News

POST TYPE

ADVERTORIAL

အူရီဒူး စိတ်တိုင်းကျ အစီအစဉ်ကိုသုံးရင် ရမယ့်အကျိုးကျေးဇူး ၄ မျိုး
21-Aug-2018
ဇူလိုင်လကုန်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ အကျယ်ပြန့်ဆုံးနဲ့ လိုင်းဆွဲအားအကောင်းဆုံး 4G ကွန်ရက်ကိုပိုင်ဆိုင်ထားတဲ့ မိုဘိုင်းလ်အော်ပရေတာ အူရီဒူးကနေပြီး သုံးစွဲသူတွေအတွက် အထူးအဆင်ပြေစေမယ့် စိတ်တိုင်းကျ ဆိုတဲ့အစီအစဉ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဖုန်းပြောဖို့မိနစ်တွေ၊ အင်တာနက်ဒေတာတွေ ကို ကိုယ်လိုအပ်သလောက် စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်တဲ့စိတ်တိုင်းကျ အစီအစဉ်ကိုအသုံးပြုရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူး ၄ မျိုးကို ဖော်ပြပေးချင်ပါတယ်။

(၁) ဒေတာနဲ့ ဖုန်းပြောဖို့မိနစ်တွေ အလဟဿ ဖြစ်ခြင်းမျိုး မကြုံရခြင်း

မိုဘိုင်းလ်ဖုန်း အသုံးပြုသူတွေဟာ ပုံမှန်အတိုင်း အင်တာနက်ဒေတာနဲ့ ဖုန်းပြောဖို့အတွက် အသုံးပြုတာထက်စာရင် မိုဘိုင်းလ်အော်ပရေတာတွေက စီစဉ်ပေးထားတဲ့ Package တွေကိုဝယ်သုံးရင် ကုန်ကျစရိတ်သက်သာတာကြောင့် ဝယ်သုံးဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်လိုအပ်တာနဲ့ Package မှာပါဝင်တဲ့ ဒေတာပမာဏ၊ ဖုန်းပြောဖို့မိနစ်တွေနဲ့ ကိုက်ညီမှုမရှိတာကြောင့် Package သက်တမ်းကုန်သွားပြီး အင်တာနက်ဒေတာနဲ့ ဖုန်းပြောဖို့မိနစ်တွေ အလဟဿ ဖြစ်ကုန်ရတတ်ပါတယ်။ အူရီဒူးရဲ့ စိတ်တိုင်းကျ အစီအစဉ်နဲ့ဆိုရင်တော့ ကိုယ်လိုအပ်သလောက် ဒေတာနဲ့ အူရီဒူးအချင်းချင်း ဖုန်းပြောဖို့မိနစ်တွေ၊ အခြားအော်ပရေတာတွေကိုခေါ်ဖို့ မိနစ်တွေကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်တာကြောင့် အဲဒီလို အခက်အခဲမျိုးနဲ့ မြံကုံရတော့ပါဘူး။

(၂) ကုန်ကျစရိတ်သက်သာခြင်း 

အူရီဒူးရဲ့ စိတ်တိုင်းကျ အစီအစဉ်ဟာ သုံးစွဲသူက လိုအပ်သလောက် အင်တာနက်ဒေတာတွေနဲ့ ဖုန်းပြောဖို့မိနစ်တွေကို ရွေးချယ်ဝယ်ယူနိုင်သလို အဲဒီလို ဝယ်ယူအသုံးပြုတဲ့အတွက် ပုံမှန်အတိုင်း အသုံးပြုတာထက် ကုန်ကျစရိတ် ပိုမိုချွေတာနိုင်မှာလည်းဖြစ်ပါတယ်။ စိတ်တိုင်းကျအစီအစဉ်နဲ့ ဝယ်ယူတဲ့အတွက် ဘယ်လောက်ရာခိုင်နှုန်းအထိ သက်သာသွားတယ်ဆိုတာကိုလည်း မဝယ်ယူခင်မှာကတည်းက တိတိကျကျ ဖော်ပြပေးမှာဖြစ်ပါတယ်။

(၃) ကုန်ကျစရိတ်နဲ့ သက်တမ်းကုန်မည့်နေ့ကို ကြိုတင်ပြီး တိတိကျကျ သိရှိနိုင်ခြင်း

စိတ်တိုင်းကျအစီအစဉ်မှာ ကိုယ့်စိတ်ကြိုက်ဒေတာပမာဏနဲ့ ဖုန်းပြောဖို့မိနစ်တွေဝယ်ယူပြီးတဲ့အခါ ကိုယ်ဝယ်ယူတဲ့ ပမာဏအလိုက် ကျသင့်မယ့်ဈေးနှုန်းနဲ့ သက်တမ်း ဘယ်နှစ်ရက် ရတယ်ဆိုတာကို ကြိုတင်ပြီး တိတိကျကျ သိရတဲ့အတွက် ကိုယ်အကုန်ကျခံနိုင်တဲ့ ငွေပမာဏ၊ သက်တမ်းကုန်မယ့်ရက်နဲ့ ကိုယ်အသုံးပြုမယ့်ပမာဏတို့ကိုချိန်ဆပြီး ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

(၄) ရိုးရှင်းလွယ်ကူခြင်း

စိတ်တိုင်းကျ အစီအစဉ်ကို ဝယ်ယူရတာ တကယ့်ကို ရိုးရှင်းလွယ်ကူပါတယ်။ ဝယ်ယူတဲ့လုပ်ငန်းစဉ် တစ်ခုလုံးကို My Ooredoo App မှာတင် လွယ်လွယ်ကူကူနဲ့ အစ၊ အဆုံး လုပ်ဆောင်နိုင်ပါတယ်။ ကိုယ်လိုချင်သလောက် အင်တာနက် ဒေတာပမာဏနဲ့ ဖုန်းပြောဖို့မိနစ်တွေကို လက်ကလေးနဲ့ တစ်ချက်လေးရွှေ့ပြီးရွေးချယ်လိုက်ရုံပါပဲ။

ဒီလိုအကျိုးကျေးဇူးတွေရှိတဲ့ အူရီဒူးရဲ့ စိတ်တိုင်းကျ အစီအစဉ်ကို My Ooredoo App ကနေ ဝယ်ယူရမှာဖြစ်ပါတယ်။ My Ooredoo App ထဲက Buy Packs (Packages များဝယ်ရန်) ထဲမှာ စိတ်တိုင်းကျဆိုတာကိုနှိပ်ပြီး ရွေးချယ်ဝယ်ယူရမှာပါ။ တကယ်လို့ ကိုယ့်ဖုန်းထဲက My Ooredoo App ရဲ့ Buy Pack ထဲမှာ စိတ်တိုင်းကျကို ရှာမတွေ့ဘူးဆိုရင် Google Play Store နဲ့ App Store တို့ကနေ My Ooredoo ကို Update လုပ်ပေးဖို့လိုပါတယ်။

My Ooredoo App ကိုအခုမှစသုံးမယ်ဆိုရင်တော့ *565# ကိုခေါ်ဆိုပြီး အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။