News

POST TYPE

ADVERTORIAL

မြန်မာနိုင်ငံတစ်ဝှမ်း လူကြိုက်များတဲ့ One ပေါက်စီက ဟိုင်နန်ကြက်ဆီထမင်း၊ ယိုးဒယားဟင်းလျာမျိုးစုံနှင့် ထမင်းဘူးတို့ကို တိုးချဲ့ထုတ်လုပ်မည်
16-Jul-2018


မြန်မာနိုင်ငံတစ်ဝှမ်း လူကြိုက်များတဲ့ One ပေါက်စီက ဟိုင်နန်ကြက်ဆီထမင်း၊ ယိုးဒယားဟင်းလျာမျိုးစုံနှင့် ထမင်းဘူးတို့ကို တိုးချဲ့ထုတ်လုပ်သွားမယ်လို့ One Frozen & Beverage Co.,Ltd မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

One ပေါက်စီကို လက်ရှိမှ City Mart, City Express, Ocean, G&G, Capital, Sein Gay Har, Co Co (Mandalay) စတဲ့ Minimart တွေနဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်ကာ အရသာကောင်းပြီး အလွယ်တကူ ရရှိနိုင်တာကြောင့် လူကြိုက်များလျက်ရှိပါတယ်။

One ပေါက်စီကို အအေးခန်းထဲမှာ ထည့်သွင်းသိုလှောင်ထားမယ်ဆိုရင် ကျန်းမာရေးနဲ့အညီ အရသာ မပြောင်းဘဲ ရက်ရှည်ထားလို့ရတာကြောင့် ရောင်းချသူတွေအတွက်ရော၊ စားသုံးသူတွေအတွက်ပါ အဆင်ပြေတာကြောင့် အဲဒီလို လူကြိုက်များနေတာပါ။

One ပေါက်စီကို မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖြန့်ဖြူးရောင်းချလာခဲ့တာ ယခုဆိုရင် ၁၂ နှစ်ထဲကို ရောက်ရှိနေဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဟိုင်နန်ကြက်ဆီထမင်း၊ ယိုးဒယားဟင်းလျာမျိုးစုံနှင့် ထမင်းဘူးတို့ကိုပါ ထပ်မံတိုးချဲ့ထုတ်လုပ်သွားတော့မှာပဲ ဖြစ်ပါတယ်။

ဟိုင်နန်ကြက်ဆီထမင်း၊ ယိုးဒယားဟင်းလျာမျိုးစုံနှင့် ထမင်းဘူးတို့ကို ဆိုင်တွေမှာရောင်းချသွားဖို့ စီစဉ်နေပြီး အလှူနဲ့ မွေးနေ့ပွဲတွေလို အခမ်းအနားတွေအတွက် အော်ဒါမှာယူရင်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

One Frozen Food & Beverage Co.,Ltd က ထုတ်လုပ်တာဖြစ်တဲ့အတွက် ဟိုင်နန်ကြက်ဆီထမင်း၊ ယိုးဒယားဟင်းလျာမျိုးစုံနှင့် ထမင်းဘူးတို့ဟာလည်း One ပေါက်စီလိုပဲ အလွယ်တကူ အသင့်ဝယ်ယူစားသုံးနိုင်ပြီး အရသာကောင်းတဲ့ စားသောက်ကုန်တွေ ဖြစ်လာဖို့ ရှိနေပါတယ်။