News

POST TYPE

ADVERTORIAL

အရေးတကြီး ဖုန်းဆက်ဖို့ လိုနေတဲ့အချိန် ဖုန်းဘေလ် မရှိတော့တဲ့အခါ ဖြေရှင်းနိုင်မယ့် နည်းလမ်း ၃ ခု
27-May-2018

ဖုန်းဘေလ်ဆိုတာ ပဒေသာပင် မဟုတ်တဲ့အတွက် လူတိုင်း ကုန်တတ်ပါတယ်။ အဲဒီလို ဖုန်းဘေလ် ကုန်တဲ့အချိန်ကလည်း အချိန်၊ နေရာမရွေး ကုန်တတ်တာကြောင့် တစ်ခါတလေ ဖုန်းဘေလ်ဖြည့်ဖို့ ဘယ်လိုမှ အဆင်မပြေတော့တဲ့ အခြေအနေမျိုးမှာ ဘေလ်ကုန်သွားပြီး အရေးတကြီး ဖုန်းဆက်စရာကလည်း ရှိနေတယ်ဆိုရင် အတော်လေး ဒုက္ခရောက်ရတတ်ပါတယ်။ အူရီဒူး ဖုန်းသုံးစွဲသူတွေအတွက် အဲဒီလိုကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့အချိန်မှာ ဖြေရှင်းနိုင်မယ့် နည်းလမ်း ၃ ခုအထိ ရှိပါတယ်။

(၁) အူရီဒူး ကြိုသုံး

ဒါကတော့ တော်တော်များများ သိထားပြီးသား ဝန်ဆောင်မှုပါ။ ဖုန်းဘေလ် ကုန်သွားတဲ့အချိန်မှာ ဖုန်းဘေလ်ဖြည့်ဖို့ကလည်း အဆင်မပြေ ဖြစ်နေတယ်ဆိုရင် *125# ကို ခေါ်ဆိုလိုက်ရုံပါပဲ။ ဒါဆိုရင် ရက် ၃၀ အထိ အသုံးပြုနိုင်တဲ့ ဖုန်းဘေလ် ၈၀၀ ကျပ်ကို ချေးယူရရှိမှာဖြစ်ပြီး သင်ဖုန်းဘေလ်ပြန်ဖြည့်တဲ့အချိန်ကျမ ှသင့်ရဲ့ ဖုန်းဘေလ်ထဲကနေ ဝန်ဆောင်ခနဲ့တကွ ပြန်ဖြတ်သွားမှာပါ။ ကြိုသုံးဝန်ဆောင်မှုကို ရယူဖို့အတွက်သင့်ရဲ့ ဖုန်းဘေလ်က ၂၀၀ ကျပ်၊ ဒါမှမဟုတ် ၂၀၀ ကျပ်အောက် ရောက်ရှိနေဖို့ လိုပါတယ်။

(၂) Top Me Up

ကိုယ့်မှာ Miss Call ပေးဖု့ိ၊ မက်ဆေ့ချ်ပို့ဖို့လောက်တောင် ဖုန်းဘေလ် မရှိတော့ဘူး။ ကြိုသုံးဝန်ဆောင်မှုကိုလည်း ယူထားပြီးသားဖြစ်နေလို့ ထပ်ယူလို့ မရတော့ဘူးဆိုရင် ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်း၊အသိမိတ်ဆွေတွေဆီကနေ ဖုန်းဘေလ်ဖြည့်ပေးဖို့ တောင်းဆိုရန်အတွက် Top Me Up ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါတယ်။ Top Me Up တောင်းဆိုမှု ပေးပို့ဖို့အတွက် *126* ဖုန်းဘေလ်ဖြည့်ပေးရန်တောင်းဆိုလိုသည့် ဖုန်းနံပါတ် * ဖုန်းဘေလ်ပမာဏ # ကို နှိပ်ရပါမယ်။ ဒီဝန်ဆောင်မှုအတွက် ဝန်ဆောင်ခ အခမဲ့ဖြစ်ပြီး အနည်းဆုံး ဖုန်းဘေလ် ၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်အထိ တောင်းဆိုလို့ ရပါတယ်။

(၃) Call Me Back

ကြိုသုံးကလည်း ယူထားပြီး ပြန်မဆပ်ရသေးဘူး။ ဖုန်းဘေလ်ဖြည့်ခိုင်းစရာလူလည်း မရှိဘူးဆိုရင်တော့ ကိုယ်ဖုန်းဆက်ရမယ့်လူကို ကိုယ့်ဆီ ဖုန်းခေါ်ခိုင်းဖို့အတွက် Call Me Back ဝန်ဆောင်မှုက အဆင်ပြေစေမှာပါ။ Call Me Back ဆိုပြီး တောင်းဆိုဖို့အတွက်က တကယ့်ကို လွယ်ကူပါတယ်။ *122*ကိုယ်ပြန်ခေါ်ခိုင်းချင်တဲ့သူရဲ့ ဖုန်းနံပါတ်# လို့နှိပ်ပြီး ဖုန်းခေါ်တဲ့ခလုတ်ကို နှိပ်လိုက်ရုံပါပဲ။
ကဲ ... ဒီလောက်ဆိုရင် အူရီဒူး အသုံးပြုသူတွေအနေနဲ့ ဖုန်းဘေလ် အခက်အခဲဖြစ်လို့ ကျဉ်းထဲကျပ်ထဲ ရောက်နေချိန်တွေကို အဆင်ပြေပြေ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။