News

POST TYPE

ADVERTORIAL

ယာဉ်မောင်းတွေကဆီက ကော်မရှင်မယူလို့ ဈေးနှုန်းပိုသက်သာတဲ့ OK Taxi
23-Aug-2018 tagged as


တက္ကစီငှားတဲ့အခါ လမ်းမထွက်ပြီး ကားတွေ တစ်စီး​ပြီးတစ်စီး တားနေရတဲ့ ဒုက္ခကနေ ကင်းဝေးစေတဲ့ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကနေ တက္ကစီငှားတဲ့စနစ်ဟာ မကြာသေးခင် နှစ်ပိုင်းအတွင်းက မြန်မာနိုင်ငံမှာ ခေတ်စားလို့လာတာ အားလုံးအသိပါပဲ။

ဒါပေမဲ့ ဒီလိုအက်ပလီကေးရှင်းကနေ ငှားတဲ့အခါ အက်ပလီကေးရှင်း ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီက ယာဉ်မောင်းတွေဆီကနေ ရာခိုင်နှုန်းတစ်ခု ကော်မရှင်အဖြစ်ယူကြတာကြောင့် ကိုယ်တိုင် တက္ကစီတိုက်ရိုက်ငှားစီးတာထက် ဈေးပိုကြီးတာမျိုးတွေ ရှိနေပါတယ်။

အခုအခါမှာတော့ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးထားတဲ့ Taxi Application တစ်ခု ထွက်ပေါ်လို့နေပါပြီ။ အဲဒါကတော့ OK Taxi ပါပဲ။

OK Taxi က အခြား Taxi Application တွေလို သူနဲ့ချိတ်ဆက်ထားတဲ့ ယာဉ်မောင်းတွေဆီက ကော်မရှင်ရယူခြင်း မရှိတာကြောင့် ခရီးသည်တွေအနေနဲ့ လိုရာခရီးကို ဈေးနှုန်းသက်သာစွာနဲ့ သွားလာနိုင်မှာပဲဖြစ်ပါတယ်။

ဈေးနှုန်းတွေကိုလည်း ယာဉ်မောင်းရော ခရီးသည်ပါ အဆင်ပြေမယ့် ဈေးနှုန်းဖြစ်အောင် သတ်မှတ်ပေးထားပြီး တကယ်လို့ ခရီးသည်က ကျသင့်တဲ့ဈေးနှုန်း အရမ်းများနေတယ်လို့ထင်ရင် ယာဉ်မောင်းနဲ့တိုက်ရိုက်ညှိနှိုင်းကာ ဈေးဆစ်နိုင်မယ့်စနစ်ကိုလည်း အက်ပလီကေးရှင်းထဲမှာ ထည့်သွင်းပေးထားပါသေးတယ်။

OK Taxi မှာ တခြား Taxi Application တွေနဲ့မတူတဲ့ နောက်ထပ် ထူးခြားချက်တွေလည်း ရှိပါသေးတယ်။ အဲဒါကတော့ မြန်မာစာနဲ့ အသုံးပြုနိုင်ခြင်း၊ လာခေါ်ရမယ့်နေရာနဲ့ သွားလိုတဲ့နေရာတွေကိုရွေးချယ်ပြီးတဲ့နောက်မှာ စီးလိုတဲ့ ယာဉ်အမျိုးအစားကို ရွေးချယ်နိုင်ခြင်းနဲ့ ကိုယ့်ရဲ့ မိသားစုဝင်၊ သူငယ်ချင်း၊ ဝန်ထမ်း စတဲ့ တခြားသူတွေကိုယ်စားလည်း ငှားရမ်းပေးနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ခရီးသည်နဲ့ ယာဉ်မောင်းနှစ်ဦးနှစ်ဖက် ဘေးကင်းလုံခြုံရေးအတွက်လည်း OK Taxi မှာ အထူးလုပ်ဆောင်ချက်တွေ ထည့်သွင်းထားတာကို တွေ့ရပါတယ်။ စီးနင်းတဲ့ခရီးသည်ရော၊ ယာဉ်မောင်းကပါ ဘေးကင်းလုံခြုံမှု ရှိ၊ မရှိ ဆိုတာကို အတည်ပြုပေးရတဲ့စနစ် ပါဝင်ပြီး ဘေးကင်းလုံခြုံမရှိလို့ အတည်ပြုလိုက်တာနဲ့ သက်ဆိုင်ရာ Call Center ကနေ လိုအပ်တဲ့ဖုန်းခေါ်ဆိုမှုတွေပြုလုပ်ပြီး စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ခရီးသွားနေတုန်းမှာလည်း ကိုယ်စတင်စီးတဲ့နေရာ၊ သွားမယ့်နေရာ၊ ယာဉ်မောင်း အမည်၊ ကားနံပါတ်၊ လက်ရှိ ရောက်ရှိနေတဲ့နေရာတို့ကို Emergency Contact မှာ ထည့်သွင်းထားတဲ့ ဖုန်းနံပါတ်ကို မက်ဆေ့ခ်ျပေးပို့ပေးမယ့် စနစ်လည်းပါဝင်ပါတယ်။ တခြားသူတွေအတွက် OK Taxi နဲ့ ငှားပေးလိုက်တဲ့အခါမှာလည်း ကိုယ်ငှားပေးလိုက်တဲ့သူ ရောက်ရှိနေတဲ့နေရာကိုပါ သိရှိနိုင်ဦးမှာပါ။

လက်ရှိအချိန်မှာ OK Taxi ရဲ့ Promotion ကာလဖြစ်တာကြောင့် ခရီးသည်တွေအနေနဲ့ အခမဲ့ စီးနင်းနိုင်မယ့် အခွင့်အရေးလည်းရှိနေကြောင်း သတင်းကောင်းပါးချင်ပါတယ်။ OK Taxi စီးတဲ့ခရီးသည်အနေနဲ့ ကျသင့်ငွေကို ယာဉ်မောင်းကို ပေးချေပြီးနောက် ၄၈ နာရီအတွင်း ကျသင့်ငွေကို OK Taxi ကနေပြီး ခရီးသည်ရဲ့ ဖုန်းထဲက OK $ အကောင့်ထဲကို ပြန်ထည့်ပေးသွားမှာပါ။ ဒီပရိုမိုးရှင်းကို ခံစားနိုင်ဖို့အတွက် ခရီးသည်မှာ OK$ အကောင့်တော့ရှိဖို့ လိုအပ်ပါတယ်။ ပရိုမိုးရှင်းအစီအစဉ် အသေးစိတ်ကို OK Taxi Facebook Page မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

OK Taxi အက်ပလီကေးရှင်းကို Google Play Store ကနေ အလွယ်တကူ အခမဲ့ ဒေါင်းလော့ဒ် (OK Taxi Application)ရယူနိုင်မှာပဲ ဖြစ်ပါတယ်။

  • TAGS