News

POST TYPE

ADVERTORIAL

Ford Myanmar ကနေပြီး လူကြိုက်များ ရောင်းအားကောင်းတဲ့ Ford ကားမော်ဒယ်လ် ၂ မျိုးကို မိုးရာသီပရိုမိုးရှင်းအဖြစ် အထူးဈေးနှုန်းနဲ့ရောင်းချ
18-Jul-2018 tagged as


ကမ္ဘာကျော် ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Ford ကနေပြီး မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ ကားမော်ဒယ်လ် ၂ မျိုးကို မိတ်ဟောင်းမိတ်သစ်ဝယ်သူများကို ကျေးဇူးတုံ့ပြန်သည့်အနေနှင့် မိုးရာသီ ပရိုမိုးရှင်းအဖြစ် အထူးဈေးနှုန်းများ သတ်မှတ်ပြီး ရောင်းချပေးလျက်ရှိပါတယ်။

အဲဒီလို အထူးဈေးနှုန်းနဲ့ရောင်းချပေးနေတဲ့ Ford Brand New ကားမော်ဒယ်လ် ၂ မျိုးကတော့ FORD Everest Ambiente နဲ့ FORD Ranger Double Cab Base တို့ပါပဲ။

FORD Everest Ambiente နဲ့ FORD Ranger Double Cab တို့ဟာဆိုရင် မိသားစုပဲစီးစီး၊ ခရီးပဲသွားသွား၊ အကြမ်းပဲသုံးသုံး ဘယ်လိုလမ်းအနေအထားနဲ့မဆို သင့်လျော်တဲ့ကားတွေဖြစ်တာကြောင့် မြန်မာ့ကားဈေးကွက်မှာလည်း လူကြိုက်များ ရောင်းအားကောင်းနေခဲ့တာပဲ ဖြစ်ပါတယ်။

အထူးဈေးနှုန်းအနေနဲ့ Ford Everest Ambiente ကို ကားတန်ဖိုး USD 41,995 ကနေ စတင်ပြီး engine power 2.2, Manual, Diesel နဲ့ရရှိနိုင်ပြီး FORD Ranger Double Cab Base မှာဆိုရင် အထူးဈေးနှုန်း ကားတန်ဖိုး USD 27,995 ကနေ စတင်ပြီး Engine Power 2.2 & 3.2 , Manual , Diesel နဲ့ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

FORD Everest Ambiente နဲ့ FORD Ranger Double Cab Base တို့ကို မိုးရာသီပရိုမိုးရှင်းအဖြစ် အထူးဈေးနှုန်းနဲ့ ရရှိမယ့်အပြင် ရန်ကုန်လိုင်စင်နဲ့ရရှိမှာဖြစ်ပြီး အရစ်ကျစနစ်နဲ့ပါ ဝယ်ယူနိုင်မှာဖြစ်တာကြောင့် လက်တလော ကားဝယ်ဖို့ စဉ်းစားနေသူတွေအတွက် တကယ့် အခွင့်အရေးကောင်းလို့ ဆိုရမှာပါ။

ဒါပေမဲ့ ဒီမိုးရာသီပရိုမိုးရှင်းအတွက် အရေအတွက် အကန့်အသတ်နဲ့သာ ရောင်းချပေးသွားမှာဖြစ်လို့ သူများထက် ဦးအောင် မြန်မြန်လေး သွားဝယ်ဖို့တော့ လိုပါလိမ့်မယ်။

Ford Myanmar ရဲ့ Showroom လိပ်စာတွေကတော့ - 

ရန်ကုန်မှာဆိုရင် - Yangon Showroom - 
အမှတ် (၃) ၊ (၁၂) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး (သမိုင်းလမ်းဆုံ အနီး)၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း 01 521959 ဖြစ်ပြီး

မန္တလေးမှာဆိုရင် - Mandalay Showroom - 
အမှတ် (၅၁၆ A1) ၊ ကျွဲဆည်ကန် ၁၂ လမ်း၊ ငွေတော်ကြည်ကုန်း ၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။ ဖုန်း 09 968128761 တို့ပဲဖြစ်ပါတယ်။

  • TAGS