News

POST TYPE

ADVERTORIAL

မြန်မာ ESport ကဏ္ဍ ကမ္ဘာ့အဆင့်ကို တက်လှမ်းနိုင်မှာလား
31-May-2018 tagged as


ကွန်ပျူတာဂိမ်းအဆင့်ကို ကျော်လွန်ပြီး အားကစားအသွင်ဆောင်တဲ့ ESport ကဏ္ဍဟာ နိုင်ငံအသီးသီးက လူငယ်တွေ ကမ္ဘာ့စင်မြင့်ထက်ထိ တက်လှမ်းနိုင်တဲ့ အခွင့်အလမ်း တစ်ခုပါပဲ။ ဒီလိုအခွင့်အလမ်းကို မြန်မာလူငယ်တွေရော ဖမ်းဆုပ်ခွင့် ရှိမှာလား၊ ဖမ်းဆုပ်နိုင်မှာလား ဆိုတာက စိတ်ဝင်စားစရာပါပဲ။

မြန်မာလူငယ်တွေ ESport ကဏ္ဍမှာ ကမ္ဘာ့အဆင့်ထိ တက်လှမ်းနိုင်ဖို့ဆိုရင် ESport ပြိုင်ပွဲတွေ ကျင်းပပေးနိုင်တဲ့ နိုင်ငံတကာ အဆင့်မီ Gaming Center တွေ ပြည်တွင်းမှာ ပေါ်ထွက်လာဖို့လိုအပ်သလို အဖက်ဖက်ကပံ့ပိုးကူညီမှုတွေလည်း လိုအပ်မှာပဲ ဖြစ်ပါတယ်။

မြန်မာလူငယ်တွေရဲ့ ESport အိပ်မက်တွေ အကောင်အထည်ဖော်နိုင်မယ့် နိုင်ငံတကာ အဆင့်မီ Gaming Center နဲ့ ပံ့ပိုးကူညီမှုတွေ ပေါ်ပေါက်လို့လာပါပြီ။

အဲဒါကတော့ လှည်းတန်း၊ မာလာမြိုင်ရိပ်သာလမ်းမှာ ဖွင့်လှစ်လိုက်တဲ့ HOG E-Sport Center နဲ့ မြန်မာနိုင်ငံရဲ့ အကျယ်ပြန့်ဆုံးနဲ့ လိုင်းဆွဲအားအတည်ငြိမ်ဆုံး 4G ကွန်ရက်ကိုပိုင်ဆိုင်ထားတဲ့ အူရီဒူးမြန်မာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုပါပဲ။

HOG ဟာ နိုင်ငံတကာအဆင့် ESport ပြိုင်ပွဲတွေ ကျင်းပနိုင်တဲ့အထိ နေရာနဲ့လိုအပ်တဲ့ဝန်ဆောင်မှုတွေ အားလုံး အပြည့်အစုံ ရှိတဲ့နေရာပါ။ အူရီဒူးမြန်မာကလည်း မြန်မာလူငယ်တွေရဲ့ အနာဂတ် အခွင့်အလမ်းတွေအတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီနိုင်အောင် ကြိုးစားနေတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် အခုအခါမှာ HOG ကို ပံ့ပိုးကူညီမှုတွေ ပေးအပ်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။

HOG ရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး စီစဉ်ပေးထားတဲ့ bandwidth သုံးလုပ်ဆောင်ချက်နဲ့ dedicated fiber internet တို့ကို အထူးနှုန်းထားနဲ့ အူရီဒူးက ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ ဂိမ်းဝါသနာရှင်တွေအနေနဲ့ ၎င်းရဲ့ ကွန်ယက်ပံ့ပိုးမှုနဲ့ အကောင်းဆုံးသုံးစွဲသူ အတွေ့အကြုံတွေ ရရှိစေလိုတဲ့အတွက် အဲဒီလို ဝန်ဆောင်မှုတွေကို ပေးအပ်တာပါ။

ဒါ့အပြင် အူရီဒူး ထုတ်ကုန်တွေနဲ့ သုံးစွဲသူ ဝန်ဆောင်မှုတွေကို အလွယ်တကူ ရရှိနိုင်စေဖို့အတွက် HOG ESports Center မှာ အူရီဒူးဆိုင်ခန်း တစ်ခန်းကိုလည်း ဖွင့်လှစ်ထားရှိထားတယ်လို့လည်း သိရပါတယ်။

HOG Masters ကို Ooredoo Myanmar ရဲ့ အဓိက ကူညီပံ့ပိုးပေးမှုနဲ့အတူ ခမ်းခမ်းနားနား ကျင်းပမှာဖြစ်လို့ အားလုံးပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ qualifier ကို ဝင်ရောက်ယှဉ်ပြိုင်ကစားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အသေးစိတ် သိချင်တယ်ဆိုရင်တော့ https://www.facebook.com/hogesportsmyanmar/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • TAGS