News

POST TYPE

ADVERTORIAL

ဈေးနှုန်းအလယ်အလတ်တန်း Huawei ဖုန်းနှစ်မျိုးဖြစ်သည့် GR 5 Mini နှင့် Y6II တို့ကို နှို်င်းယှဉ်လေ့လာကြည့်ခြင်း
03-Oct-2016 tagged as

Huawei မိုဘိုင်း ဖုန်းကုမ္ပဏီဟာ လူ အများစု သုံးစွဲနိုင်တဲ့ ဈေးနှုန်း အလယ်အလတ်တန်း ဖုန်းတွေ အများအပြား ထုတ်လုပ်ထားပြီး အဲဒီထဲကမှ အရည်အသွေးလည်း ကောင်းပြီး လူသုံးလည်း များတဲ့ ဖုန်းမော်ဒယ်လ် နှစ်ခုဖြစ်တဲ့ GR 5 Mini နဲ့ Y6II တို့ရဲ့ စွမ်းဆောင်ရည်နဲ့ အချက်အလက်တွေကို နှိုင်းယှဉ် လေ့လာ ကြည့်လိုက်ရအောင်။

ကိုယ်ထည်တည်ဆောက်ပုံ

GR 5 Mini

Huawei GR 5 ရဲ့ mini ဗားရှင်းဖြစ်တဲ့ GR 5 Mini ဟာ GR 5 လိုပဲ သတ္ထုကိုယ်ထည်နဲ့ပါ။ ဒါပေမဲ့ ဘေးဘောင် ပုံသဏ္ဍာန်မှာတော့ GR 5 Mini က GR 5 လို ထောင့်ကျကျပုံစံ မဟုတ်ဘဲ ခပ်ဝိုင်းဝိုင်း ပုံစံ ချိုးထားပါတယ်။ အနောက် ကာဗာမှာ GR5 mini က GR 5 လိုပဲ ပြောင်ချောချော မဟုတ်ဘဲ ကြောင်ခြစ်လို အစင်းကြောင်း ပုံစံနဲ့ဖြစ်တာကြောင့် အမြင်အရ သားနားသလို ကိုင်ရတာလည်း လက်ထဲမှာ မြဲမြဲမြံမြံနဲ့ သက်သောင့်သက်သာ ရှိပါတယ်။ GR 5 mini ရဲ့ မျက်နှာပြင်က ၅ ဒသမ ၂ လက်မ ရှိပြီး Full HD (1920 x 1080 ) resolution ရှိပြီး Pixel သိပ်သည်းဆ 424 ppi ရှိတာကြောင့် ကြည်လင်ပြတ်သားပြီး တောက်ပတဲ့ပုံရိပ်တွေ ဖော်ပြပေးနိုင်တာကို တွေ့ရပါတယ်။

Y6 II

Y6 နဲ့ Y6 Pro တို့ရဲ့ ဒုတိယမျိုးဆက် Y6II ရဲ့ ကိုယ်ထည်ကို Y6 Pro လိုပဲ 3D Wave ဒီဇိုင်းနဲ့ ပုံဖော်ထားပြီး ဘေးဘောင်ကို တောက်ပတဲ့ သတ္ထုဘောင် ဒီဇိုင်းနဲ့ ပုံဖော် ထားတာကြောင့် မြင်ရုံနဲ့ အဆင့်အတန်း မြင့်တဲ့ဖုန်း တစ်လုံး အသွင်အပြင်မျိုး ပေါ်လွင်ပါတယ်။ ဒါ့အပြင် ကိုင်ရတာလည်း သက်သောင့်သက်သာ ရှိတာကို တွေ့ရပါတယ်။ Y6II ရဲ့ မျက်မှာပြင်က ၅ ဒသမ ၅ လက်မဖြစ်ပြီး Resolution က 1280 x 720 ရှိပါတယ်။ ဒါကြောင့် ဖုန်းမျက်နှာပြင်ကြီးကြီးနဲ့ ဂိမ်းဆော့၊ ရုပ်ရှင် ကြည့်ရတာ သဘောကျတဲ့ သူတွေအတွက် စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်စွမ်း ရှိပါတယ်။


Chipset နဲ့ မန်မိုရီ

Huawei GR5 mini မှာ Huawei ရဲ့ ကိုယ်ပိုင် chipset အသစ်ဖြစ်တဲ့ Kirin 650 ကို သုံးထားပါတယ်။ ချွေတာပေးနိုင်ပါတယ်။ Kirin 650 ဟာ 16nm FF+ နည်းပညာနဲ့ တည်ဆောက်ထားပြီး 64bit Octa-core 2.0GHz processor ပါဝင်တာကြောင့် လုပ်ဆောင်ချက်များ အလွန် လျင်မြန်ပြီး ပါဝါ သုံးစွဲမှုကိုလည်း လျှော့ချပေးပါတယ်။
Y6II မှာ Y6 နှင့် Y6 pro တို့မှာ သုံးထားတဲ့ chipset တွေထက် စွမ်းဆောင်ရည် ပိုမြင့်မားတဲ့ Huawei ရဲ့ ကိုယ်ပိုင် chipset Kirin 620 ကို သုံးထားပါတယ်။ Kirin 620 မှာ 64bit Octa-core 1.2GHz CPU နဲ့ Mali-450 MP4 GPU တို့ သုံးထားတာကြောင့် စက်ပိုင်းဆိုင်ရာနဲ့ ရုပ်ထွက်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ ကောင်းမွန်ပါတယ်။ 4G LTE ကွန်ယက်ကို အထောက်အပံ့ ပေးပြီး 150Mbps ထိ အမြင့်ဆုံး အမြန်နှုန်းကို ပေးစွမ်း နိုင်ပါသေးတယ်။

မန်မိုရီအနေနဲ့တော့ Huawei GR5 mini နှင့် Y6II နှစ်မျိုးလုံးမှာ DDR3 RAM၊ 933MHz အမြန်နှုန်းရှိသော 2GB RAM နဲ့အတူ 16GB eMMc ROM ကို ထည့်သွင်းထားပါတယ်။ Internal memory 16GB ဖြင့် မလုံလောက်လျှင်လဲ 128GB ပမာဏထိ micro-SD ကတ်စိုက်ပြီး အသုံးပြုနိုင်ပါသေးတယ်။

ကင်မရာ

GR5 mini မှာ အလင်းဝင်ပေါက် F2.0 နှင့် 7cm micro view တို့ရိုက်ကူးနိုင်သော 13 megapixel ကင်မရာကို ထည့်သွင်းအသုံးပြုထားပါတယ်။ BSI sensor နှင့်အတူ ImageSmart Engine 2.0 တို့လည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် အလင်းရောင်နည်းပါးတဲ့နေရာတွေမှာ ရိုက်ကူးရင်တောင် ရုပ်ထွက်ကောင်းမွန်နေမှာပါ။ ကင်မရာကို မှန်ဘီလူး အလွှာ ၅ခုနဲ့အတူ blue glass filter ကိုပါ ထည့်သွင်း ပေးထားတာကြောင့် ပုံရိပ် အလင်းအမှောင်နဲ့ အရောင် အရည်အသွေးတို့ကို မှန်ကန်စွာ ဖော်ပြပေးနိုင်ပါတယ်။ အရှေ့ ကင်မရာမှာလည်း အလင်းဝင်ပေါက် F2.0 နှင့် 77˚ wide angel lens တို့ ပေါင်းစပ်ထားသော 8 megapixel ကင်မရာ ပါဝင်တာကြောင့် Full HD ဗီဒီယိုတွေပါ ရိုက်ကူးနိုင်ဦးမှာ ဖြစ်ပါတယ်။

Y6II မှာလည်း GR5 mini လိုပဲ 13 megapixel BSI ကင်မရာကို သုံးထားပြီး အလင်းဝင်ပေါက် F2.0 ပါဝင်တာကြောင့် အလင်းနည်းတဲ့ ပတ်ဝန်းကျင်မှာ ရုပ်ထွက် ကောင်းကောင်း ရရှိနိုင်ပြီး 28mm wide angel ဖြစ်တာကြောင့် မြင်ကွင်းကျယ် ပုံရိပ်တွေ ရိုက်ကူးရာမှာ အလွန် ကောင်းမွန်ပါတယ်။ ကင်မရာကို မှန်ဘီလူးအလွှာ ၅ လွှာနှင့် ဖုံးအုပ်ထားပြီး အပေါ်ဆုံး အလွှာမှာ ပွန်းရာခြစ်ရာ မဖြစ်အောင် ကာကွယ်နိုင်တဲ့ Gorilla glass နဲ့ ဖုံးအုပ်ပေးထားပါတယ်။ အရှေ့ကင်မရာမှာလည်း အလင်းဝင်ပေါက် F2.0 ပါဝင်သော 8 megapixel ကင်မရာကို တပ်ဆင် အသုံးပြုထားပါတယ်။


ဒီအချက်တွေအပြင် GR5 mini နှင့် Y6II တို့မှာ ပါဝင်တဲ့ professional mode ဟာ ဖန်တီးမှုပါတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးဖို့ ဝါသနာပါတဲ့ ဓါတ်ပုံပညာရှင်တွေအတွက် DSLR ကင်မရာ တစ်လုံးလို အသုံးပြုနိုင်တဲ့အထိ စွမ်းဆောင်နိုင်ပါတယ်။ Shutter speed, Exposure နှင့် Focus တို့ကို လိုသလို ချိန်ညှိပြီး အနုပညာ ရသ မြောက်လှတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ ဒါ့အပြင် Beauty Mode ၊ HDR Mode ၊ Time lapse Mode ၊ Slow- mo Mode တို့လို အဆင့်မြင့်ကင်မရာ လုပ်ဆောင်ချက်များစွာလည်း ပါဝင်ပါသေးတယ်။
အရှေ့ကင်မရာ အနေနဲ့လည်း selfie ရိုက်ကူးရာမှာ အလှပဆုံးဖြစ်နေအောင် လုပ်ဆောင်ပေးနိုင်တဲ့ Perfect Selfie၊ Groufie ရိုက်ကူးနိုင်တဲ့ အရှေ့မြင်ကွင်းကျယ် ရိုက်ချက်များ၊ Time-laspe, Watermark နှင့် Audio note အစရှိတဲ့ လုပ်ဆောင်ချက်တွေကို GR5 mini နှင့် Y6II တို့နှစ်မျိုးလုံးမှာ အသုံးပြုနိုင်ပါတယ်။

Fingerprint sensor

GR5 mini မှာ မျိုးဆက်သစ် လက်ဗွေရာစနစ် နည်းပညာကို အသုံးပြုထားတာကြောင့် ပထမမျိုးဆက်ထက် ၁၀၀ ရာခိုင်နှုန်း ပိုမြန်လာပြီး ဖုန်းလော့ခ်ကို ၀.၅ စက္ကန့်အတွင်း ဖွင့်ပေးနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် စိုစွတ်နေတဲ့အခါမျိုး လက်ဗွေရာပြတ်ရှနေတဲ့ အခါမျိုး မှာတောင် ၃၆၀˚ဘက်ပေါင်းစုံကနေ လက်တင်လိုက်ရုံနဲ့လော့ခ်ဖွင့်ပေးနိုင်ပါတယ်။ လက်ဗွေရာစနစ်ဟာ လော့ခ်ဖွင့်ရုံအတွက်တင်မကဘဲ ဖုန်းလက်ခံဖြေဆိုခြင်း၊ ကင်မရာရိုက်ချိန်မှာ Shutter ခလုတ်အဖြစ်သုံးခြင်း၊ နှိုးစက်ပိတ်ခြင်း ၊ Fingerprint sensor ကိုအပေါ်ကနေ အောက်ပွတ်ဆွဲပြီး notification bar ဆွဲချခြင်းနဲ့ ဓါတ်ပုံတွေကြည့်တဲ့အချိန်မှာ Fingerprint sensor ပေါ်မှာ ဘယ်၊ညာ ပွတ်ဆွဲပြီး ဓါတ်ပုံတွေကိုပြောင်းရွှေ့ ကြည့်ရှု့ခြင်းတို့အတွက်ပါ အသုံးပြုနိုင်ပါသေးတယ်။ ဒါ့အပြင် GR 5 mini ရဲ့ လက်ဗွေစနစ်မှာ ဖုန်းပိုင်ရှင်ရဲ့ လက်ဗွေရာဆိုင်ရာ အချက်အလက်တွေကို သီးခြား RPMB တစ်ခုတွင် သိမ်းဆည်းထားတာကြောင့်အလွန်လုံခြုံမှုရှိပြီး ဖုန်းကို root လုပ်လိုက်လျှင်ပင် လက်ဗွေရာအချက်အလက်များကို ရယူနိုင်မှာ မဟုတ်ပါဘူး။

အသံထွက်စနစ်

GR5 mini မှာ ဖုန်းအောက်ခြေတွင် sound camber ပါဝင်တာကြောင့် ဖုန်းကထွက်တဲ့ အသံတွေကို ၃၀ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်တဲ့အပြင် ဆူညံသံတွေကို လျှော့ချပေးနိုင်ပြီး သီချင်းသံကိုလဲ ပိုမိုကြည်လင်စွာ ထုတ်လွှင့်ပေးနိုင်ပါတယ်။

Y6II မှာလည်း ကျယ်ဝန်းလှတဲ့ အသံခန်းကို ဖုန်းအောက်ခြေမှာ ထည့်သွင်း ထားတာကြောင့် အသံကို ၅၀ ရာခိုင်နှုန်းအထိ ပိုကျယ်အောင် မြှင့်တင်ပေးနိုင်ပါတယ်။

ဘက်ထရီ

GR5 mini မှာ 3000mAh ပမာဏရှိတဲ့ ဘက်ထရီကို အသုံးပြုထားတဲ့အပြင် ပါဝါစားသက်သာတဲ့ 16nm CPU, i5 coprocessor, Android 6.0 နဲ့ စွမ်းအင်ချွေတာရေး နည်းပညာတို့နဲ့ ပေါင်းစပ်ထားတာကြောင့် အသုံးပြုပုံပေါ် မူတည်ပြီး ဘက်ထရီအပြည့်သွင်းထားလျှင် အများဆုံး ၂ရက်အထိတောင် သုံးနိုင်တာကို တွေ့ရပါတယ်။

Y6II မှာလည်း 3000mAh ဘက်ထရီနဲ့ Huawei မူပိုင် စွမ်းအင် ချွေတာရေး နည်းပညာကို သုံးထားတာကြောင့် ဘက်ထရီ သုံးစွဲမှုကို ၃၀ ရာခိုင်နှုန်းအထိ ချွေတာပေးနိုင်ပါတယ်။ ဒါ့အပြင် ဘက်ထရီ အလွန် နည်းနေချိန်မှာ Ultra power saving mode ကို ပြောင်းလဲ အသုံးပြုလိုက်ရင် ဘက်ထရီ သက်တမ်းကို ၃ နာရီကြာ အသုံးပြုနိုင်အောင် ထပ်မံ ဆွဲဆန့်ပေးနိုင်တာကို တွေ့ရပါတယ်။

Operation System

GR5 mini နဲ့ Y6II ၂ မျိုးလုံးမှာ google ရဲ့ နောက်ဆုံးထွက် Android 6.0 နဲ့ Huawei မူပိုင် EMUI4.1 တို့ကို ထည့်သွင်း အသုံးပြုထားပြီး အသုံးပြုရ လွယ်ကူ အဆင်ပြေပါတယ်။ EMUI4.1 မှာ မြန်မာစာကို ဇော်ဂျီနဲ့ရော ယူနီကုဒ်နဲ့ပါ အဆင်ပြေစွာ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

GR5 mini နှင့် Y6II တို့ကို ဇူလိုင်လအတွင်းက စတင် ရောင်းချခဲ့ပြီး GR5 mini ကို ၂၁၉,၀၀၀ ကျပ်နဲ့ အဖြူ နဲ့ ရွှေရောင်၊ Y6II ကို ၁၆၉,၀၀၀ ကျပ်နဲ့ အဖြူ၊ အမဲ၊ ရွှေရောင်တို့ ရွေးချယ် ဝယ်ယူနိုင်ပါတယ်။


  • VIA
  • TAGS