News

POST TYPE

ADVERTORIAL

P9 နဲ့ GR 5 mini စမတ်ဖုန်းများ ရရှိနိုင်မည့် သီတင်းကျွတ် အထူး စာသားနဲ့ ဓါတ်ပုံပြိုင်ပွဲ Huawei ပြုလုပ်
05-Oct-2016 tagged as huawei

Huawei P9 နဲ့ GR5 Mini စမတ်ဖုန်းတွေ လက်ဆောင်အဖြစ် ပေးအပ်မယ့် “ကျွန်တော်/ကျွန်မ ကန်တော့လိုသူ” အမည်နဲ့ သတင်းကျွတ် အထူး စာသားနဲ့ ဓါတ်ပုံပြိုင်ပွဲ တစ်ခုကို Huawei Myanmar က ကျင်းပ ပြုလုပ်လိုက်ပါတယ်။ 

အဲဒီပြိုင်ပွဲကို အသက် ၁၆ နှစ်ပြည့်ပြီးသူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ သတင်းကျွတ်မှာ ကိုယ်ကန်တော့ဖို့ ရည်ရွယ်ထားတဲ့သူတွေထဲက တစ်ဦးကို ဓါတ်ပုံရိုက်ကာ ဘာကြောင့် ကန်တော့ လိုတယ်ဆိုတဲ့အကြောင်းကိုပါ ရေးသားရမှာ ဖြစ်ပါတယ်။ 

အဲဒီလို ရေးသားထားတဲ့စာသားနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံကို Huawei Mobile Myanmar ရဲ့ Facebook Page ၊ Message box ကို အောက်တိုဘာလ၊ ၁၀ ရက်နေ့၊ ညနေ ၅ နာရီ နောက်ဆုံးထားပြီး ပေးပို့ရမှာ ဖြစ်ပါတယ်။ ပေးပို့ လာသူတွေထဲကမှ စာသားနဲ့ ဓါတ်ပုံ တွဲစပ်မှု အကောင်းဆုံးသူတွေကို ရွေးချယ် စဉ်းစားသွားမယ်လို့ Huawei Myanmar က ကြေညာ ထားပါတယ်။ 

ဓါတ်ပုံတွေကို ဘယ်လိုဖုန်း အမျိုးအစား၊ ကင်မရာနဲ့မဆို ရိုက်ကူးနိုင်ပြီး ကိုယ့်စိတ်ကြိုက် တည်းဖြတ် ပြင်ဆင်လို့လည်း ရတယ်လို့ စည်းကမ်းချက်ထဲမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဓါတ်ပုံနဲ့ စာသားဟာ ပြိုင်ပွဲဝင်သူရဲ့ ကိုယ်ပိုင် စိတ်ကူးဖြစ်ဖို့တော့လိုပြီး နောက်ပိုင်း ပြဿနာ တစ်စုံတစ်ရာ ရှိလာရင် ပြိုင်ပွဲဝင်သူရဲ့တာဝန်သာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ပြိုင်ပွဲဝင် စာသားကို အင်္ဂလိပ်/ မြန်မာ နှစ်ဘာသာထဲက ကြိုက်နှစ်သက်ရာ ဘာသာနဲ့ ရေးသားနိုင်ပြီး စာလုံးရေ ၅၀ ထက်မနည်း၊ ၁၅၀ ထက် မများဖို့ လိုအပ်ပါတယ်။ 

ရွေးချယ်ခံရသူတွေကို P9 နဲ့ GR 5 Mini အပြင် အခြား ဆုလက်ဆောင်တွေလည်း ချီးမြှင့်သွားမယ်လို့ Huawei က ကြေညာထားပါတယ်။ သတင်းကျွတ် အခါသမယမှာ ကိုယ့်ထက် သက်ကြီး၊ ဝါကြီးသူတွေကို ကန်တော့လိုသူ အားလုံးကို လက်ဆောင်တွေ ပေးချင်ပေမယ့် လက်ဆောင် ပေးနိုင်တဲ့ အရေအတွက်က အကန့်အသတ် ရှိတာကြောင့် အခုလို ပြိုင်ပွဲအသွင် ပြုလုပ်ရတာ ဖြစ်ကြောင်း Huawei က သူ့ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။