ်လာခြင်းနှင့်အတူ အလုပ်ချိန်လည်းဆွဲဆန့်လာကြောင်း လေ့လာချက်က ဖော်ပြထားသည်။
F-02



  • VIA