News

POST TYPE

ADVERTORIAL

YouTube ကိုအကျိုးရှိရှိအသုံးပြုပြီး ပညာနဲ့ဗဟုသုတတွေရှာဖွေကြမယ်
28-May-2018 tagged as အူရီဒူး


YouTube ဆိုတာ ကမ္ဘာ့အကြီးဆုံး ဗီဒီယိုမျှဝေရေးဝက်ဘ်ဆိုဒ်ကြီးတစ်ခုပါပဲ။ YouTube ကိုအများစုက သီချင်းတွေရှာဖို့၊ ရုပ်ရှင် Trailer တွေကြည့်ဖို့၊ MTV တွေကြည့်ဖို့စသည်ဖြင့် ဖျော်ဖြေရေး အတွက်ပဲအသုံးချကြပြီး အသိပညာနဲ့ ဗဟုသုတတွေ ရှာဖွေဖို့အတွက် အသုံးချသူကတော့ လူနည်းစုသာဖြစ်လျက် ရှိပါတယ်။ တကယ်တော့ YouTube ပေါ် မှာ ပညာရပ်ဆိုင်ရာ ဗွီဒီယိုတွေ၊ ဟင်းချက်နည်း၊ ကွန်ပျူတာ ပြုပြင်နည်းလို ချက်ချင်းလက်တွေ့ အသုံးချနိုင်တဲ့ ဗီဒီယိုတွေ၊ သိပ္ပံ၊သမိုင်းစတဲ့ အထွေထွေ ဗဟုသုတဗီဒီယိုတွေ၊ စီးပွားရေးနဲ့ အလုပ်အကိုင်ဆိုင်ရာ ဗဟုသုတတွေ မျှဝေထားတဲ့ ဗီဒီယိုတွေ အများကြီးရှိနေပါတယ်။ ဗီဒီယိုနဲ့တကွ ရှင်းပြထားတာတွေ ဖြစ်တာကြောင့် ကိုယ်သိချင်တဲ့ အကြောင်းအရာ စာချည်းပဲဖတ်တာထက် ပိုပြီးတော့လည်း နားလည်လွယ်မှာပါ။ ဒါကြောင့် YouTube ပေါ်ကနေ ကိုယ့်အတွက်လိုအပ်တဲ့ ပညာနဲ့ ဗဟုသုတတွေ ရှာဖွေနိုင်မယ့်နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကိုယ်သိချင်တဲ့အကြောင်းအရာကို တိတိကျကျဆုံးဖြတ်ပါ

ပထမဆုံးအနေနဲ့ YouTube ပေါ်မှာ ဗီဒီယိုတွေမရှာဖွေခင် ကိုယ်သိချင်တဲ့၊ ရှာဖွေချင်တဲ့ အကြောင်းအရာကို ကိုယ်တိုင် တိတိကျကျ၊ ရှင်းရှင်းလင်းလင်းဖြစ်အောင် ဆုံးဖြတ်ထားဖို့လိုပါတယ်။ ဒါမှသာ ရှာဖွေလိုက်တဲ့အချိန်မှာ သင့်အတွက် အကျိုးရှိမယ့်ဗီဒီယိုကို အချိန်တိုတိုနဲ့ ရှာတွေ့မှာပါ။ အဲဒီလိုမဟုတ်ဘဲ ကိုယ် ဘာသိချင်တယ်ဆိုတာ ကိုယ်တိုင်တောင် သေချာမသိရင် အချိန်တွေကုန်၊ ဖုန်းဘေလ်တွေကုန်ပြီး အကျိုးမရှိ ဖြစ်သွားနိုင်ပါတယ်။

(၂) ရှာဖွေတဲ့ စကားလုံး ရွေးချယ်မှု မှန်ကန်ပါစေ

ကိုယ်သိချင်တဲ့ အကြောင်းအရာကို Search Bar မှာ စကားလုံးတစ်လုံးတည်းရိုက်ပြီးရှာမယ်ဆိုရင် ဆိုင်တဲ့ဗွီဒီယိုတွေရော၊ မဆိုင်တဲ့ဗီဒီယိုတွေပါ အများကြီး ပေါ်လာနိုင်ပါတယ်။ အဲဒီအစား ကိုယ်သိချင်တဲ့ အကြောင်းအရာကို တတ်နိုင်သမျှ တိတိကျကျ စကားလုံးသုံးပြီး ရှာနိုင်မယ်ဆိုရင် ကိုယ်သိချင်တဲ့ အကြောင်းအရာကို မြန်မြန်ဆန်ဆန် ရှာတွေ့မှာပါ။ 

(၃) အင်္ဂလိပ်စာ အရည်အသွေး မြှင့်တင်ပါ

YouTube ပေါ်မှာ ပညာရပ်ဆိုင်ရာနဲ့ အထွေထွေ ဗဟုသုတ ဗီဒီယိုတွေ အများကြီးရှိတယ် ဆိုပေမယ့် အများစုက အင်္ဂလိပ်ဘာသာနဲ့ ဖြစ်ပါတယ်။ သင့်အနေနဲ့ ရှာဖွေတဲ့နေရာမှာလည်း အင်္ဂလိပ်လို ရေးသားရှာဖွေမှသာ ကိုယ်သိချင်၊ လေ့လာချင်တဲ့နယ်ပယ်ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်မှာပါ။ အင်္ဂလိပ်မဟုတ်တဲ့ တခြားဘာသာစကားပြောနဲ့ တင်ထားတဲ့ဗီဒီယိုတွေဆိုရင်တောင် အများစုက အင်္ဂလိပ်စာတန်းထိုးထားတဲ့အတွက် အင်္ဂလိပ်လို ရေးနိုင်၊ ဖတ်နိုင်မယ်ဆိုရင် သင့်ရဲ့လေ့လာနိုင်မှုစွမ်းရည်က အများကြီးတိုးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အင်္ဂလိပ်စာ အရည်အသွေးက ရေးနိုင်၊ဖတ်နိုင်ဆိုတဲ့အဆင့်လောက် ရှိထားဖို့တော့လိုပါတယ်။

ဒီအချက်တွေကတော့ YouTube ပေါ်ကနေ အသိပညာနဲ့ ဗဟုသုတတွေ ရှာဖွေနိုင်ဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီလို YouTube ဗီဒီယိုတွေကို ကိုယ့်ဘဝအတွက် အကျိုးရှိဖို့ ကြည့်ရှုကြရမှာ အင်တာနက်ဖိုးတွေ အများကြီးမကုန်ဘဲ ကုန်ကျစရိတ် သက်သာပြီး အင်တာနက်လိုင်းလည်း မြန်ဆန်တဲ့ အစီအစဉ်တစ်ခုကိုလည်း ပြောပြချင်ပါသေးတယ်။

အဲဒါကတော့ မြန်မာနိုင်ငံရဲ့ အကျယ်ပြန့်ဆုံးနဲ့ လိုင်းဆွဲအား အတည်ငြိမ်ဆုံး 4G ကွန်ရက်ကို ပိုင်ဆိုင်ထားတဲ့ Ooredoo ရဲ့ဒေတာလိုက်ပွဲ အစီအစဉ်ပါပဲ။

ဒေတာလိုက်ပွဲ အစီအစဉ်ဟာဆိုရင် ကိုယ်ဝယ်ယူတဲ့ ဒေတာပမာဏအလိုက် ဒေတာအပိုလက်ဆောင်တွေ ရရှိပြီး သုံးစွဲခွင့်သက်တမ်းကလည်း ရက်ပေါင်း ၃၀ ထိ ရရှိနိုင်တာကြောင့် သက်တမ်း အရှည်ဆုံး ဒေတာအပိုလက်ဆောင်ရတဲ့ ဒေတာအစီအစဉ်ပဲ ဖြစ်ပါတယ်။ အူရီဒူးရဲ့ ဒေတာလိုက်ပွဲ အစီအစဉ်ဟာ ရရှိတဲ့ဒေတာတွေကို အင်တာနက် အသုံးပြုမှု အားလုံးအတွက် အသုံးပြုနိုင်တဲ့ အားသာချက်အပြင် အချိန်မရွေး သုံးစွဲခွင့်ရှိတဲ့ အားသာချက်လည်း ရှိတာကြောင့် အင်တာနက်ဒေတာ များများသုံးစွဲဖို့ လိုအပ်သူတွေ၊ သုံးစွဲလေ့ရှိသူတွေအတွက် အထူးသင့်လျော်တဲ့ ဒေတာ အစီအစဉ်တစ်ခုပါပဲ။

ဒေတာလိုက်ပွဲ အစီအစဉ်နဲ့ဆိုရင် 1MB ကိုမှ ၁ ကျပ်ခွဲဝန်းကျင်သာ ကျတာကြောင့် လက်ရှိ Internet Package တွေထဲမှာ အသက်သာဆုံးနှုန်းထားနဲ့ Package တစ်ခုပဲဖြစ်ပါတယ်။
ဒေတာလိုက်ပွဲ အစီအစဉ်ကို ဝယ်ယူချင်တယ်ဆိုရင်တော့ *140# ကိုနှိပ်ပြီး နှစ်သက်ရာ ဒေတာပမာဏကို ရွေးချယ်ဝယ်ယူရုံပါပဲ။