News

POST TYPE

ADVERTORIAL

အူရီဒူးကနေ့စဉ်ပေးနေတဲ့ ၅၀ ရာခိုင်နှုန်းအထိ ငွေဖြည့်အပိုလက်ဆောင်တွေရရှိဖို့ဆိုရင်
26-May-2018 tagged as အူရီဒူး


မြန်မာနိုင်ငံရဲ့ အကျယ်ပြန့်ဆုံးနဲ့ လိုင်းဆွဲအား အတည်ငြိမ်ဆုံး 4G ကွန်ရက်ကို ပိုင်ဆိုင်ထားတဲ့ ဆက်သွယ်ရေး အော်ပရေတာ အူရီဒူးမြန်မာကနေပြီး နေ့စဉ် ၅၀ ရာခိုင်နှုန်းအထိ ငွေဖြည့်အပိုလက်ဆောင်တွေကို မေလ ၁ ရက်နေ့ကစပြီး ပေးနေပါတယ်။

ဒီတစ်ခါပေးတဲ့ ငွေဖြည့်လက်ဆောင် ပရိုမိုးရှင်းက ဘယ်နေ့မှဖြည့်မှ၊ ဘယ်နည်းလမ်းနဲ့ငွေဖြည့်မှ ဆိုတဲ့ကန့်သတ်ချက်တွေမရှိဘဲ ကြိုက်တဲ့နေ့မှာ၊ ကြိုက်တဲ့နည်းလမ်းနဲ့ ငွေဖြည့်ပြီး ရယူနိုင်တာကြောင့် အရင်ပရိုမိုးရှင်းတွေနဲ့မတူဘဲ ထူးခြားတယ်လို့ ဆိုရမှာပါ။

နောက်ပြီး ဖုန်းဘေလ်ဘယ်နှစ်ကြိမ်ပဲဖြည့်ဖြည့် ဖြည့်တဲ့အကြိမ်တိုင်းအတွက် ငွေဖြည့် အပိုလက်ဆောင်တွေ ရရှိမှာဆိုတော့ ဖုန်းဘေလ် ဘယ်လောက်ဖြည့်ဖြည့် လောက်တယ်လို့ကို မရှိဘူးဆိုတဲ့သူတွေအတွက် အူရီဒူးရဲ့ ဒီ ၅၀ ရာခိုင်နှုန်းအထိ ငွေဖြည့် အပိုလက်ဆောင်တွေ ရရှိနိုင်တဲ့ ဒီပရိုမိုရှင်းက တကယ့်ကို သတင်းကောင်းတစ်ခုပါပဲ။

ရရှိလာတဲ့ငွေဖြည့် အပိုလက်ဆောင်တွေကို အူရီဒူး ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုဖို့ ၊ SMS ပို့ဖို့အပြင် သုံးသလောက်ပေး အင်တာနက် Pay As You Go Internet တို့အတွက် အသုံးပြုနိုင်ပြီး အသုံးပြုခွင့် သက်တမ်းက ၃ ရက်ရရှိမှာပါ။

အူရီဒူးက နေ့စဉ်ပေးနေတဲ့ ဒီ ၅၀ ရာခိုင်နှုန်းအထိ ရရှိနိုင်တဲ့ငွေဖြည့် အပိုလက်ဆောင်ကိုရယူဖို့ဆိုရင် ငွေမဖြည့်ခင်မှာ *234# ကိုခေါ်ဆိုပြီး ကိုယ်ရမယ့် ငွေဖြည့်အပိုလက်ဆောင် ဘယ်လောက်ရာခိုင်နှုန်း ရရှိမယ်ဆိုတာကို အတည်ပြုဖို့လိုမှာပဲ ဖြစ်ပါတယ်။

ငွေမဖြည့်ခင် *234# ကို မခေါ်ခဲ့ရင်တော့ ငွေဖြည့် အပိုလက်ဆောင် ၅၀ ရာခိုင်နှုန်းအထိ ရရှိမယ့်အခွင့်အရေးကို မရနိုင်တာကိုတော့ သတိပြုစေချင်ပါတယ်။